ချင်းတွင်းမြစ်ပေါ်က ထမံသီဆည် စီမံကိန်း ရပ်တန့်ရေး ကူကီးအမျိူးသမီးအဖွဲ့ တောင်းဆို ခိုနူမ်းထုန်သတင်း၊ ၀၉ ဒီဇင်ဘာ ၂၀၁၁ အိန္ဒိယ နှင့် မြန်မာနှစ်နိုင်ငံ အစိုးရကအကောင်အထည် ဖော်နေသည့်
ချင်းတွင်းမြစ်ပေါ်က ထမံသီဆည် စီမံကိန်း ရပ်တန့်ရေး ကူကီးအမျိူးသမီးအဖွဲ့ တောင်းဆို ခိုနူမ်းထုန်သတင်း၊ ၀၉ ဒီဇင်ဘာ ၂၀၁၁ အိန္ဒိယ နှင့် မြန်မာနှစ်နိုင်ငံ အစိုးရက အကောင်အထည်ဖော် နေသည့် ချင်းတွင်းမြစ်ပေါ်မှ ထမံသီဆည် စီမံကိန်းကို အမြန်ဆုံး ရပ်တန့်ရန် နှစ်နိုင်ငံအစိုးရကို ကူကီးအမျိုးသမီးများ လူ့အခွင့်အရေးအဖွဲ့က ယမန်နေ့ကတောင်းဆိုလိုက်သည်။
ယင်းစီမံကိန်းကြောင့် ပြီးခဲ့သည့် ၂၀၀၇ ခုနှစ်က ကူကီးတိုင်းရင်းသား အများစုနေထိုင်ကြသည့် စစ်ကိုင်းတိုင်း၊ လေဝေယံ နှင့် တဇုံး ကျေး ရွာမှ ရွာသား ၂၄၀၀ ကျော်ကို အစိုးရက အဓမ္မပြောင်းရွှေ့ ခိုင်းခဲ့ပြီး စီမံကိန်းဆက်လက်အ ကောင်အထည်ဖော်ဆောင်ပါက နောက်ထပ် ကျေးရွာပေါင်း ၅၂ ရွာမှ ရွာသား ၄၅၀၀၀ ကျော် ပြောင်းရွှေ့ခံရဦးမည်ဖြစ် သည်ဟု ယခုလ ၈ ရက်နေ့က ထုတ်ပြန်သည့် ကူကီးအမျိုးသမီးအဖွဲ့၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ထို့အပြင် ထမံသီမြို့တခုလုံးအပါအဝင် စစ်ကိုင်းတိုင်းရှိ ချင်းတွင်းမြစ်ကြောင်းတလျှောက်မှ ၁၃၆၉ စတုရန်းမိုင် ခန့်မြေနေရာများရေလွှမ်းမိုးနိုင်မည့် အခြေအနေတွင်ရှိနေသည်ဟု ဖော်ပြထားသည်။ထမံသီဆည် စီမံကိန်းကြောင့် ၂၀၀၇ ခုနှစ်ကပြောင်းရွှေ့ခံရသော ရွာသား ၂၄၀၀ကျော်ကိုနိုင်ငံတော်အစိုးရ က နစ်နာ ကြေးအဖြစ် ကျပ်ငွေ (၅၀၀၀) ခန့်စီသာပေးပြီး ခြောက်သွေ့၍ ရေရှားပါးသော ရွှေပြည်အေး မြို့သစ်တွင်ပြန်လည် နေရာကြပေးခဲ့သည်ဟု ကူကီးအမျိူးသမီးများလူ့အခွင့်အရေးအဖွဲ့၏အထွေထွေ အတွင်းရေးမှူး မ ငါးငိုက် ကပြောသည်။
