ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ် အခြေစိုက် ခိုနုမ်းစုန်ခေါ် ပြည်သူအ ကျိုးဆောင်အဖွဲ့က မြို့နယ်အတွင်း ဌာနဆိုင်ရာ အသီးသီးမှ မတရားသော လုပ်ငန်းဆောင် ရွက်မှု ဖြေရှင်းပေးပါရန် ပြည်နယ် ၀န်ကြီး ချုပ် ထံ သြဂုတ်လ ပထ မ ပတ်အတွင်း တင်ပြကြ သည်ဟု သိရ သည်။
“ ဌာနဆိုင်ရာတွေရဲ့ မတရားတဲ့ လုပ်ရပ်တွေ ပြည်သူတွေ မကျေနပ်တာ တွေ့ရှိရ လို့ ပြည် နယ်ဝန်ကြီးချုပ်က ကွင်း ဆင်းဖြေရှင်းပေးဖို့ တင်ပြတာပါ၊ သူတို့ နာမည်အတိအကျနဲ့ တင်ပြတာပါ ”ဟု ပြောသည်။
ကန်ပက်လက်မြို့နယ်အတွင်း ထက်၊ လယ်၊ မူ ကျောင်းအုပ်ကြီး၊ ကျောင်းဆရာများ က ကောင်းမွန်စွာ စာသင်မပြပဲ မိမိတို့ သီးသန့်ကျူရှင်ကျောင်းသားများအား မေးခွန်းများ ကြိုတင်ပြောခြင်း များပြုလုပ်နေခြင်း၊ UNICEF မှ အခမဲ့ ထောက်ပ့ံသည့် ကျောင်းသုံး စာအုပ်များကို ကျောင်းသားများထံ တအုပ် ကျပ်ငွေ ၆၀၀ ဖြင့် ရောင်း ချနေခြင်း ၊ ကျောင်းပြောင်း လက်မှတ် များ အတွက် ငွေတောင်း ခံနေခြင်းများကို ၀န်ကြီးချုပ်ထံ တင်ပြခြင်းဖြစ်သည်ဟု ကြားသိရသည်။
ထို့အပြင် ဒေသအတွင်း တိုက်နယ်ဆေးရုံမှ ကျန်းမာရေးတာဝန်ခံသည် အစိုးရ မှ ထောက်ပ့ံပေးသော ဆေးဝါးများကို ရောင်းစားပြီး ရက်လွန်ဆေးများဖြင့် ကုသမှုပြု လုပ်နေသည်ဟုလည်း ဆိုကြသည်။
အုပ်ချုပ်ရေးဆိုင်ရာ နှင့် ပါတ်သက်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက မြို့ပေါ်အရှေ့ နှင့် အနောက်ရပ်ကွက် အုပ်ချုပ်ရေး မှူးရွေးချယ်ရာတွင် မြို့မိမြို့ဖ ၅ ဦးကို ခေါ်ယူ လက်မှတ်ရေးထိုးပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး များကို တိုက်ရိုက် ခန့်ထား သည်ဟုလည်း ခိုနူမ်းစုန်ပြည်သူအကျိုးဆောင် အဖွဲ့ ခေါင်းဆောင်က ပြောသည်။
အစိုးရမှ ကန်ပက်လက်မြို့နယ်အတွက် ချပေးသည့်တယ်လီဖုန်းအလုံးရေ ၄၀၀ အနက် ဒေသခံများထံ အလုံး ၈၀ ထံချ ပေးပြီး ကျန် တယ်လီဖုန်းတွေကို ဆောမြို့နယ်၊ မင်းတပ်မြို့နယ်များသို့ ဆက်သွယ်ရေးစာတိုက်မှူး က ရောင်းချခဲ့သည်ဟု ဆက်ဆိုသည်။
မိတ္တူကို ပြည်နယ် လူမှုရေးနှင့် ကယ်ဆယ်ရေး ၀န်ကြီး၊ ကန်ပက်လက်မြို့နယ်အုပ်ချုပ်ရေး မှူး၊ ခရိုင် အုပ်ချုပ်ရေးမှူး နှင့် ကန်ပက်လက်မြို့နယ်မဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးကီးထန်းလွန် တို့အားပေးပို့ကြောင်း သိရ သည်။