အစိုးရက ချင်းပြည်ဖွံ ့ဖြိုးရေးနှင့် ကျမ်းမာရေးစောင့်ရှောက်မှုလုပ်ငန်း တိုးမြှင့်မည်

အစိုးရက ချင်းပြည်ဖွံ ့ဖြိုးရေးနှင့် ကျမ်းမာရေးစောင့်ရှောက်မှုလုပ်ငန်း တိုးမြှင့်မည်
by -
ခိုနူမ်းထုန်

မြန်မာနိုင်ငံ အစိုးရ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးလှထွန်း၊ ဦးအုန်းမြင့်နှင့် ဒေါက်တာ ဖေသက်ခင်တို ့သည် ချင်းပြည်နယ် ၀န်ကြီးချုပ်နှင့်တွေ ့ဆုံစဉ် ချင်းပြည်နယ် ဖွံ ့ဖြိုးရေးနှင့် ကျမ်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ တို ့မြင့်ရန် ဆွေးနွေးကြသည်။

အောက်တိုဘာလ ၉ ရက်နေ ့က ချင်းပြည်နယ်မြို ့တော် ဟားခါးရှိ မြို့တော်ခန်းမတွင်ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က ချင်းပြည်နယ် ဆင်းရဲမှုလျော့ချ နိုင်ရေးနှင့် တဦးချင်းဝင်ငွေ တိုးတက်စေရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းက အဓိက ဖြစ်ကြောင်း ပြောကြားသည်ဟု ယနေ့ထုတ် အစိုးရပိုင် ကြေးမုံသတင်းစာတွင် ဖေါ်ပြထားသည်။

ထို့အပြင် နွားနောက်မွေးမြူရေးလုပ်ငန်း ဆောင်ရွက်သူများအတွက် သိပ္ပံနည်းကျမွေးမြူရန် လိုကြောင်း၊ မွေးမြူရေးလုပ်ငန်းကို တိုးတက်မွေးမြူနိုင်ရန်အတွက် အရင်းအနှီးရရှိရန်နှင့် ထွက်ကုန် များကို စျေးကွက်ရရှိရန်လိုကြောင်း၊ ထို ့အတွက်လည်း မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနက ကူညီ သွားမည်ဟု ပြောဆိုကြောင်း သိရသည်။

အလားတူ နွားနောက်မွေးမြူရေးလုပ်ငန်းကို တိုးချဲ့လုပ်ကိုင်ပြီး ထွက်ရှိသည့် အသားများကို စည်သွတ်ဘူး စက်ရုံများတည်ဆောင်၍ ပြည်ပသို ့တင်ပို ့ရောင်းချနိုင်သည်အထိ ကြိုးစားဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဦးအုန်းမြင့်က ပြောကြားသည်ဟု အဆိုပါသတင်းစာတွင် ဖေါ်ပြထားသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေသက်ခင်ကလည်း ကျမ်းမာရေးလုပ်ငန်းများကို တိုးချဲ့ လုပ်ကိုင်နေကြောင်း ထို ့အတွက် လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး သွားလာရေးခက်ခဲနေ သည့် ဒေသများအပါအဝင် တနိုင်ငံလုံးအတွက် ကျမ်းမာရေးဝန်ထမ်းများ တိုးချဲ့ခန် ့အပ်ပြီး ဖြစ်ကြောင်း ပြောကြားသည်ဟုသိရသည်။

ထို ့နောက် ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ချင်းပြည်နယ် ဖွံ့ဖြိုးရေးအတွက် လက်ဘက်ပင် စိုက်ပျိုးရေးကို တိုးချဲ့ လုပ်ကိုင်ရန်လိုကြောင်း၊ ယင်းအတွက် ရင်းနှီးမြုပ်နှံမှုများ ချင်းပြည်နယ် အတွင်း ၀င်ရောက်လာတော့မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ထပ်မံသိရသည်။

ဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို ့မိမြို ့ဖများနှင့် ဒေသခံ စိုက်ပျိုးရေးလုပ်ငန်းရှင် များတက်ရောက်ခဲ့ကြသည်။

ချင်းပြည်နယ် ၀န်ကြီး ဦးဟုန်းငိုင်အပါအဝင် ပြည်ထောင်စုဝန်ကြီးများသည် ဟားခါး- ဖလမ်း- ကလေး- လမ်းအခြေအနေ၊ လမ်းတလျှောက်ရှိ ကျေးရွာများ၏ ဖွံ ့ဖြိုးတိုးတက်မှု အခြေအနေများ ကိုမော်တော်ယာဉ်ဖြင့် ကြည့်ရှုခဲ့ကြကြောင်း သိရသည်။