စစ်ကိုင်းတိုင်း ဂန့်ဂေါဒေသမှ ကျပ် သိန်း ၁၅၀ခန့် ဖြင့် ၀ယ်ပြီး တဖက် မီဇိုရမ်ပြည်နယ်သို့ ရောင်းရန် ဆွဲလာသည့် နွား ၄၅ ကောင်ဖိုး၏အမြတ်ငွေဆုံးရှူံး သွားသည်ဟု ဟားခါးမြို့နယ် ဒိုင်ဒင်းရွာသား နွားကုန် သည်တဦးက ဒီမနက် ပြောပြလိုက်သည်။
နွားကုန်သည်များသည် သြဂုတ်လ ၂၆ ရက်နေ့က အိန္ဒိယမြန်မာ နယ်စပ် ချင်းပြည်နယ် ထန်တလန်မြို့နယ် လုံကြွေး သဲ ရွာနားမှာ ဝေါင်တူး တပ်စခန်းမှ စစ်သားနှစ်ဦးက ၄င်းတို့၏ နွားတွေကို ဖမ်းဆီးပြီး ကျပ်ငွေ ၁၅ သိန်းနဲ့ ရွေးခိုင်း သည် ဟု သိရသည်။
” ကျတော်တို့ သုံးဦးပေါ့၊ လမ်းမှာ တလလောက်ကြတယ်၊ စားစရိတ်၊ လူငှားခနဲ့ဆိုယင်အမြတ်လုံးဝ ကျန်မှာမဟုတ်တော့ ဘူး” ဟု နွားကုန်သည်ဖြစ်သူတျာလ်ကျုံးက ပြောသည်။
အလားတူ ပြီးခဲ့သည် သြဂုတ်လ ၁၅ ရက်နေ့က ဟားခါးမြို့နယ် ဆူးရ်ခွါးရွာ ရဲစခန်းမှ စခန်းမှူးမြင့်သောင်း နဲ့ အဖွဲ့က မ ကွေးတိုင်း ဂန့်ဂေါ မြို့နယ်၊ အုတ်လှ ရွာသား လျန်ထေ၏ နွား ၄၅ ကောင်အား ဖမ်းဆီးပြီး ကျပ်ငွေ သုံးသိန်းဖြင့် ရွေးခိုင်းခဲ့သည်။
” စစ်တပ်နဲ့ ရဲ တွေက ခုတလော ပြန်လည် သောင်းကျန်းလာတယ်၊ ၂၀၁၀ ရွေးကောက်ပွဲကာလတုန်း ကတော့ အဲလိုမျိုး တိရိစ္ဆာန်တွေ ဖမ်းဆီးတာ မရှိဘူး” ဟုဒေသခံတဦးက ပြောသည်။
ထို့အပြင် ဝေါင်တူးတပ်စခန်းမှ စစ်တပ်များကလည်း လျန်ထေ၏ ကျပ်ငွေ ၄သိန်း ၅ သောင်းတန်နွား တကောင်ကို ထန် တလန်မြို့နယ်ငဖိုင်ပီးရွာတွင် လုယူပြီးသတ်ပစ်လိုက်သည်။
” အခု အိန္ဒိယ မြန်မာငွေလဲနှုန်းက တရူပီး ၁၄ ကျပ်ထိထိုးကျသွားတော့ အမြတ်ရမှာ မဟုတ်တော့ဘူး၊ အခုလည်း ကျတော်တို့နွားတွေကို သားသတ်ဆိုင်ကတနေ့တကောင်နှုန်းနဲ့ သတ်နေကြတယ်” ဟု အဆိုပါ နွား ကုန်သည်က ပြောသည်။
နွားကုန်သည်များသည် ၄င်းတို့၏ နွားတွေကို မီဇိုရမ်ပြည်နယ် သားသတ်ဆိုင်တွေမှာ ရောင်းကြကြောင်း အကြွေးစနစ်ဖြင့် ရောင်းကြကြောင်းသိရသည်။
” သားသတ်ဆိုင်တွေက နွားဖိုးကို တခါတည်း အလုံးအရင်း ချေတာမဟုတ်ဘူး၊ နွားကို ပြန်သတ်ပြီးမှ ငွေချေတော့ ပိုက် ဆံ စောင့်ရတာက လနဲ့ ချီ ကြာတယ်၊အဲဒီမှာ စားစရိတ်က ကုန်သေးတယ် ” ဟု လျန်ထေ က ပြောသည်။