ယခု လ ၁၆ ရက်နေ့ညနေ ၅ နာရီခန့်က မလေးရှားနိုင်ငံကွာလာလမ်ပူ မြို့၊ Cameroon high land တွင် နေထိုင်သော ချင်းလူငယ် တဦး အား ရန်ကုန်တိုင်း မှော်ဘီမြို့ဇာတိဖြစ်သူ ထိန်လင်းဆို သူက ဓါးဖြင့် အသေထိုးသတ်လိုက်သည်ဟု သိရသည်။
အသတ်ခံသူသည် ချင်းပြည်နယ်၊ မင်းတပ်မြို့နေ ဦး ထိန်းခေါလိန်း နှင့် ဒေါ် လိန်းခေါနမ်၏သား ကီးလောဟာဖြစ်ပြီး မလေးရှားနိုင်ငံတွင် ဒုက္ခသည်အဖြစ်နေထိုင်အလုပ်လုပ်နေသူဖြစ်ကြောင်း သိရသည်။
“ အူတွေ ထွက်တဲ့ အထိ ဓါးနဲ့ ထိုးတယ်၊ လူနာကို ဆေးရုံခေါ်သွားကြပေမဲ့ ၁၇ ရက်နေ့ ညနေ ၁နာရီမှာ ဆုံးသွားတယ် ဘာဖြစ်လို့ ထိုးသတ်တယ်ဆိုတာ မသိရသေးဘူး”ဟု မလးရှားရောက် ချင်း စည်းကမ်း ထိန်းသိမ်းရေးကော်မီတီ (Chin Disciplinary Affairs Committee ဥက္ကဌ လာလ်းရှန်မွေးက ပြောသည်။
ထိန်လင်းကို Chin Community ခေါင်းဆောင်များဖြစ်ကြသည့် Billy Tong Bung, Thang Lian, Pathang တို့က သူငှားသည့် နေအိမ်သို့ သွားရောက်ဖမ်းဆီးပြီး ရဲလက်ထက် အပ်လိုက်သည်ဟု သိရသည်။
သေဆုံးသူ နှင့် ထိန်လင်းသည် အတူတူ အလုပ်လုပ်သူများဖြစ်ကြောင်း၊ ရန်ငြိုးရန်စ ရှိခဲ့ဘူးသူများဖြစ်နိုင် ကြောင်း ပြောဆိုကြသည်။
ယခု ကိစ္စနဲ့ ပါတ်သက်ပြီး မလေးရှားရှိ UNHCR ကလည်း အတတ်နိုင်ဆုံး အကူအညီပေး ခဲ့ကြောင်း မလေးရှား နိုင်ငံရှိ ချင်းဒုက္ဒသည်တဦးထံမှ သိရှိရသည်။