ချင်းပြည်နယ် တီးတိန်မြို့ပေါ်ရှိ ၅၂၈ စားသောက်ဆိုင်ပိုင်ရှင် မမာမာန်းအား လည်ပင်းညှစ်ကာ ထိုး နှက်ခဲ့သူ စစ်ဘက် ရေးရာ လုံခြံုရေး(စရဖ) တပ်ကြပ် ဇင်ထွေး ကို သက်ဆိုင်ရာ အာဏာပိုင် များထံ မနေ့ကအမှုဖွင့် တိုင် ကြားလိုက် သည်ဟုသိရသည်။
တီးတိန်မြို့အခြေစိုက် စရဖ ရဲဘော် ဇင်ထွေးဆိုသူသည် ဇွန်လ ၂၉ ရက်နေ့က ၅၂၈ စားသောက်ဆိုင် တွင် အကျွေးနဲ့ အရက် ၀ယ်ယူရန် သွားရောက်ကာ ဆိုင်ရှင်က အကြွေးဖြင့် မရောင်းကြောင်း ပြောခဲ့ ရာမှ စကားများကာ ဆိုင်ရှင်အမျိူးသမီးကို လည်ပင်းညှစ်ပြီး ဦးခေါင်း ကို ထိုးနှက်ခဲ့ခြင်းဖြစ်သည်။
ယင်းကိစ္စကို အထက်အရာရှိများမှ အရေးယူပေးရန် ကာယကံရှင်အမျိူးသမီးက တပ်မတော် ကာကွယ်ရေး စစ်ဦးစီးချူပ် ဗိုလ်ချူပ်ကြီး မင်းအောင်လှိုင်ထံ လိပ်မူပြီး ဇူလိုင် ၆ ရက်နေ့က စာရေးသား တိုင်ကြားခဲ့ပြီးဖြစ်ပြီး ယနေ့တွင် တီးတိန်မြို့ပေါ် ရှိ ရဲစခန်းတွင် ထပ်မံ အမှု တိုင်ကြား လိုက်ခြင်းဖြစ် သည်ဟု ထိုးနှက်ခံခဲ့ရသော မမာမာန်းက ပြောသည်။
“ သူတို့ဆရာကြီးက မှာထားတာလေ သူတို့ဆိုရင် အကြွေးမပေးနဲ့လို့မှာထားတာလေ၊ အဲဒါ ကျမကို အဲလောက်တောင် မယုံကြည်ဘူးလား စကားများတာ၊ စကားများတာ စကားနဲ့ပြောရင် ရရဲ့သားနဲ့ လက်သီးနဲ့ လာထိုးတာတို့၊ လည်ပင်းကို လာကိုင်တာ၊ ကျမကိုယ်တိုင်ဖြစ်စေချင် တဲ့အတိုင်း အဖတို့ ကိုပြောပြတာပါ၊ ၂၆၉ ရယ် မြို့နယ်အုပ်ချူပ်ရေးမှူးရယ် ရဲစခန်းရယ် စစ်ဘက်ဆိုင်ရာလုံခြံုရေးရယ်၊ တပ်စွယ်မှူးရယ် ဒီမြို့မှာရှိတဲ့ဟာ ပို့လိုက် တာ’’ ဟု သူမက ပြောသည်။
စရဖ တပ်ကြပ် ဇင်ထွေးသည် တီးတိန်မြို့တွင် တာဝန်ထမ်းဆောင်ရန် ပြည်မဘက်မှ ပြောင်းရွှေ့လာ သည်မှာ ၁ လကျော်ကျော် သာရှိသေးသည်ဟုသိရသည်။
တီးတိန်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမတ်တဦးလည်းဖြစ် ချင်းအမျိူးသားပါတီ ဥက္ကဌ ပူးဇိုဇမ်းက ယင်းအဖြစ်ပျက်မျိူးကို လက်မခံနိုင်ကြောင်း ပြောဆိုသည်။
“တပ်မတော်သားတွေရဲ့ စည်းမဲ့ကမ်းမဲ့ လုပ်တာကိုင်တာတွေက ကျနော်တို့ ငယ်ငယ်ကတည်းက ကြံုတွေ့ခဲ့ ရတဲ့ကိစ္စ ပေါ့ဗျာ အခုထက်ထိ ဒီလိုပြသနာမျိူးဖြစ်တယ်ဆိုတဲ့ဟာကတော့ ကျနော် လက်မခံနိုင်ပါဘူး၊ တပ်မတော်သားဆို တာ စည်းကမ်းရှိရမယ်၊ ရောက်တဲ့နေရာမှာ တိုင်း သူပြည် သားတွေနဲ့ အလျင်းသင့်ပေါင်းသင်းနေထိုင်ရမယ်၊ စော်ကားမော် ကားမလုပ်ရဘူး။ ဗိုလ်ကျစိုးမိုး မှုမရှိရဘူး၊ အတတ်နိုင်ဆုံး ကာကွယ်ပေးရမယ့်ကိစ္စပါ၊ အထူးသဖြင့် မိန်း ကလေးတွေနဲ့ ပတ် သက်လို့ရှိရင် ဒီအတွက်တော့ စိတ်မကောင်းယုံမကဘူး ကျနော်တော်တော်ဒေါသထွက်ပါတယ်’’ ဟု သူကပြောသည်။