အိန္ဒိယ အရှေ ့မြောက်ရှိ လက်နက်ကိုင်ကသည်း သူပုန်များကို ချင်းပြည်နယ်မြောက်ပိုင်း ကျီးခါး မြို့နယ် ဟိုင်ကျင်း (Haicin) ရွာတွင် ဒေသခံ အာဏာပိုင်များ က နေထိုင်ခွင့်ပြုသောကြောင့် ဒေသခံ ရွားသားတချို့ တခြား ရွာများ သို့ ပြောင်းရွှေ့နေကြရသည်ဟု သိရသည်။
အိန္ဒိယအစိုးရ စစ်တပ်၏ ထိုးစစ်ဆင်မှုကြောင့် ထွက်ပြေးတိမ်းရှောင်လာသော မဏိပူရိ ကသည်း လက်နက်ကိုင်အားအင် ၄၀ ခန့်သည့် မြန်မာအစိုးရတပ် ခလရ ၈၉ မှ ဗိုလ်မှူး အောင်စည်သူ၏ ခွင့်ပြု ချက်ဖြင့် ဟိုင်ကျင်းရွာတွင် ပြီးခဲ့သည့် လကတည်းက လာရောက်နေထိုင်ကြသည်ဟု သိရ သည်။
“ ဒီ ကသည်းလက်နက်ကိုင်တွေ ရွာကို ရောက်ရှိလာတဲ့ နောက်ပိုင်း ရွာသားတွေဟာ မနေရဲကြ တော့ဘူး၊ တခြားရွာတွေ ကို ပြောင်းရွှေနေကြတယ်၊ အတိအကျတော့ မပြောနိုင်ဘူး” ဟုဟိုင်ကျင်း ရွာအနီးက ရွာသားတဦး ပြောသည်။
ချင်းပြည်နယ် ကျီခါးမြို့နှင့် တဖက် နယ်စပ်ကြား ကုန်သည် ခရီးသွားပြည်သူများလည်း မသွားရဲ မလာရဲ ဖြစ်နေကြာင်းလည်း ရွာသားကပြေသည်။
“ ကသည်းတွေ ရှိလာတဲ့နောက်ပိုင်း နယ်စပ်မှာ ရှိတဲ့ အိန္ဒိယ ရဲတွေကလည်း ပိုမို တင်းကျပ်လာကြ တယ်၊ ခရီး သည်တွေအတွက် သွားရေးလာရေးမှာ အခက်အခဲ ပိုရှိလာ တယ်” ဟု ကုန်သည်တဦးက ပြောသည်။
ယင်းကိစ္စနှင့် ပါတ်သက်ပြီး မမှန်ကန်ကြောင်း မြန်မာအစိုးရက အိန္ဒိယ အစိုးရကို ပြောခဲ့သော်လည်း အိန္ဒိယအစိုးရဖက်မှ မယုံကြည်ကြောင်း သို့သော် အိန္ဒိယဖက်မှ ဆက်လက် အရေးယူ ဆောင်ရွက်မှု မရှိကြောင်း ပြောကြသည်။
အိန္ဒိယအရှေ ့မြောက်ရှိ ကသည်းခေါ် မဏိပူရိ သူပုန်များသည် ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို ့နယ်နှင့် စစ်ကိုင်းတိုင်း ကလေးမြို ့များ တွင် ဒေသခံ အာဏာပိုင်များ ၏ခွင့်ပြုချက်ဖြင့် အင်အား ၄၀၀ ခန် ့နေထိုင် ခွင့်ပေးထားကြောင်း သိရသည်။