စီအဲန်အေ အမည်အလွဲသုံးစားလုပ်ပြီးဒေသခံပြည် သူများအား ငွေကောက်နေသူ နှစ်ဦးထဲက တဦး အား နို၀င်ဘာလ ၅ ရက်နေ့က မြန်မာအစိုးရ စစ်တပ်မှ ဖမ်းဆီးခဲ့ကြောင်း သိရသည်။
အဆိုပါ နှစ်ဦးသည် ချင်းပြည်နယ် ဖလမ်းမြို့နယ်၊ Lente ကျေးရွာသား ThangKim နှင့် ထန်တလန်မြို့နယ် မှောင်တလန် ကျေးရွာမှ Suizathang တို့ဖြစ်ပြီး ကျီခါး မြို့ပေါ် အခြေစိုက် ခလရ ၂၇၄ တပ်ရင်းကကျီခါး မြို့နယ်ခွဲ၊ ဟိုင်ကျင်း ကျေးရွာ တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
“စီအဲန်အေက ပြည်တွင်းမှာ အခွန်ငွေကောက်တာတွေ မလုပ်ဘူး၊ အဲဒါကြောင့် စီအဲန်အေ မဟုတ်မှန်းသိလို့ စစ်တပ်ကို တိုင်တယ်၊ ဒါ ပေမဲ့ suizathang တော့ လွတ်သွားတယ်၊ Thangkim ကိုတော့ စစ်တပ်က ခေါ်သွားကြတယ်” ဟု ဒေသခံ တဦးက ပြောသည်။
Thangkim နှင့် Suizathang တို့နှစ်ဦးသည် စစ်ဆင်ရေးပြုလုပ်ရန်အတွက်ဆိုပြီး ဒေသခံဟိုင်ကျင်းရွာသား များ အား တအိမ်လျှင် အနည်းဆုံး ရူပီး ၂၀၀ စီ ထည့်ဝင်ကြရန် ပြောကြားခဲ့သဖြင့် ဒေသခံများမှစစ်တပ် အား တိုင်ကြားခဲ့ရာမှ အဖမ်းခံခဲ့ကြခြင်းဖြစ်သည်ဟု သတင်းရရှိသည်။
Suizathang ဆိုသူသည် အိန္ဒိယ နိုင်ငံ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့တွင် သားမယားနှင့် နေထိုင်သူဖြစ်ပြီး မယားနှင့် ကွာရှင်းခဲ့သူဖြစ်ကြောင်း ဒေသခံများ အဆိုအရ မီဇိုရမ်ဖက်သို့ ပြန်လည်တိမ်းရှောင်ဘွယ်ရှိ ကြောင်း သိရသည်။
စီအဲန်အက်ဖ်သည် ၂၀၀၅ ခုနှစ်နောက်ပိုင်း အငတ်ဘေးဒါဏ် ကျရောက်ချိန်မှစပြီး ချင်းပြည်သူလူထုထံ အလှူငွေ ကောက် ခံခြင်းမရှိတော့ကြောင်း သိရ သည်။