အိန္ဒိယ-မြန်မာ ငွေလှဲနှုန်း ကျဆင်းမှုကြောင့် အမှတ် (၂) အိန္ဒိယ – မြန်မာကုန်သွယ်ရေး လမ်းကြောင်း ပေါ်တွင် ကုန်သည်လုပ်ငန်း မလည်ပတ်နိုင်သူ တနေ့ထက်တနေ့များပြားလာပြီး ယခင် ၅၀ ဦး မှ လက်ရှိ တဝက်သာသာ လျှော့ကျသွားကြောင်းသိ ရသည်။
အမှတ် (၂) အိန္ဒိယ – မြန်မာကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ကုန်သည်များသည် အဓိကအားဖြင့် တရုတ် – မြန်မာနယ်စပ် ရွှေလီနှင့် မန္တလေးမြို့မှ အလှကုန်နှင့် စားကုန်များကို အိန္ဒိယ အရှေ့မြောက်ပြည်နယ် မီဇိုရမ်နှင့် အခြားပြည်နယ် များသို့ တင်သွင်းကြပြီး ရောင်းရငွေရူပီးအား မြန်မာငွေဖြင့် ပြန်လည် လဲလှယ်ကြသည်။
“၂ လ ကျော်ရှိပြီ၊ ငွေလှဲနှုန်းက ၁၆ ကျပ်တောင်မပြည့်ဘူး၊ မနေ့တနေ့ကဆိုရင် ၁၅ ကျပ် ပြား ၃၀ ဘဲရှိတယ်၊ မနေ့ကဆိုရင် ၁၅ ကျပ် ပြား ၂၀ အထိ ကျဆင်းသွားတယ်၊ ငွေလှဲနှုန်းကျတော့ ငွေရင်းများများ မရှိတဲ့ သူတွေ အရှူံးပေါ်နေတယ်၊ အခု လုပ်ငန်းတော်တော်များများယာယီ ရပ်ထားတယ် ” ဟု ကုန်သည်အသေးစားအမျိုး သမီးတဦးက ပြောသည်။
တဆက်တည်း ကုန်သည်များထံမှ ကော်မရှင်စနစ်ဖြင့် ကုန်ပစ္စည်း ရောင်းသူ မီဇိုရမ်ရှိ ချင်းလူမျိုး ၁၀၀ ခန့် အခက် တွေ့နေရကြောင်း သိရပြန်သည်။
“ အရင်ကဆိုရင် ကုန်ပစ္စည်းတွေကလည်း စုံတယ်ဆိုတော့ တနေ့ ရူပီး ၄-၅ ရာရဖို့က လွယ်တယ်၊ အခု တော့ ကုန်ပစ္စည်းသစ်မရောက်တော့ တနေ့ ၃၊ ၄ ရာရဖို့ဆိုတာ အလွန်ခက်ခဲ သွားပြီ၊ဖောက်သယ်တွေ လိုချင်တဲ့ ကုန်ပစ္စည်းတွေကို ရောင်းနိုင်မှသာ ကျနော်တို့အတွက် အမြတ်ရတယ်” ဟု ကော်မရှင်လုပ်သူ တဦးကပြောသည်။
အဆိုပါကုန်သည်များသည် မိမိတို့ ကုန်ပစ္စည်းများကို လပေးစနစ်ဖြင့် သော်လည်းကောင်း၊ အကြွေးစနစ်ဖြင့် သော်လည်းကောင်း ဖလှယ်ကြပြီး အနည်းဆုံးသုံးလ တကြိမ်လောက်သာ လည်ပတ်နိုင်ကြကြောင်း ပြောကြ သည်။
“ အခု ငွေလှဲနှုန်းက ၁၅ ကျပ် ကျော်ကျော်ဘဲရှိတော့ အမြတ်အရမ်းနည်းတယ်၊ ဒါပေမဲ့ ကုန် မကူးလို့ကလည်း မဖြစ်ဘူး၊ ကုန်မကူးဘူးဆိုရင်လည်း မီဇီုရမ်ဘက်က ဖောက်သယ်ပျက်မယ်၊ ပြီးတော့ ရစရာအကြွေးတွေက လည်း ရှိနေသေးတယ်ဆို တော့ အမြတ်နည်းပေမဲ့ လုပ်နေရတယ်” ဟု အမှတ် (၂) အထည်ကုန်သည် တဦးက ပြော သည်။
ပြီးခဲ့တဲ့ သြဂုတ်လအတွင်း မီဇိုရမ်ပြည်နယ်အတွင်း ရှိ Mizoram Merchant Association (MIMA) ခေါ် ကုန်သည် အသင်းက အိမ်တိုင်းလှည့်လည်သူ ကော်မရှင်များထံ မှ မသမာသူများထံ သတင်းရောက်ရှိ သော ကြောင့် ဖောက်ထွင်းမှုရှိနေသည်ဟူသော အကြောင်းပြချက်ဖြင့် ဒေသလုံခြုံရေးနှင့် ခိုးမှူလျော့ပါးရေးကို ရှေ့ ရှုပြီး ကော်မရှင်လှည့်လည်ရောင်းချခွင့်ကို တားမြစ်ခဲ့ကြသည်။