မြန်မာနိုင်ငံကို တင်ပို့မည့် ရူပီးငွေသိန်း ရ၀ နီးပါး တန်းဖိုးရှိသော အိန္ဒိယထုတ် ဆေးဝါးများကို မီဇိုရမ်ပြည်နယ် မူးယစ်ဆေး ဝါးတိုက်ဖျက်ရေး အဖွဲ့ Central Anti-Drugs Squad (CADS) က မြန်မာနိုင်ငံသားတဦးထံမှ ဒီဇင်ဘာ ၅ ရက်နေ့ ည က ဖမ်းဆီးခဲ့သည်။
အိန္ဒိယနိုင်ငံအရှေ့မြောက်ဘက် Guwahati မြို့တွင် ၀ယ်ယူပြီး ၄၀၇ ကားဖြင့် မီဇိုရမ်ပြည်နယ်မှ တဆင့် မြန်မာနိုင်ငံဘက် သို့ ပို့ဆောင်ရန် တင်ပို့နေချိန်တွင် CADS အဖွဲ့ကမီဇိုရမ်ပြည်နယ် Seling ကျေးရွာတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ဆေးဝါးပိုင်ရှင်ဖြစ်သော ကလေးမြို့နယ် တာဟန်း (A) ရပ်ကွက်မှ Ramthansanga (38) ကိုလည်း ဖမ်းဆီးပြီး ရဲလက်ထဲ သို့ အပ်နှံလိုက်သည်ဟုသိရသည်။
“ဖမ်းဆီးထားတဲ့ ဆေးက အိန္ဒိယထုတ်ဆေးတွေဖြစ်ပေမဲ့ မူးယစ်ဆေးဝါးအဖြစ်သုံးစွဲနိုင်တဲ့ ဆေးတွေ ဖြစ်တယ်၊ မြန်မာနိုင်ငံ ဘက်မှာလည်း မူးယစ်ဆေးဝါးအဖြစ် အသုံးပြုကြတယ်” ဟုဒေသထုတ်သတင်းစာ တွင် ဖော်ပြသည်။
၎င်းဆေးဝါးများမှာ Coolact ဆေး 19940 ကပ်၊ Actiman ဆေး ၂၇၀၀၀၀ ကပ်၊ Aquavet ၃၀၈၁၁၆၀ လုံး၊ Encold ၃၃၁၂၀၀ လုံး၊Loract ‘D’ ၅၄၀၉၀၀ လုံး၊ Actiman ၁၆၀၀၀၀ လုံး နှင့် Actiman ၃၀၀၀၀၀၀ ပုလင်း ဖြစ်ပြီး တန်ဖိုးအား ဖြင့် ၆၉၂၈၃၄၇ ရှုပီး ရှိသည်။
ထို့အပြင် မြန်မာနိုင်ငံသို့ ပို့ဆောင်မည်ဟု ယူဆရသော ၎င်းဆေးဝါးများကိုလည်းမီဇိုရမ်ပြည်နယ် မြို့တော်အိုင်ဇောလ် Bawngkawn ရပ်ကွက်ရှိ နေအိမ်တအိမ်တွင် ထပ်မံဖမ်းဆီးခဲ့သည်ဟုသိရသည်။
မီဇိုရမ်ပြည်နယ် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့က ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်နေ့က မြန်မာ နိုင်ငံသားနှစ်ဦးထံမှ ရူပီးငွေသိန်း ၄၀ တန်းဖိုးရှိ အိန္ဒိယထုတ်ဆေးဝါး များဖမ်းဆီးခဲ့ဖူးသည်။