ဇူလိုင်လ (၁) ရက်နေ့၊ တနင်္ဂနွေနေ့၊ နေ့လည်က ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့မြို့မရပ် ကွက်ရှိ ဘုန်းကြီး ကျောင်း တွင် ပလက်ဝမြို့၌ ALP ဆက်ဆံရေးရုံး ထားရှိရေးအတွက် ရခိုင် တိုးတက်ရေးပါတီက လူထုစည်းရုံးရေး ပြုလုပ်ကြောင်းဒေသခံ တစ်ဦး ၏ ပြောကြား ချက်အရ သိရသည်။
“ နာမည်တော့ မပြောလိုဘူး၊ လုပ်တာတော့ သေချာတာပေါ့ ” ဟု အမည်မဖော်လိုသူ ဒေသခံ က ပြောသည်။
အတည်မပြုနိုင်သေးသောသတင်းအရ အဆိုပါစည်းရုံးရေးဆွေးနွေးပွဲတွင် တက်ရောက် သူပေါင်း ၂၀ ဦးခန့်တက်ရောက် ခဲ့ကြောင်း ပလက်ဝမြို့တွင် ALP ဆက်ဆံရေးရုံးဖွင့်လှစ်ရန် အလားအလာ များစွာရှိ နေကြောင်း ဒေသခံ တစ်ဦးက သုံး သပ်သည်။
“ ရခိုင်တိုးတက်ရေးပါတီက ဒီ လက်နက်ကိုင်ကိစ္စမှာ စွက်ဖက်နေတာက မဖြစ်သင့်ဘူး၊ ပလက်ဝနယ်က သူတို့နယ် မြေ လည်းမဟုတ်ဘူးလေ ” ဟု ချင်းအမျိုးသားပါတီမှ တွဲဖက် အတွင်းရေးမှူး ဆလိုင်းမျိုးချစ်က ပြောသည်။
ချင်းပြည်နယ် ပလက်ဝမြို ့ပေါ်တွင် Arakan Libration Party (ALP) ဆက်ဆံရေး ရုံးထား ရှိရေး ကိုပြည်ပ ရောက် ခူမီးမျိုးနွယ်စုများမှ ကန် ့ကွက်ကြောင်း ၂၆ ရက်နေ့က ကျင်းပပြုလုပ် သည့် Seminar on setting Liaison office (ALP) in Paletwa တွင်ထုတ်ဖေါ်ခဲ့ပြီးဖြစ် သည်။
ထို့အပြင် အလားတူ ချင်းပြည်နယ်ပလက်ဝမြို့နယ်တွင်လည်း ခူမီးလူငယ်များက ဆက် ဆံရေးရုံးမထားရှိ ရေး Signature Campaign ပြုလုပ်ကြပြီး နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ထံ ပေးပို့ကြပြီးဖြစ်သည်။
ချင်းပြည်နယ်ပလက်ဝမြို ့တွင် ALP ၏ဆက်ဆံရေးရုံးထားရှိရေးကို ၂၀၁၂ ခုနှစ် ဧပြီလ ပထမ ပတ် အတွင်းပြုလုပ်သည့် ရခိုင်ပြည်နယ်အစိုးရနှင့် ALP တို ့အကြား ပြည်နယ် အဆင့် ဆွေးနွေး ပွဲတွင် သဘော တူလက်မှတ်ရေးထိုးခဲ့ကြသည်။