“သူတို့ အခု ပြောင်းရွှေ့ခံထားရ တဲ့နေရာကလေ အင်မတန်မှ ခြောက်သွေ့ တဲ့နေ ရာတွေဖြစ်တယ်၊ ရေလည်းလုံးဝမရတဲ့ နေရာတွေပေါ့နော် တောင် အမြင့်နေရာမှာ နေနေတဲ့အခါကျတော့ စိုက်ပျိူးရေးလည်း ဘာမှလုပ်လို့မရဘူး၊ တဆက်တည်း မှာဘဲ သူတို့မှာ အင်မတန်မှ ဆင်းရဲဒုက္ခေ ရာက်နေတယ်၊ တချိူ့ အမျိူးသမီးနှင့် ကလေးတွေ ဆိုလို့ရှိရင် စားစရာ သောက်စ ရာမရှိတဲ့အခြေအနေ မှာရှိနေတယ်’’ ဟု သူကပြောသည်။
ထို့ကြောင့် ထမံသီဆည် စီမံကိန်းကို ဆက်လက်တည်ဆောက်ပြီး ရွာသားများ ပြောင်းရွှေ့ခံဦးမည်ဆိုပါက ကြီးမားသော လူထုနစ်နာမှု နှင့် သဘာဝ ပတ်ဝန်းကျင်ဆိုးကျိူးများ ရင်ဆိုရဖို့ရှိသည်ဟု မငါးငိုက်က ဆက်ပြောပါတယ်။“ ဒီ Dam ဆောက်ဖို့ရာအတွက် ဆက်လက်ဖျက်ဆီးမယ်အတင်းအဓမ္မပြောင်းရွှေ့ ခိုင်းမယ်ဆိုလို့ရှိရင် နောက်ထပ် အင်မ တန်မှ လူမှုရေးဆိုင်ရာ နစ်နာမှု နှင့် သဘာဝပတ်ဝန်ကျင်းဆိုင်ရာ ဆိုးကျိူးတွေရှိလာမယ် ဒါကြောင့်လည်း ရပ်တန့်ဖို့ ကျမ တို့တောင်းဆိုတာဖြစ်တယ်၊ နို့မဟုတ်ရင်တော့ ပြည်သူတွေရဲ့ ဆန့်ကျင် တုန့်ပြန်မှုကလည်း ပိုပြီးတော့ ကြီးလာမှာဖြစ် တယ်’’ ဟု သူကပြောသည်။
လျှပ်စစ်စွမ်းအင် မဂ္ဂါ၀ပ် ၁၂၀၀ ခန့်ထုတ်လုပ်နိုင်မည့် ထမံသီဆည် စီမံကိန်းကို လွန်ခဲ့သည့် ၂၀၀၄ ခုနှစ်က ယခင်မြန်မာ စစ်အစိုးရ နှင့် အိန္ဒိယနိုင်ငံ အမျိူးသား ရေအားလျှပ် စစ် ထုတ်လုပ်ရေးကော်ပိုရေးရှင်း(NHPC) တို့ နားလည်မှုစာချွှန်လွှာ တရပ်ကို လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ပြီး ယင်းစီမံကိန်းမှ ရရှိသော လျှပ်စစ်စွမ်းအင် ၈၀ ရာခိုင်နှုန်းကို အိန္ဒိယနိုင်ငံသို့ တင်ပို့မည်ဖြစ်သည်။
၂၀၁၁ ခုနှစ် စက်တင်ဘာလက ပြည်တွင်း ပြည်ပမှ ၀ိုင်းဝန်းကန့်ကွက်မှုကြောင့် ဧရာဝတီမြစ်ဆုံ စီမံကိန်း တည်ဆောက် မှုကို နိုင်ငံတော် သမ္မတဦးသိန်းစိန်က ဆိုင်းငံ့ခဲ့ရသလို ယခု ထမံသီဆည် စီမံကိန်းကိုလည်း မြန်မာအစိုးရ အနေဖြင့် ရပ်တန့် ပေးမည်ဟု မျှော်လင့်ကြောင်း မငါးငိုက်ကပြောသည်။