CNF က လူထုတွေ့ဆုံဆွေးနွေးရေး Organizing Committee ဆက်လက် ဖွဲ့စည်း

CNF က လူထုတွေ့ဆုံဆွေးနွေးရေး Organizing Committee ဆက်လက် ဖွဲ့စည်း
by -
ခိုနူမ်းထုန်

CNF ၏ ဆက်ဆံရေးရုံးစိုက်ရာ ထန်တလန်မြို့တွင် လူထုတွေ့ဆုံဆွေးနွေးနိုင်ရေး Organizing Committee ကို ယခုလ သြဂုတ် ၆ ရက်နေ့က အောင်မြင်စွာ ဖွဲ့စည်းနိုင် ခဲ့ကြောင်း သတင်းရရှိသည်။

ကော်မီတီကို ထန်တလန်မြို့ပေါ်ရှိ နိုင်ငံရေးပါတီများ၊ လူမှု အဖွဲ့အစည်းများ၊ မြို့မိမြို့ဖ၊ ဘာသာရေးအသင်း အဖွဲ့များ ပါ၀င်စေပြီး တဖွဲ့ မှ ၂ ဦးစီ စုစုပေါင်း ၁၂ ဦးဖြင့် ဖွဲ့စည်း ခဲ့ခြင်းဖြစ် သည်ဟု ကြားသိရသည်။

ဆက်ဆံရေးရုံးမှ တာဝန်ရှိများသည် Organizing Committee မဖွဲ့စည်းခင် ထန်တလန်မြို့ ရှိ နိုင်ငံရေးပါတီ များဖြစ်ကြ သည့် USDP, NUP, CNP, NLD ပါတီများ၊ YMCA, မြို့မိမြို့ဖ၊ ဘာသာရေး အသင်းအဖွဲ့မှ ခေါင်းဆောင်များနှင့် တွေ့ဆုံညှိနှိုင်းပြီး ကျစ်လစ်စွာဖွဲ့ စည်း လိုက်ခြင်း ဖြစ်ကြောင်း ပါ၀င်သူတဦးက ဆိုသည်။

“အားလုံးတက်ရောက်သူ အမျိုးသမီး ၁၀ ဦးအပါအဝင် စုစုပေါင်း ၁၆၀ ဦးရှိတယ်၊  တရက် ကို နှစ်ဖွဲ့စီ ခွဲပြီးတွေ့ ဆုံညှိ နှိုင်းပြီးမှ ကော်မီတီကို ဖွဲ့စည်းခဲ့တာ ဖြစ်တယ်၊ အမြင်ချင်းကို ပွင့်ပွင့်လင်းလင်းဆွေးနွေး ဖလှယ်နိုင်ခဲ့ကြ တယ်” ဟု ဆက်ဆံ ရေးရုံး ဒုတိယ တာဝန်ခံ ပူး ဘွေဆုမ်းက ပြောသည်။

ဆက်ဆံရေးရုံးတာဝန် Pu HC Ralhnin က ယခုလို ခေါ်ယူ ဆွေးနွေးခြင်းသည် နိုင်ငံရေး ကိစ္စဆွေးနွေးရန် မဟုတ်ကြောင်း၊ လက်ရှိအစိုးရနဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်အရ ချင်းပြည်သူလူထုနဲ့ လွတ်လပ်စွာ တွေ့ဆုံဆွေးနွေးနိုင်ရေးအတွက် ကမကထပြုပေး မည့် ကော်မီတီပဲ ခေါ်ခေါ် organizing committee ပဲ ခေါ်ခေါ် ဖွဲ့စည်းရေး အတွက်ဖြစ်ကြောင်း ပြော ကြား ခဲ့သည်ဟု သိရသည်။

တက်ရောက်သူများဖက်ကလည်း ကော်မီတီဖွဲ့စည်းတာဟာ အသင့်တော်ဆုံးဖြစ်ကြောင်း၊ စီအဲန်အက်ဖ်အနေဖြင့် လူထုနဲ့ တွေ့ဆုံဆွေးရေးအပြင် ကျေးလက်ဒေသ အထိ နိုင်ငံရေး သင်တန်းများ နဲ့ မြို့တွင်း အရက်သေစာ တားဆီးပေးရေးကို လည်းလုပ်ဆောင်ပေး သင့်ကြောင်း တိုက်တွန်းကြ သည်ဟု ပြောကြသည်။

အလားတူ စီအဲန်အက်ဖ် ဆက်ဆံရေးရုံးစိုက်ရာ မတူပီမြို့တွင်လည်း Organizing Committee ကိုဖွဲ့စည်းပီး ဖြစ်ကြောင်း နှင့် ဖလမ်း၊ ဟားခါးမြို့များတွင်လည်း မကြာခင် ဆက်လက်ဖွဲ့စည်း မှာဖြစ်ကြောင်းကြားသိရ သည်။

Most read this week