ပြီးခဲ့တဲ့ စက်တင်ဘာ နောက်ဆုံးပတ်အတွင်း CNF ပါတီစည်းရုံးရေးဌာနနှင့် နိုင်ငံခြားရေးဌာန အတွင်းရေးမှူး Salai Thlahei သည် မလေးရှားရောက်ချင်းပြည်သူများနှင့် သွားရောက်တွေ့ ဆုံခဲ့သည်ဟု သိရသည်။
Salai Thlahei သည် မလေးရှားရောက်ချင်းပြည်သူများအား တောင်ကြော၊ မျိုးနွယ်စု အလိုက်ဖွဲ့ စည်းထားသည့် အသင်း အဖွဲ့များအားလုံးနှင့် တွေ့ဆုံခဲ့ပြီး CNF ၏ ပေါ်လစီ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပါတ်သက်ပြီး ရှင်းလင်းမှု ပြုလုပ်ခဲ့ ကြောင်း သတင်းရရှိသည်။
“ မလေးရှားနိုင်ငံဆိုင်ရာ CNF Regional Committee ဖွဲ့စည်းဖို့အတွက် ၉ မြို့နယ်မှ ကိုယ်စားလှယ်တွေနဲ့ မျိုးနွယ်စု အသီးသီးစီမှ ကိုယ်စားလှယ်တွေကို ရွေးချယ်စေလွှတ်စေပြီး ဆက်လုပ်သွားဖို့ စီစဉ်ထားပါတယ်” ဟု Salai Thlahei က ပြောသည်။
မြို့နယ်အသီးသီးအပြင် Asho, Mizo, Dai, Zotung, Mara, Lautu, Senthang, Zophei မျိုးနွယ်တွေ အသီးသီးပါ၀င်ပြီး Regional Committee ဖွဲ့စည်းရေးကို လုပ်ဆောင်သွားဖို့ စီစဉ်သည်ဟု ဆက်ဆိုသည်။
ကော်မီတီဖြစ်မြောက်ရေး လုပ်ငန်းအကောင်အထည်ဖော်ဆောင်မည့် သူများကို အောက်ပါ အတိုင်းရွေးချယ် လိုက်ကြောင်း ထပ်မံသိရသည်။
Lalsiammawi , Coordinator ( Thantlang ), Saya Johan, Assist Coordinator (Mindat), Saya PaThang, Member ( Matupi), Saya Williams, Member ( Asho Chin), Saya VanCinThawng, Member ( Lautu).
“ဘယ်နေရာ၊ ဘယ်ဒေသပဲရောက်ရောက် ကိုယ့်အမျိုးသားရေးအတွက် ကျရာတာဝန်ထမ်းဖို့ အယောက် တိုင်းမှာ တာဝန်ရှိ ပါတယ်၊ CNF ဟာ ကိုယ့်အမျိုးသားတွေ ကိုယ့်အခွင့်အရေးပြန်ရဖို့ တော်လှန်တိုက်ပွဲ ၀င်နေတာကို ကူညီဖို့က အလုံးမှာ တာဝန်ရှိတယ်” ဟု Lalsiammawi က ပြောသည်။
လေ့လာချက်များအရ မလေးရှားနိုင်ငံတွင် ချင်းလူမျိုး လေးသောင်းကျော်ရှိမည်ဟု ခန့်မှန်း ရကြောင်း ထို့ အပြင် CNF သည် ပြည်ပ နိုင်ငံ ၁၁ နိုင်ငံတွင် ဒေသဆိုင်ရာ CNF Regional Committee များကို ဖွဲ့စည်းခဲ့ပြီး ဖြစ်သည်။