စီအဲန်ပီက ပြည်သူ့နီတိနှင့် ကျေးလက်ဖွံ့ဖြိုးရေး အမြင်ဖွင့်သင်တန်း ပြုလုပ်

စီအဲန်ပီက ပြည်သူ့နီတိနှင့် ကျေးလက်ဖွံ့ဖြိုးရေး အမြင်ဖွင့်သင်တန်း ပြုလုပ်
by -
ခိုနူမ်းထုန် သတင်း

ချင်းအမျိုးသားပါတီက ချင်းပြည်နယ်အတွင်း ပြီးခဲ့တဲ့ နို၀င်ဘာလမှ စပြီး ပြည်သူ့ နီတိနှင့် ကျေးလက်ဖွံ့ဖြိုး ရေးအမြင်ဖွင့် သင်တန်းပြုလုပ် ကြောင်း သိရသည်။

CNP-editပြီးခဲ့တဲ့ နို၀င်ဘာ ၂၄- ၂၅ အတွင်း မင်းတပ်မြို့တွင်လည်းကောင်း၊ နို၀င်ဘာလ ၂၈- ၂၉ အတွင်း တီးတိန်မြို့ တွင်လည်းကောင်း၊ ဒီဇင်ဘာ ၁- ၂ အတွင်း ဖလမ်းမြို့ တွင်းလည်းကောင်း ၃ နေရာခွဲပြီးပြု လုပ်ခဲ့ကြခြင်းဖြစ် သည်။

“ အထူးသဖြင့် ကျေးလက်ဒေသခံတွေကို ဦးတည်ပြုလုပ်ခဲ့တာပါ” ဟု စီအဲန်ပီ အထွေထွေအတွင်းရေး မှူး – ၁ ထန်အုပ်ထန်က ပြောသည်။

သင်တန်းကို စီအဲန်ပီ ဥက္ကဌ ပူး ဇိုဇမ်း၊ အထွေထွေအတွင်းရေးမှူး ဆလိုင်းကျဲဘိခ်ထောင်း၊ အထွေထွေ အတွင်းရေးမှူး – ၁ ဆလိုင်းထျန်အုပ်ထန် နှင့် ဆလိုင်း တင်ရိုဇာ၊ ဆလိုင်းမျိုးချစ်တို့ အဓိက ပို့ချကြောင်း သိရသည်။

တီးတိန်မြို့မှ သင်တန်းသားတဦးက “သင်တန်းဆရာတွေပို့ချတာ အားရပါတယ်၊ ဒါပေမဲ့ သင်တန်းရက် တိုလွန်းတယ်၊ မသိတာတွေ ဗဟုသုတရတယ်” ဟု ပြောသည်။

ဆက်လက်ပြီး မင်းတပ်မြို့မှ သင်တန်းသားတဦးက “ အသိပညာအားနည်းမှုဆိုးကျိုးတရားကြောင့် ဖြစ်လာတဲ့ အကြောက်တရားကင်းလွတ်ရေးအတွက် ဒီသင်တန်း က ပညာပေးသွားတယ်” ဟု ပြောသည်။

၁၉၉၀ ရွေးကောက်ပွဲမှ ယနေ့အထိ ယခုကဲ့သို့သော နိုင်ငံရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ တရားဝင် သင်တန်း သည် ချင်းပြည်သူအတွင်း ပထမဆုံး အကြိမ်ပြုလုပ်ခြင်းဖြစ်ကြောင်း ပြောကြသည်။

တီးတိန်မြို့သင်တန်းကာလတွင် မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ထံမှ ချင်းလူမျိုးကိုယ်စား အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် တွေ့ဆုံရန် ဖိတ်ခေါ်ခဲ့သော်လည်း ယခု သင်တန်းနှင့် တိုက်ဆိုင် နေသောကြောင့် သွားရောက်တွေ့ဆုံမှုမပြုလုပ်နိုင်တော့ကြောင်းထပ်မံသိရ သည်။

“ သံအမတ်ဖိတ်ခေါ်မှုကို ငြင်းခဲ့ရတာက ပြည်သူလူထုအတွက် အချိန်ပေးတာကို လေးစားလို့ပါ၊ ချင်း ကိုယ်စား ဘယ်သူဘယ်ဝါဖိတ်သလဲမသိရပါ” ဟု စီပီပီ တာဝန်ရှိ က ပြောသည်။

ကလင်တန် မြန်မာနိုင်ငံသို့ရောက်ရှိစဉ်အတွင်း တိုင်းရင်းသားခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ရာတွင် ချင်းတိုး တက်ရေးပါတီမှ ပူး နိုးထန်ကပ်ပါ၀င်ကြောင်း သိရသည်။

Most read this week