မီဇိုရမ်ပြည်နယ် ကျန်ဖိုင်း ခရိုင် Vaphai ကျေးရွာအုပ်စုရှိ Saikhumphai ကျေးရွာက ချင်းလူမျိုးများ၏ အိမ်ခြေ(၁၇) လုံး ကို ဒေသခံရဲတွေက ဖျက်သိမ်းလိုက်ကြသည်ဟုသိရသည်။
ကျေးရွာမှ မီဇိုရမ်နိုင်ငံစီစစ်ရေး ကဒ်မရှိသောချင်းအိမ်ထောင်စု (၂၀)မှ မိသားစု ဦးရေ ၁၀၀ ခန့်ကို ပြီးခဲ့သည့် ဇန်နဝါရီ ၂၅ ရက်နေ့မတိုင်ခင် ကျေးရွာမှ ထွက်သွားကြရန် ကျန်ဖိုင်းခရိုင် ရဲ နှင့်ဗာဖိုင်း ကျေးရွာလူထုက အသိပေးထားခဲ့ပြီးဖြစ်သည်။ သို ့သော် ထိုအသိပေးချက်ကို မနာခံသည့် အိမ်ထောင်စု များ၏ နေအိမ်ကို ဇန်နဝါရီ ၂၈ ရက်နေ့က ဖျက်သိမ်းလိုက်ကြခြင်းဖြစ်သည်။
“ ပြီးခဲ့တဲ့ စနေနေ့က အိမ်ခြေ ၉ လုံးဖျက်တယ်၊ တနင်္လာနေ့မှာ ၈လုံးထပ်ဖျက်တယ်၊ အားလုံး ၁၇အိမ်ဖျက် တယ်၊ ရွာသား တွေက ရဲဖမ်းမှာကြောက်လို့တောထဲကို အကုန်ထွက်ပြေးကြတယ်” ဟု Saikhumphai ကျေးရွာ နေ ချင်း အမျိုးသားတဦးကပြောသည်။
အိမ်အဖျက်ခံရသော ချင်းလူမျိုးများသည် ရွာမှ ၁ မိုင်ခန့်ဝေးသော တောထဲတွင် မိုးကာ များဖြင့် တဲထိုးပြီး ယာယီ နေထိုင်နေကြရသည်ဟုသိရသည်။
“ ကျနော် သူတို့နေထိုင်တဲ့ တောထဲကို သွားကြည့်တယ်၊ စိတ်မကောင်းစရာဘဲ၊ မကောင်းမှုဒုစရိုက် လုပ်ကြသူတွေ လည်းမဟုတ်ဘူး၊ ရိုးရိုးသား သားနဲ့လုပ်ကိုင်စားသောက်နေကြတဲ့ သူတွေပါ၊ ကျနော် သူတို့ကို စာနာတယ်” ဟု အဆိုပါချင်းအမျိုးသား ကပြောသည်။
သူတို့သည် မြန်မာနိုင်ငံတွင် အိမ်ယာများမရှိကြတော့သည့်အပြင် မြန်မာနိုင်ငံသားစီစစ်ရေးကဒ်လည်း မရှိကြ တော့သည့် အတွက်ကြောင့်မြန်မာနိုင်ငံသို့ မပြန်ရဲကြကြောင်း သူကပြောသည်။
သူတို့သည့် လွန်ခဲ့သည့် ၂၀၀၈ ခုနှစ်နောက်ပိုင်းမှ Saikhumphai ကျေးရွာသို့ ပြောင်းရွှေ့လာကြသူ များဖြစ် ကြပြီး ဗာဖိုင်းကျေးရွာကောင်စီ ၏ ခွင့်ပြုချက်ဖြင့် နေထိုင်ကြသူများဖြစ်ကြသည်။
ဗာဖိုင်းကျေးရွာအုပ်စု၊ Saikhumphai ကျေးရွာသည် အိမ်ခြေ ၆၀ ရှိပြီး အများစုမှာ မြန်မာနိုင်ငံမှ ပြောင်း ရွှေ့လာကြသော ချင်းလူမျိုးများဖြစ်ကြသည်။ ရွာသားတွေက ဗာဖိုင်းကျေးရွာအုပ်စုမှ ခွဲထွက်ပြီး ကျေးရွာ ကောင်စီ သီးသန့်ရရှိရန် ကြိုးပမ်းလာသည့်အတွက် ၂၀၁၀ ခုနှစ်က တကြိမ်အမောင်းထုတ်ခံကြပြီး ၂ လခန့် အကြာတွင် ရွာထဲသို့ပြန် ၀င်လာကြသည့်အတွက်ကြောင့် ယခုကဲ့သို့ ပြန်လည်မောင်းထုတ်ရခြင်းဖြစ်သည်။