လေးမြို့ရေကာတာကြောင့် ကျေးရွာပေါင်း ၁၀၀ ကျော် စီးပွားပျက်မည်

လေးမြို့ရေကာတာကြောင့် ကျေးရွာပေါင်း ၁၀၀ ကျော် စီးပွားပျက်မည်
by -
ခိုနူမ်းထုန်

တရုတ်အစိုးရက ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်အတွင်း စီးဆင်းသည့် လေးမြို့မြစ်ပေါ် တွင် ရေအား လျှပ် စစ် အတွက် ဆိုပြီး ရေကာတာအား ဆက်လက်အကောင် အထည်ဖော် ပါက ဒေသခံပြည်သူ ကျေးရွာ ပေါင်း ၁၀၀ ခန့် စီးပွားပျက်မည်ဟု ပြောကြသည်။

တရုတ်အစိုးရသည် ချင်းပြည်နယ်ပလက်ဝမြို့နယ် ကိုဖေချေရွာ အနီးတွင် အမြင့်ပေ ၅၅၀ရှိ မီကာဝပ် ၆၀၀ ရေအားလျှပ်စစ် နှင့် ရခိုင်ပြည် နယ်မြောက်ဦးမြို့နယ် စိုင်းတင်ရွာအနီးတွင် မီကာဝပ် ၉၀ ရေအား လျှပ်စစ်အ တွက် စတင် ပိတ်ဆို့ မှာဖြစ်သည်။

“ တရုတ်က အကျိုးအမြတ် ၉၀ ရာနှုန်း၊ မြန်မာအစိုးရက ၁၀ ရာနှုန်းအကျိုးခံစားမှာဖြစ်တယ် ” ဟု ရေကာတာ ဆန့်ကျင်ရေးအဖွဲ့မှ လူငယ် တဦး က ပြောသည်။

ဒေသခံပြည်သူများသည် မြစ်ကို အားထားပြီး လယ်မြေ၊ ယာမြေ၊ ကိုင်း၊ ဥယာဉ်ခြံများ၊ ရေထွက် ပစ္စည်းများ ဖြင့် အသက်မွေး ၀မ်းကျောင်းပြုကြသည့် အပြင် မြစ်အောက်ပိုင်း ဒေသခံများသည် မြစ်ရေကို သောက်သုံးကြသည်။

“ အခု ရေကာတာအတွက် စက်ကြီးများနဲ့မြေကို တူးဆွနေတဲ့ အတွက် မြစ်ရေတွေ ညစ်ညမ်းနေတော့ ဒေသခံတွေ သောက်ရေအခက်အခဲကြုံရတယ်၊ ငါးတွေ သေနေတယ်”  ဟု ဆက်ပြောသည်။

ဒေသခံပြည်သူများသည် ဒေသထွက် ၀ါးတွေကို တနှစ်လျှင် အလုံးရေ ၁၀ သိန်း- ၁၅ သိန်းအထိ ရေကြောင်း အားဖြင့် ရခိုင်ပြည်နယ်၊ ဘင်္ဂလားနိုင်ငံ အထိ ပို့ပြီး ၀င်ငွေရှာကြသည်။ တနှစ်လျှင် ကျပ် သိန်းပေါင်း ၂၀၀၀ အထိ ၀င်ငွေရရှိကြသည်ဟု ဒေသခံတွေအဆိုအရ သိရသည်။

ရေကာတာ ဆက်လက်မတည်ဆောက်ဖို့ ရခို်င် မြစ်ချောင်းအင်းအိုင် ကာကွယ်ရေးအဖွဲ့က သမ္မတ ဦးသိနး်စိန် ထံ တောင်းဆိုထားသည်။

ဒေသခံပြည်သူများသည် ရေကာတာ ဆိုင်ရာ တာဝန်ရှိများမှ သက်ဆိုင်ရာ အာဏာပိုင်များထံ မဟုတ် မဟပ် တိုင်ကြားခြင်း များပြုလုပ်နေကြ သဖြင့် ကြောက်ရွံ့ ထိတ်လန့်နေကြကြောင်း သိရှိရသည်။

Most read this week