ချင်းပြည်နယ်အစိုးရက ပြည်တွင်းပြည်ပထောက်ပ့ံမှုများဖြင့် ချင်းပြည်နယ်အတွင်း ၀ ဥ အထူးစိုက် ပျိုးရေးဇုန်များအား သင့်တော်သည့် နေရာများတွင် အကောင်အထည်ဖော်ရန် စီမံဆောင်ရွက် လျက်ရှိသည်ဟု ကြားသိရသည်။
စက်တင်ဘာလ ၅ ရက်နေ့ အမျိုးသားလွှတ်တော်အစည်းအဝေး (၃၉) ရက်မြောက်တွင် ချင်းပြည် နယ်မဲဆန္ဒနယ် အမှတ်( ၄) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ပူး စတီဗင်ထာဘိတ် ၏ မေးမြန်းချက်ကို လယ်ယာ စိုက်ပျိုးရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးအုန်းသန်းက ယခုလို ဖြေကြားကြောင်း စက်တင်ဘာ ၆ ရက်နေ့ထုတ် ကြေးမုံသတင်း စာတွင် ဖော်ပြ ထားသည်။
မြန်မာနိုင်ငံတွင် တတိယအမြင့်ဆုံးတောင်ဖြစ်သည့် ချင်းပြည်နယ်၊ နတ်မတောင် ( ခိုနုမ်းထုန်တောင်) အမျိုးသား ဥယာဉ် အတွင်း နှင့် ပတ်ဝန်းကျင် ဒေသရှိ ကျေးရွာ ၄ ရွာ အား စံပြကျေးရွာသတ်မှတ်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနက ၀ ဥ မျိုးများကို ၂၀၁၀ ခုနှစ်ကတည်း က ဖြန့်ဝေပြီး ဧက ၅၀ စိုက်ပျိုး နေ ကြောင်း သိရသည်။
ချင်းပြည်နယ်အစိုးရသည် တွန်းဇံမြို့နယ်အတွင်း ၀ ဥ တဧက ကျပ်ငွေ ရ သိန်း၊ မြောက်ငိုခင်း (Zawngta) ခင်းအတွက် တဧက ကျပ်ငွေ ၄ သိန်း နှုန်းဖြင့် ထုတ်ချေးဖို့ ပြီးခဲ့တဲ့ ဇူလိုင်လ ကတည်းက စာရင်းကောက်ခဲ့သည်။
၀ ဥ၏ ကာလပေါက်စျေးမှာ အစို တပိသာ ကျပ်ငွေ ၃၀၀၊ အခြောက် တပိသာ ကျပ်ငွေ ၁၀၀၀ ဖြစ်ပြီး ချင်းပြည်နယ်တခု လုံး ၀ ဥ မဖြစ်ထွန်းသည့် ဒေသမရှိကြောင်း ၀ ဥ စိုက်ပျိုးသူ မတူပီဒေသခံ တဦးက ပြောသည်။
“ ၀ ဥ က မတည့်တဲ့ မြေမရှိဘူး၊ တောထဲမှာ အလေ့ကျ ပေါက်နေတာဗျ၊ အခု ကျတော် တပိုင်တနိုင်နဲ့ လုပ်နေတယ်၊ ဒါ ပေမဲ့ အစိုးရကတော့ ချေးငွေ ထုတ်ပေးဖို့ အစီအစဉ်မရှိသေး ဘူးလို့ပဲ ပြောကြတယ်” ဟု ပြောသည်။
၀ ဥ စိုက်ပျိုးသူများအနေဖြင့် စိုက်ပျိုးရေးနှင့် သမဝါယမ အသင်းများဖွဲ့စည်းပြီး ချေးငွေများ တင်ပြလာပါက ထုတ်ပေးမည့် အစီအစဉ်ရှိကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန သည်လည်း စပါး၊ မြေပဲ၊ နှမ်း၊ ပဲမျိုးစုံ၊ချည် မျှင်ရှည်ဝါ၊ အစေ့ထုတ်ပြောင်း၊ဆီမုန်ညင်း၊ ဂုံလျှော်၊ ချက်ကြံများအတွက် စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ပေးလာ နိုင်မည်ဖြစ် သည်ဟု ဆက် လက်ဖော်ပြထားသည်။