ဥပဒေပညာရှင် ချင်းအမျိုးသား ဒေါက်တာဆလိုင်းငွန်ကျုံးလျန်က ဒီမိုကရေစီနိုင်ငံ တည်ဆောက် ရာတွင် ဘာသာရေးကို အခြေမခံ သင့် ဟု ပြောဆိုလိုက်သည်။
စီအဲန်အက်ဖ် နှင့် လက်ရှိမြန်မာနိုင်ငံအစိုးရ၏ ပထမအကြိမ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး သဘောတူ ညီမှု ရရှိသည့် နောက်ပိုင်း ဇွန်လ ၂ ရက်နေ့က ချင်းပြည်သူ ၁၀၀ ခန့်တက်ရောက် သည့် အမေရိကန် ပြည်ထောင်စု အင်ဒီးယား နားပူးလစ်မြို့သတင်းစာ ရှင်းလင်းပွဲတခုတွင် ယခု လို ပြောကြားခြင်းဖြစ်သည်ဟု သိရသည်။
စီအဲန်အက်ဖ် ၏ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရေး ဒုတိယအဖွဲ့ခေါင်းဆောင် ဒေါက်တာ ဆလိုင်းငွန်ကျူံး လျန်က “ချင်းလဲန်း အား ဘာသာရေးကို အခြေမခံသည့် ပြည်နယ်ဖြစ်စေလိုကြောင်းနှင့် မိမိတို့ချင်းအမျိုးသား တပ်ဦးအနေဖြင့် မည်သည့်ကိုး ကွယ်သည့်ဘာသာကို မဆို ဦးစားပေးခြင်း မပြုလိုကြောင်း” ပြောကြားချက်ကို ချင်းဘာသာရေးခေါင်းဆောင် အချို့က ဒေသ ထွက် သတင်းများစွာတွင် မနှစ်မြို့ကြောင်း ဖေါ်ပြထားသည်။
ဒေါက်တာဆလိုင်းငွန်ကျူံးလျန်က “ဘာသာရေးကို အခြေမခံတဲ့ တိုင်းပြည်” ဒါမှမဟုတ် “Secular State” ထူထောင်သင့် တယ်ဆိုတာကို မပေါက်တဲ့ ဘာသာရေးခေါင်းဆောင် တချို့က ပြောနေ တာပါဗျာ၊ ဒါက စီအဲန်အက်ဖ်ရဲ့ ပေါ်လစီပါ “ ဟု ပြောသည်။
ဆက်လက်ပြီး “ ကိုးကွယ်ဘာသာတခုခုကို အခြေမခံတဲ့ တိုင်းပြည်ရဲ့ အနှစ်သာရ အတိအကျကိုနားမလည် မှု၊ ချင်းဖိုရမ် ကနေ စတုတ္တအကြိမ် ထုတ်ဝေထားတဲ့ အနာဂတ် ချင်းလဲန်း ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းပါ ပုဒ်မ ၂၅ နှင် ၂၆ ကို မဖတ်ရှုမလေ့လာတဲ့ လူနဲစု တချို့ရဲ့အစွန်း ထွက် ပေါက်ကွဲချက်တွေပါ၊ နောင်တ ချိန်ချိန် “Secular State” အနှစ်သာရကို နားလည်လာတဲ့ အချိန်မှာ ယခုလို ဝေဖန်တာမျိုး ရှာတွေ့တော့မှာ မဟုတ်ဘူး” ဟု ပြောသည်။
အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စုအစိုးရနှင့် သဘောတူညီချက်ရယူထားသည့် အချက် ၁၅ ချက်အား ဒေါက်တာဆလိုင်းငွန်ကျူံးလျန်မှ ရှင်းပြပြီး၊ လက်ရှိချင်းပြည်နယ်၏ အနေ အထားနှင့် တွေ့ဆုံဆွေးနွေးမှု ဖြစ်စဉ်များ ကို ဆလိုင်းဒေးနဲာလ်ဆာခေါင်းမှ ရှင်းပြခဲ့ကြောင်း သိရှိ ရပါသည်။
သတင်းစာရှင်းလင်းပွဲကို ချင်းအမျိုးသားတပ်ဦး၏ ဗဟိုတရားသူကြီး ဥက္ကဌ နှင့် မဟာဗျူဟာလေ့ လာရေးဌာန အတွင်း ရေးမှူး ဒေါက်တာဆလိုင်းငွန်ကျူံးလျန်၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဆလိုင်းဒေးနဲာလ်ဆာခေါင်းနှင့် အမေရိ ကန်နိုင်ငံဆိုင်ရာ ချင်းအမျိုသားတပ်ဦး ဒေသ ပါတီကော် မတီ ဥက္ကဌ ဆလိုင်း ကနေဒီတို့မှ ဦးဆောင်ပြီး ပြုလုပ်ခြင်းဖြစ် သည် ဟု သိရသည်။
သမ္မတ သိန်းစိန် အစိုးရနှင့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးဆွေးနွေးပြီးနောက်ပိုင်း CNF သည် ချင်းပြည်နယ်၊ ဟားခါး၊ မတူပီ၊ ထန်တလန်မြို့ များတွင် လူထုနှင့် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ ပြီးဖြစ်သည်။