CNF ငြိမ်းချမ်းရေး သဘောတူညီချက် ရှင်းလင်းပွဲ ချင်း လူထု ၅၀၀ ခန့်တက်

CNF ငြိမ်းချမ်းရေး သဘောတူညီချက် ရှင်းလင်းပွဲ ချင်း လူထု ၅၀၀ ခန့်တက်
by -
ခိုနူမ်းထုန်

ချင်းအမျိုးသားတပ်ဦး CNF ၏ ဒုတိယအကြိမ်ပြည်ထောင်စုအဆင့် သဘောတူညီချက် ရှင်းလင်းပွဲသို့ ရန်ကုန်ရှိ ချင်း နိုင်ငံရေး ပါတီများ၊ ဘာသာ ရေးအဖွဲ့ အစည်းများ၊ မိဘပြည်သူများ ၅၀၀ ခန့်တက် ရောက်ခဲ့ ကြသည်။

ရှင်းလင်းပွဲကို ဒီဇင်ဘာလ (၁၁) ရက်နေ့ မွန်းလွဲ ၂ နာရီမှ ၄ နာရီအထိ ရန်ကုန်မြို့ Myanmar Institute Theological Hall တွင် ပြုလုပ်ကြသည်။

ရှင်းလင်းပွဲ အဖွင့် အမှာစကားကို CNF အထွေထွေအတွင်းရေးမှူးချုပ် ပူးဇင်ကျုံးက၄င်း၊ ဒီမိုကရေစီ ရေးဆိုင်ရာကို အဓိပတိ ကောင်စီဝင် ဆလိုင်းကစ်ခိုလျန်က၄င်း ၂၇ ချက်ပါ ငြိမ်းချမ်းရေး သဘောတူညီချက်ကို အဓိပတိကောင်စီဝင် ပူးသောမတ်စ် ထန်နိုးတို့က ရှင်းလင်းပြောကြား ခဲ့ကြသည်။

ချင်းအမျိုးသားတွေရဲ့ အားထုတ်မှုနဲ့ ပြည်ထောင်စုအစိုးရ၊ ၂၀၁၀ နိုင်ငံရေးပါတီများရဲ့ ကြိုးပမ်း မှုကြောင့်သာ ယခုလို တွေ့ ဆုံနိုင်တာဖြစ်ကြောင်း CNF အနေနဲ့  အစိုးရနဲ့ တွေ့ဆုံဆွေးနွေး တဲ့နေရာမှာ မိမိတို့ ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် သုံးရပ်၊ UNFC ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် (၆) ချက်ကို လက်ကိုင်ပြုပြီး ဆွေးနွေးနေ တာဖြစ်ကြောင်း ပူးဇင်ကျုံးက ပြောသည်။

ချင်းအမျိုးသားနေ့၊ ချင်းပြည်နယ်နေ့နဲ့ပါတ်သက်ပြီး အစိုးရနဲ့ သဘောတူထားမှုအပေါ် အထူး ၀မ်းမြောက်ဝမ်းသာဖြစ်ကြောင်း အလားတူ ချင်းယဉ်ကျေးမှုရိုးရာပွဲတော်ဖြစ်သည့် ခွါဒိုပွဲ ကိစ္စကိုလည်း အစိုးရနဲ့ ဆွေးနွေး ပွဲမှာ ထည့်သွင်း ဆွေးနွေးဖို့ Chin Progressive Party အတွင်းရေးမှူး Pu Daithung က တင်ပြသွားသည်။

ထို့အပြင် CNF ငြိမ်းအဖွဲ့သည်  88 Generation Student မှ ဦးကိုကိုကြီး၊ ဦးဌေးကြွယ်၊ ကိုဂျင်မီတို့နဲ့လည်း တွေ့ဆုံ ခဲ့ကြသည်။

“အဓိက တန်းတူရေး၊ ပြည်ထောင်စုအရေးမှာ နှစ်ဖက်သဘောထားဆန္ဒတူညီကြပါတယ်၊ လက်ရှိ နိုင်ငံရေး ဖြစ်စဉ် ကို ပြည် သူလူထု တရပ်လုံး ချပြဖို့ တာဝန်ရှိကြောင်း လည်း ဆွေးနွေးကြပါတယ်၊  88 အဖွဲ့အနေ ဖြင့် ချင်းတောင်ကို တက်လာဖို့ ပြင်ဆင်ထား တဲ့ အပေါ် လှိုက်လှိုက်လှဲလှဲကြို ဆိုပါတယ်”  ဟု အထွေထွေ အတွင်းရေးမှူးချုပ်- ၁ ပူးပေါလ်ဆီထာ က ပြောသည်။

88 Generation Student သည် ယခုနှစ် ဒီဇင်ဘာ ၁၃ ရက်နေ့တွင် နှစ်နှစ် ပြည့်တော့မည်ဖြစ် သည်၊ အဓိကအားဖြင့်  Peace and Open Society ကို အဓိက လုပ်ဆောင် အကောင်အ ထည်ဖော်နေ ကြသည်။

ထို့အပြင် ယနေ့ ငြိမ်းအဖွဲ့သည် ယနေ့တွင် UNLD ခေါင်းဆောင်များ၊ ချင်းစာပေနဲ့ ယဉ်ကျေးမှုကော်မီတီ နှင့် နို်င်ငံ တကာ သံရုံးများနှင့် တွေ့ဆုံကြကြောင်း  သိရသည်။