အန္ဒိယ အရှေ့မြောက် မီဇိုရမ်ပြည်နယ် မြို့တော် အိုင်ဇောလ် အခြေစိုက် မြန်မာလူမှုရေး အသင်း၏ တောင်းဆိုချက်အရ Samaritan society of Mizoram ခေါ် ကျန်းမာရေးအသင်းက အိုင်ဇောလ် ရောက်မြန်မာပြည်သားများ အားပထမဆုံးအကြိမ်
အန္ဒိယ အရှေ့မြောက် မီဇိုရမ်ပြည်နယ် မြို့တော် အိုင်ဇောလ် အခြေစိုက် မြန်မာ လူမှုရေးအသင်း၏ တောင်း ဆိုချက်အရ Samaritan society of Mizoram ခေါ် ကျန်းမာရေးအသင်းက အိုင်ဇောလ် ရောက်မြန် မာပြည် သားများ အားပထမ ဆုံးအ ကြိမ် Hepatitis B ခေါ် အသည်းရောင်အသားဝါပိုး ကာကွယ်ဆေးကို စျေးနှုန်းချိုသာစွားဖြင့် နိုဝင်ဘာ ၁၉ ရက်နေ့က ထိုးပေးခဲ့ကြောင်း သိရသည်။
Samaritan က ပထမဆုံးအကြိမ် အဖြစ် Hepatitis B ပိုးကာကွယ်ဆေးကိုထိုးပေးခြင်းဖြစ်ပြီး ၃ကြိမ် တိုင်တိုင် ထိုးရမှာဖြစ်ကြောင်း ကလေးတဦး ရူပီး (၈၀) နှင့် လူကြီးတဦး ရူပီး (၁၀၀)နှုန်းဖြင့်ထိုး ပေးခဲ့ကြောင်း သိရသည်။
” ကာကွယ်ဆေးက သိပ်မများတော့ မြန်မာလူမှုရေးအသင်းဝင်မိသားစုတွေထဲက ကလေး ၆ ဦး၊ အမျိုးသမီး ၂၃ ဦး နှင့် အမျိုးသား ၁၄ ဦးကိုပဲ ထိုးပေးနိုင်ခဲ့တယ်”မြန်မာလူမှုရေး အသင်း ဦးဆောင်သူတဦးကပြောသည်။
ဆက်လက်ပြီး မြန်မာယက္ကန်းသမားအများစုနေထိုင်သော Zuangtui ရပ်ကွက်တွင်လည်း ဆက်လက် လုပ် ဆောင်သွားမည်ဖြစ်ကြောင်း ဆိုသည်။
“Hepatitis B ပိုးဟာအင်မတန်ကြောက်စရာကောင်းတဲ့ရောဂါပိုးဖြစ်တယ်၊ ကူးစက်ပုံကတော့ HIV/AIDS နဲ့ သိပ်မကွာဘူး၊ ကူးစက်မှုနှုန်းက HIVထက်ရာနှုန်းပြည့် မြန်တယ်၊ လူတွေမှာလည်း အဖြစ်များတယ်” ဟု သူနာပြုဆရာမ Kathrine L.T Zami ကပြောသည်။
အဆိုပါကာကွယ်ဆေးကို Kolkata ကနေ ယူဆောင်လာခြင်းဖြစ်ကြောင်း မြန်မာလူမှုရေးအသင်း၏ လူထုကျန်း မာရေးလုပ်ဆောင်ချက်အပေါ်ကျေးဇူးတင်ရှိကြောင်း Samaritan Project manager lalfakawmi က ခိုနှုမ်းထုန် ကို ပြောသည်။
Samaritan အသင်းသည် ဒေသအတွင်း မီဇိုခံ ပြည်သူများ၊ မြန်မာပြည်သားများ၏ ဘုရားကျောင်းများ၊ ယက္ကန်း ရုံများသို့ သွားရောက်ပြီး၊ HIV ဆိုင်ရာပညာပေးခြင်း၊ အခမဲ့ဆေးစမ်းသပ်ခြင်း နှင့် သွေးစစ်ခြင်း များကို ပြုလုပ်ပေးလျက်ရှိသည်။
“ကျမတို့လို အနေအထားနဲ့ ဒီလိုမျိုး ဆေးထိုးနိုင်ဘို့က မလွယ်ဘူး၊ အခုလို မျိုးစျေးသက်သက် သာသာနဲ့ ထိုးပေးတဲ့ အပေါ် အထူး ၀မ်းသာတာပေါ့ ” ဟုအိမ်ထောင်သည် အမျိုးသမီးတဦးကပြော သည်။