ဒေလီရှိ ချင်းပါစတာအပါအဝင် ဒုက္ခသည်နှစ်ဦး ဒေသခံ အိန္ဒိယနိုင်ငံ သားများက နှိပ်စက်

ဒေလီရှိ ချင်းပါစတာအပါအဝင် ဒုက္ခသည်နှစ်ဦး ဒေသခံ အိန္ဒိယနိုင်ငံ သားများက နှိပ်စက်
by -
ခိုနူမ်းထုန်

၁၂ ဇန်နဝါရီလ ၂၀၁၂ ရက်နေ ့ ည ၁၁းဝဝ နာရီခန် ့က အိန္ဒိယနိုင်ငံ မြို ့တော် နယူးဒေလီ၊ Hastal ကျေးရွာနေ ချင်း ပါစတာတစ်ဦးအပါအဝင် ဒုက္ဒသည်နှစ်ဦးအား ဒေသခံအိန္ဒိယအမျိုးသားများက ရိုက်နှက်ခဲ့ကြကြောင်း သိရသည်။

Chin-refugees

ချင်းပြည်နယ်၊ ဖလမ်းမြို ့နယ်၊ Ngalti ကျေးရွာနေ Pu Tha Cung Thang နှင့် Pi Kei Thluai တို ့၏သား Rev. Cung Aung Mang (31)နှင့် Pu Ceu Lian နှင့် Pi Sui Men တို ့၏သား Mr. Hram Mang (18)သည် ၄င်းတို ့နေထိုင်သည့် နေအိမ်၌ ၀င်ရောက်ပြီး ရိုက်နှက်ခဲ့ကြခြင်းဖြစ်သည်။

အခင်းဖြစ်ပွားပြီး မကြာမီ ဒေသခံရဲများရောက်ရှိလာပြီး ၄င်းတို ့၏ လုံခြံုရေးအတွက် ချင်းဒုက္ခသည်နှစ်ဦးကို ရဲစခန်းသို ့ ခေါ်ဆောင်ပြီး နီးစပ်ရာ ဆေးခန်းတွင် ဆေးစစ်မှု ပြုလုပ်ခဲ့ရာ ဦးခေါင်းနှင့် မျက်နှာ ရှိ ဒဏ်ရာများ မပြင်းထန်သဖြင့် ညတွင်းချင်း ပြန်လွှတ်ခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားပုံကို ဒေလီရှိချင်းအမျိုးသားတဦးက” ချင်းဒုက္ခသည် လင်မယား လမ်းလျှောက်ကြတယ်၊ ဒါကို ဒေသခံ အိန္ဒိယအမျိုးသားများက သူ ့မိန်းမကို ခေါ်ဆောင်ဖို ့လုပ်ကြတာ၊ ဒါကို လင်ဖြစ်သူက သူ ့သူငယ်ချင်း တွေကို ပြောပြီး ၀ုိင်းရိုက်ကြတာ၊ မကြာဘူး အိန္ဒိယအမျိုးသားတွေက သူတို ့ လင်မယားကိုရှာရင်း မဆီမဆိုင် သူတို ့ကို ၀ုိင်းရိုက် ကြတာ” ဟုဆိုသည်။

တရားခံအဖြစ် မင်္သကာသူ အိန္ဒိယအမျိုးသားနှစ်ဦးအား ယမန်နေ ့က ဖမ်းဆီးပြီး ရဲစခန်းသို ့ခေါ်သွားကြ ကြောင်း၊ မည်သို့အရေးယူမည်ကို မသိရှိသေးကြောင်း ဆက်ဆိုသည်။

” ကျတော်ကတော့ ရုန်းလို ့ လွတ်သွားတယ်၊ Hram Cung ကို အဓိကရိုက်ကြတာ၊အစကဆို ထတောင် မထနိုင်ဘူး။ ပြီးတော့ ရဲက ကျတော်တို ့ကို လာဖမ်းတာ၊ ရဲသားတဦးကလည်း ကျတော့ကို ကားပေါ် တင်ရင်း ပါးရိုက်သေးတယ်” ဟု Rev. Cung Aung Mang ကဆိုသည်။

၂၀၁၁ခုနှစ် နိုဝင်ဘာလတွင်လည်း ဒေသခံအိန္ဒိယအမျိုးသားများက ချင်းဒုက္ခသည်အမျိုးသမီး (၃)ဦး အပါအဝင် (၄)ဦးအား ရိုက်နှိက်ခဲ့သည်။ ၄င်းအမှုနှင့်ပတ်သက်သည့် အိန္ဒိယအမျိုးသားတဦးအား ရဲများက ဖမ်းဆီးခဲ့သော်လည်း တစ်ည အချုပ်ချပြီး ပြန်လွှတ်ပေးခဲ့သည်။

၂၀၁၀ခုနှစ်မှစပြီး UNHCR မှ လစဉ် ထောက်ပ့ံကြေး ဖြတ်တောက်ချိန်မှ စ၍ ချင်းဒုက္ခသည်များသည် ၄င်းတို ့၏ နေ့စဉ်ဝမ်းရေးအတွက် ကြုံရာအလုပ်များ လုပ်ကိုင်ကြရာ ဒေသခံ အိန္ဒိယအမျိုးသားများ၏ နည်းမျိုးစုံ နှိပ်စက်ခြင်းကိုခံခဲ့ကြရသည်။

ဒေလီတွင် ချင်းဒုက္ခသည်ပေါင်း ၁၀၅၀၀ ခန် ့နေထိုင်ကြပြီး အများအားဖြင့် Hastal, Vikaspuri, Aslatpur, Jeevan park နှင့် Sitapuri ကျေးရွာများတွင် နေထိုင်ကြသည်။