မူးယစ်ဆေးဝါး ၁၆၁ ကီလိုနှင့်အတူ မြန်မာနိုင်ငံသားတဦး ဒေလီတွင်ဖမ်းဆီး

မူးယစ်ဆေးဝါး ၁၆၁ ကီလိုနှင့်အတူ မြန်မာနိုင်ငံသားတဦး ဒေလီတွင်ဖမ်းဆီး
by -
ခိုနူမ်းထုန်

မြန်မာနိုင်ငံသားတဦးနှင့် အိန္ဒိယနိုင်ငံသား နှစ်ဦးတို ့သည် မြန်မာနိုင်ငံမှတဆင့် တရုတ်နိုင်ငံသို ့တင်ပို ့ မည့် မူးယစ်ဆေးဝါး ၁၆၁ ကီလိုဂရမ်နှင့်အတူ နယူးဒေလီမြို ့ရဲများက ဖမ်းဆီးခဲ့ကြောင်း သိရသည်။

drugs5_f
မြန်မာနိုင်ငံမှ Thomas Nihmunga, နယူးဒေလီမြို ့တွင်နေထိုင်သူ အိန္ဒိယနိုင်ငံသား Abhinav Singh Chauhan နှင့် မီဇိုရမ်ပြည်နယ်မှ Lalsangpuii တို ့ကို ဇွန်လ ၂၁ ရက်နေ ့တွင် ဒေသခံ ရဲများက ဖမ်းဆီးခြင်းဖြစ်ကြောင်း ယမန်နေ ့ထုတ် Press Trust of India (PTI) သတင်းစာတွင်ဖေါ်ပြ ထား သည်။

ရဲများက Abhinav Singh Chauhan ဆိုသူအား Ephedrine ဆေးလုံး ၁၆၁ ကီလိုဂရမ်ကို အဌားကားနှင့် Guhawati ဖက်သို ့တင်ပို ့ရန် သယ်ဆောင်နေစဉ်ဖမ်းဆီးခြင်းဖြစ်ကြောင်း၊ ယင်းဆေးဝါးများကို မီဇိုရမ် မှတဆင့် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံများတွင် တင်ပို ့ရန်ဖြစ်ကြောင်း သိရသည်။

Chauhan နှင့် လာလ်ဆန်းပူးအီးတို ့ကို ဒေသခံရဲများကထိန်းသိမ်းနေဆဲဖြစ်ကြောင်းနှင့် ၄င်းတို့မှတဆင့်မူး ယစ် ဆေးဝါး ရောင်းဝယ်ဖောက်ကား သူများကို ဆက်လက်စုံစမ်းလျက်ရှိကြောင်း သိရသည်။

၂၀၁၀ခုနှစ် ဇွန်လတွင် အိန္ဒိယနှင့် မြန်မာအစိုးရကိုယ်စားလှယ်များသည် နှစ်နိုင်ငံနယ်စပ် မူယစ်ဆေးဝါး ကုန်ကူးမှု တားဆီးနိုင်ရန် ဆုံးဖြတ်ချက် များချမှတ်ခဲ့ကြသည်။ ဤဆုံးဖြတ်ချက်ကို နှစ်နိုင်ငံ မူးယစ်ဆေးဝါး ဆိုင်ရာ အာဏာပိုင်များက တမူးမြို ့တွင်ကျင်းပသည့် အစည်းအဝေးတွင် ပြုလုပ် ခဲ့ခြင်းဖြစ်သည်။

ယင်းအစည်းအဝေးတွင် မြန်မာနိုင်ငံ စစ်ကိုင်းတိုင်း တမူးမြို ့မှ စခန်းမှူး ဗိုလ်ကြီး အေးမြင့်ကြည်အဖွဲ ့ နှင့် အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်မှ Y Ashokumar Singh မှဦးဆောင်သည့်အဖွဲ ့များတက် ရောက်ခဲ့ကြသည်။

မြန်မာကိုယ်စားလှယ်များက အိန္ဒိယနိုင်ငံထုတ် SOLKUF, BROKUF, BROXID, COLD GO, NAM COLD-L, ACTIPIN, ACTIPHATE, ALPRAZOLAM, LORFAST-D နှင့် PEPTICA စသည့် ဆေး စာရင်းများကို အိန္ဒိယကိုယ်စားလှယ်များထံ ပေးအပ်ခဲ့သည်။ ယင်းဆေးများကို မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးအဖြစ်အသုံုးပြု နေကြောင်း တင်ပြခဲ့ကြသည်။

Most read this week