ယမန့်က ကျင်းပသည့် ချင်းပြည်နယ် ပြည်နယ်လွှတ်တော်အထူးအစည်းအဝေးတွင် ချင်းပြည်နယ် အတွင်း မြို့နယ်ခွဲ တိုးချဲ့ဖွဲ့စည်းရေးနှင့် ခရိုင်တိုးချဲ့ဖွဲ့စည်းရေးအဆိုများ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အစည်းအဝေးက ပလက်ဝမြို့နယ်ရှိ ဆမီး အား မြို့နယ်ခွဲအဖြစ် တိုးချဲ့ ဖွဲ့စည်းရန် သဘောတူ ဆုံးဖြတ်လိုက်သည်ဟု သိရသည်။
ယင်းကိစ္စနှင့် ပါတ်သက်ပြီး ပလက်ဝမြို့နယ် မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် အဖြစ်အရွေးခံရသူ လက်ရှိ သစ်တော ရေးရာ ၀န်ကြီး ဦးကျော်ငြိမ်းက ကန့်ကွက်ခဲ့သော်လည်း ဆမီး သည် မြို့နယ်ခွဲ အဖြစ် ဖွဲ့စည်းရန် အချက်အလက် ပြည့်စုံပြီးဖြစ်သောကြောင့် အစည်းအဝေးတက်ရောက်သူ အားလုံး က သဘောတူလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် မတူပီမြို့နယ် မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ပူး ဗန်ကျင်က ယင်းကိစ္စသည် ဆမီး တခုထဲ မဟုတ်ပဲ ချင်းပြည်နယ်အတွင်း မြို့နယ်ခွဲ အဖြစ် သင့်တော်မည့် ရွာများအားလုံး အဆိုတင်စေပြီး ဆွေးနွေးသင့် သည်ဟု တင်ပြခဲ့ သေးသည်ဟု ထပ်မံ သိရသည်။
ထို့အပြင် ချင်းပြည်နယ် ဖလမ်းခရိုင်တွင် ပါ၀င်သည့် မြို့နယ်များအား ခရိုင်ပြန်လည်ဖွဲ့စည်းရေး အတွက် ဟားခါး နှင့် ထန်တလန်အား ခရိုင်တခု၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံ တို့အား ခရိုင်တခုအဖြစ်၄င်း၊ ဟားခါး၊ ဖလမ်း၊ ထန်တလန်အား ခရိုင်တခု၊ တီးတိန်၊ တွန်းဖံ အား ခရိုင်တခုအဖြစ် ဖွဲ့စည်းရန် အဆိုများကို ဆွေးနွေးကြရာ-
ပထမအဆို ဖြစ်သော ဟားခါးနှင့် ထန်တလန်အား ခရိုင်တခု အဖြစ်၄င်း၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံတို့အား ခရို်င် တခုအဖြစ်၄င်း ဖွဲ့စည်းရန် ဆုံးဖြတ်ကြသည်ဟု သိရသည်။