ယခုလ ၁၃ – ၁၇ ရက်အကြား ရန်ကုန်အခြေစိုက် Myanmar Egress က ကြီးမှူးပြီး စစ်ကိုင်းတိုင်း ချင်း အသိုင်း အဝိုင်းအ တွက် လူမှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အထောက်အကူ ပြုသင်တန်းပို့ချကြောင်း သိရသည်။
သင်တန်းသို့ စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ ချင်းလူမှုအသင်းအဖွဲ့များမှ သင်တန်းသားများပါ၀င်စေပြီး ချင်းတိုး တက်ရေးပါ တီ၊ ကြံ့ဖွံ့၊ အဲန်အယ်လ်ဒီ နှင့် တစည ပါတီများမှ သင်တန်းသား ၁၅ ဦးစီ စုစုပေါင်း ၁၂၀ ဦး တက်ရောက် ခဲ့ သည်ဟု ကြားသိရသည်။
“ ဖေဖေါ်ဝါရီလ၊ ရန်ကုန် နိုင်ငံရေးအလုပ်ရုံဆွေးနွေးပွဲတက်ရောက်တုန်းက ကျတော်တို့ဒေသကို ဆက် လက်ပြုလုပ်ပေးဖို့ တောင်းဆိုချက်အရ ပြုလုပ်ပေးတာဖြစ်တယ်၊ အဓိက ကျတော်တို့ ချင်းတိုင်းရင်း သားတွေအတွက်ပေါ့” ဟု ကလေးမြို့ နယ် ချင်းတိုးတက်ရေး ပါတီဥက္ကဌ ပူး ဗန်ကိမ်းက ပြောသည်။
သင်တန်းဘာသာရပ်တွင်် Team building, 2008 constitution, critical thinking for leadership, state institutions and public policy, communication and advocacy, political economy of the state, civil society and civic engagement, leadership and negotiation, globalization, development and environment, developing effective social organization, civil society forum တို့ပါ၀င်ပို့ချကြောင်း သိရသည်။
သင်တန်းဆရာများမှာ Myanmar Egress မှ Phyu Phyu Thi, Naing Lynn Htun, Thura Zaw, Aung Ko Ko, Thin Za Oo, Thet Aung Lynn တို့ဖြစ်သည်။
သင်တန်းနှင့် ပါတ်သက်ပြီး သင်တန်းသားတဦးက “ နယ်စွန်နယ်ဖျား၊ ကျေးလက်ဒေသတွေအထိ ဆက်ဆက် ပြုလုပ်ပေး သင့်ပါတယ်၊ သင်တန်းဆင်းလက်မှတ်တွေလည်း ပေးအပ်ကြတယ်” ဟု ပြောသည်။
ယခုလိုမျိုးသင်တန်းကို ချင်းပြည်နယ် မြို့တော် ဟားခါးမှာ ယခုလ ၁၉ – ၂၃ ရက်နေ့မှာဆက်လက်ပြု လုပ်မည်ဖြစ် ကြောင်း သိရသည်။
Myanmar Egress မှ ပြုလုပ်သည့် ယခုလိုမျိုး နိုင်ငံရေး၊ လူမှုရေးဆိုင်ရာ သင်တန်းသည် မြန်မာနိုင်ငံ တိုင်းနဲ့ပြည်နယ်များ အတွင်း ဒုတိယအကြိမ်မြောက်ပြုလုပ်ခြင်းဖြစ်ကြောင်း ပထမအကြိမ်သင်တန်းကို ရခိုင်ပြည်နယ်တွင် ပြုလုပ်ကြောင်း သတင်းရရှိသည်။