ပြီးခဲ့တဲ့ အောက်တိုဘာလ နောက်ဆုံးပတ်က ချင်းပြည်နယ် ထန်တလန်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကို အား နေ ပြည် တော်မှ ခေါ်ယူပြီး ၄င်းအစား ဒေသခံ ဖြစ်သူ ပူး ရုန်မှူန် (Pu Rum Hmungအားအစားထိုး ခန့် အပ်လိုက်သည်ဟုသိရ သည်။
ဦးချစ်ကိုကိုသည် ပြီးခဲ့သည့် ဇူလိုင်လအတွင်း ထန်တလန်မြို့နယ်လုံဒိန်းကျေးရွာအုပ်စုု စာရေးဝန်ထမ်း တနေရာ စာအ တွက် ဘွဲ့ရလူငယ် နှစ်ဦးထံမှ ကျပ်ငွေ ၂ သိန်း နှင့် ကျပ်ငွေ ၅ သိန်းအသီးသီးယူထားပြီး ပိုက်ဆံ နှစ်သိန်းပေးသည့် အရင် လူကို အလုပ်မခန့် တော့ သောကြောင့် ဌာနအတွင်းအရှုပ်အရှင်းရှိခဲ့ဘူး သူဖြစ်သည်။
“ အုပ်ချုပ်ရေးဝန်ထမ်းတဦးကမူ အဲဒီဌာနအရှုပ်အရှင်းကြောင့် ဖြစ်နိုင်တယ်၊ အဲဒီကိစ္စအတွက် ဌာနအတွင်း မှာ အမြင် စောင်းမှုတွေလည်း ဖြစ်နေတယ်” ဟု ပြောသည်။ ယင်းကိစ္စဖြစ်ပျက်ခဲ့ချိန်တွင် မြို့နယ်ကြ့ံ ဖွ့ံခေါင်းဆောင်တွေက ဖြန်ဖြေမှု ပြုလုပ်ခဲ့သည်။
အုပ်ချုပ်ရေးမှူးအသစ်သည် အုပ်စုစာရေးဘဝမှ တဆင့်ချင်း ရာထူးတက်လာသူဖြစ်ပြီးကိုယ်ကျင့်ကောင်း မွန်သူ ဖြစ် ကြောင်း နေပြည်တော်တွင် တာဝန်ထမ်း ဆောင်စဉ် ရာထူးတိုးပြောင်းရွှေ့လာခဲ့ခြင်း ဖြစ်ကြောင်း ပြောကြသည်။
“ အုပ်ချုပ်ရေးမှူး အသစ်က ဒေသခံဆိုတော့ ဒေသခံတွေရဲ့လိုအပ်ချက်၊ အနေအထားကိုကျွမ်းဝင်သူဖြစ် တယ်၊ သူ့ ကို နေရာပေးတာက လက်တွေ့လည်း ကျတယ်”ဟု ဒေသခံရပ်မိရပ်ဖ တဦးက ပြောသည်။
ထန်တလန်မြို့နယ်ရှိ အထူးသဖြင့် မြို့နယ် ကျန်းမာရေး၊ ပညာရေးဌာနများတွင်လဒ်စားမှုအမြဲရှိနေ ကြောင်း လည်း ထပ်မံ သိရသည်။