စီအဲန်အက်ဖ်က ကူးသန်းရောင်းဝယ်ရေးရုံး ဖွင့်

စီအဲန်အက်ဖ်က ကူးသန်းရောင်းဝယ်ရေးရုံး ဖွင့်
by -
ခိုနူမ်းထုန်

ပြည်ထောင်စု အစိုးရနှင့်  ငြိမ်းချမ်းရေး ရယူထားသော ချင်းအမျိုးသား တပ်ဦးက အမှတ် (၂) အိန္ဒိယ – မြန်မာ ကုန်သွယ်ရေး လမ်းကြောင်းပေါ်ရှိ ချင်းပြည်နယ် ရိဒ်ခေါ်ဒါရ် မြို့နယ်ခွဲ အမှတ် (၂) ရပ်ကွက် တီအိုရွာတွင် ကူးသန်း ရောင်းဝယ်ရေးရုံးကို မေလ ၃၀ ရက်နေ့က ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။

ဖွင့်ပွဲအခမ်းအနားသို့ အစိုးရဖက်မှ သက်ဆိုင်ရာ နယ်မြေခံတပ်မတော် ဒုတိယ တပ်ရင်းမှူး၊ ပြည်သူ့ရဲမှူး၊ လူဝင်မှု ကြီး ကြပ်ရေးမှူး နှင့် ဌာန ဆိုင်ရာ အရာရှိများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ဒေသခံ ရပ်မိရပ်ဖများ၊ ဘာသာရေးခေါင်း ဆောင် များ တက်ရောက်ကြပြီး ချင်းအမျိုးသားတပ်ဦးဖက်မှ စီးပွားရေးဌာန အတွင်းရေးမှူး ပူး ရိုခေါမာ နှင့် လက်ထောက် အတွင်း ရေးမှူး ဆလိုင်း ပီတာလျန်တို့ စုစုပေါင်း ၃၀ ခန့်တက်ရောက်ကြောင်း သိရသည်။

လုပ်ငန်းအသေးစိတ်နဲ့ ပါတ်သက်ပြီး ပူး ရိုခေါမာက က “ ၂၀၀၇ စီအဲန်အက်ဖ် ဗဟိုကော်မီတီအစည်း အဝေးက ချင်းပြည်မှာ ဝါးသုဉ်းမှုကြောင့် အစာရေစာခေါင်းပါးမှု ကျရောက်တော့ အိမ်ခွန် မကောက်တော့ဖို့ ဆုံးဖြတ်ခဲ့တယ်။ ခုထိ ပြည်တွင်းမှာ အခွန်ကောက်ဖို့ ပေါ်လစီ မရှိသေးဘူး” ဟု ဖွင့်ပွဲမှာ ပြောခဲ့သည်။

ဆက်လက်ပြီး “ကျတော်တို့ရဲ့ စီးပွားရေးဌါနက အကြောင်းအမျိုးမျိုးကြောင့် မလှုပ်ရှားနိုင်ခဲ့ဘူး။ ၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်း ကနေစပြီးတော့ စီးပွားရေးဌါန အသက်ပြန်သွင်းဖို့ ဆုံးဖြတ်ခဲ့တယ်။ စီးပွားရေးဌါန တိုးတက်ဖို့အတွက်နဲ့ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်တဲ့အနေနဲ့ ရုံးဖွင့်ရခြင်းဖြစ်တယ်။

ရောင်းဝယ်ဖောက်ကားမှု ပြုလုပ်ရာတွင် အဓိကအားဖြင့် လက်နက်ခဲယမ်းများ၊ လက်ရှိအစိုးရမှတားမြစ်ထား သည့် မူးယစ်ဆေးဝါးများမပါ၀င်ကြောင်း ကြားသိရသည်။

စီအဲန်အက်ဖ်၏ စီးပွားရေးဆိုင်ရာ ပေါ်လစီသည် ပြည်သူ့အကျိုးစီးပွားဟာ စီအဲန်အက်ဖ်ရဲ့ အကျိုး စီးပွားဟူ၍ ဖြစ်သည်။