ချင်းအမျိုးသားတပ်ဦး CNF ၏ တီးတိန်မြို့တွင် ဆက်ဆံရေးရုံးထားရှိမည့်ကိစ္စ တီးတိန် လူထု ရ သောင်းကျော် မှ လက်မှတ် ရေးထိုးထားသော ကန့်ကွက်စာကို ချိုး ( မင်းတပ်) လူငယ်များ အထူးဝမ်းနည်းသည်ဟုသိရ သည်။
“ကျတော်တို့ချိုးလူငယ်တွေအနေနဲ့ တရားဝင်စာ ထုတ်မှာမဟုတ်ဘူး၊ အခုလိုမျိုး အရေးကြီး တဲ့ နိုင်ငံရေး အပြောင်းအလဲ ကာလမှာ ဒီလိုမျိုးလုပ်ရပ်က မဖြစ်သေးဘူးလို့ပဲ ပြောအုံးမယ်” ဟု ချိုးလူငယ်မှ ဆလိုင်း အောင်အောင်က ပြောသည်။
တော်လှန်ရေးအချိုး အကွေ့တခုမှာ ဒီလိုမျိုးဖြစ်ရပ်က လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ ပြည်သူတွေ အနေနဲ့ကြုံတွေ့ ရတာ ပြောစရာတော့ အများကြီးပေါ့ ဟု ဆက်ဆိုသည်။
ကန့်ကွက်စာကို Zomi Rural Development Program မှ ဒါရိုက်တာ Pu Vum Za Nang နှင့် Tedim Youth Fellowship ဥက္ကဌ Pu NungSaingtuang တို့က နေပြည်တော်သို့ သွား ရောက်ပြီး ဖေဖော်ဝါရီ ၂၁ ရက်နေ့က နိုင်ငံတော်သမ္မတ၊ ပြည် သူ့လွှတ်တော် နှင့် အမျိုးသား လွှတ်တော် ဥက္ကဌထံသို့ လိပ်မူကာ ပေးအပ်ခဲ့သည်ဟု Pu NungSiangtuang က ခိုနူမ်းထုန် ကိုပြောသည်။
နိုင်ငံတော် အစိုးရထံ ပေးပို့သော ကန့်ကွက်စာတွင် တီးတိန်၊ တွန်းဇံမြို့နယ် ကြံ့ခိုင်းရေး ပါတီမှ ပြည်သူ့လွှတ်တော် နှင့် အမျိုး သား လွှတ်တော်အမတ် ၅ ဦး နှင့် တီးတိန် ရပ်ကွက် ကြီး(၄)ခု၊ ကျေးရွာ(၂၈) ရွာက ရွာသားများ နှင့် ကျေးရွာ အုပ်ချုပ်ရေး မှူး(၈၃) ဦး တို့က လက်မှတ် ရေးထိုးထားကြ သည်ဟု သိရသည်။
CNF တပ်ဖွဲ့သည် ယခင်က တီးတိန်၊ တွန်းဇံ နယ်တဝက်ရှိ ရွာသားများနှင့် ခရီးသွား သူများထံ အဓမ္မ ငွေကြေးကောက် ခံခြင်း၊ မတရား ဆက်ကြေး ကောက်ခံခြင်း တို့ကြောင့် တီးတိန်မြို့ ပေါ်တွင် CNF ရုံးစိုက် မည်ဆိုပါက မလိုလား အပ်သော ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင် သည်ဟု ကန့်ကွက်စာတွင် ရေးသားထား သည်ဟု သိရသည်။
ဒီကိစ္စနှင့် ပတ်သက်ပြီး CNF အနေဖြင့် တစုံတရာ တုံ့ပြန်ပြောဆိုခြင်းမရှိသေးပေ။