ချင်းအမျိုးသားပါတီမှ ထန်တလန်မြို့နယ်မဲဆန္ဒနယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ပူး လာလ်းမောင်းကျုံးသည် မကြာခင် အမေရိကသို့သွားရောက်ပြီး ချင်းပြည်သူများနှင့် သွားရောက် ဆွေးနွေးမည်ဟု သတင်းရရှိသည်။
“အဓိက က ပြည်နယ်အတွက် ဘာတွေလုပ်ရမယ် ချင်းပြည်သူအတွက် ဘာတွေလုပ်သင့်သလဲ ဆိုတာတွေ ချင်းပြည် သူတွေ၊ ချင်းလူမှုအဖွဲ့အစည်းတွေနဲ့ဆွေးနွေးဖို့ဖြစ်ပါတယ်” ဟု ပြောသည်။
ပူးလာလ်မောင်းကျုံးသည် ပြီးခဲ့သည့် နှစ်က အမေရိက သို့သွားရောက်ပြီး ချင်းပြည်သူလူထုတချို့နှင့် သွားရောက် တွေ့ ဆုံပြီးဖြစ်သည်။
“ ကျတော်အခု ဗီဇာလျှောက်နေတာပါ၊ တကယ်လို့ အမေရိကရောက်ယင် ကိုယ့်ပါတီအတွက် ရှေ့ဆက်သွားရမယ့် ကိစ္စတွေလည်း အိုင်ဒီယာတွေ တောင်းခံမှာဖြစ်တယ် ” ဟု ဆက်ဆိုသည်။
ပူးလာလ်းမောင်းကျုံးသည် ချင်းအမျိုးသားပါတီတွင် ပါတီစီးပွားရေးအတွက် တာဝန်ယူပေးခြင်းခံရသူဖြစ်သည်။
အမေရိကကနေ အပြန်တွင် ရန်ကုန်မြို့ရှိ ချင်းပြည်သူများနှင့် အလုပ်ရုံဆွေးနွေးပွဲတခု ကို ပြုလုပ်သွားမည်ဖြစ်သည်ဟု ပြောသည်။