နေပြည်တော်တွင် ကျင်းပလျက်ရှိသည့် ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ် တော် အစည်း အဝေးတွင် တိုင်းရင်းသားရေးရာ နှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီကို ယမန်နေ့က ဖွဲ့စည်းလိုက် သည်။
ပြည်သူ့လွှတ်တော်တွင် ဖွဲ့စည်းလိုက်သော တိုင်းရင်းသားရေးရာ နှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီဥက္ကဌ အဖြစ် ကြံ့ဖွံ့ပါတီမှဦးသိန်းဇော်ကို လည်းကောင်း၊ အမျိုးသားလွှတ်တော်တွင်ဖွဲ့ စည်းလိုက် သောအဆိုပါ ကော်မတီ ဥက္ကဌ အဖြစ် ကြံ့ဖွံ့ပါတီမှ ဦးစံထွန်းကိုလည်းကောင်းခန့်အပ် လိုက်ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထား သည်။
ဗိုလ်မှူးချူပ်ဟောင်း ဦးသိန်းဇော်သည် ယခင်စစ်အစိုးရ၏ ဆက်သွယ်ရေးဝန်ကြီးဖြစ်ပြီး၂၀၁၀ရွေးကောက် ပွဲတွင် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(ကြံ့ဖွံ့) ကချင်ပြည် နယ်မြစ်ကြီးနားမဲဆန္ဒနယ်မြေမှ ရွေးကောက် တင်မြှောက်ခံရသူ ဖြစ်သည်။
ဦးစံထွန်းသည်လည်း ကြံ့ဖွံ့ပါတီ ကချင်ပြည်နယ် မဲဆန္ဒနယ်မြေမှရွေးကောက်တင်မြှောက် ခံရသူဖြစ်သည်။
ယခုကဲ့သို့ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီတရပ်လွှတ်တော်တွင်း ဖွဲ့စည်းလိုက်သည့်အပေါ် ကြိုဆိုကြောင်း ၂၀၁၀ရွေးကောက်ပွဲဝင် ချင်း အမျိုးသားပါတီ အထွေထွေ အတွင်းရေးမှူး ဆလိုင်း ကျဲအိုဘခ်ထောင်က ပြောသည်။
‘‘ဒီ ငြိမ်းချမ်းရေး ကော်မတီဖွဲ့ဖို့က ကျနော်တို့ ညီနောင် ငါးပါတီ အရင်ဆုံး တောင်းဆိုတာပေါ့နော်၊ကျနော် တို့ အသံကို အလေးထားပေးတယ်လို့ဆိုရမှာပေ့ါ’’ဟု ၎င်းက ဆိုသည်။
ပြည်တွင်း ငြိမ်းချမ်းရေးကော်မတီတရပ် ဖွဲ့စည်းရန်အတွက် ချင်း၊ ရှမ်း၊ရခိုင်၊ မွန် နှင့် ကရင် ပါတီများဖြင့် ဖွဲ့စည်းထားသည့် တိုင်းရင်းသားညီနောင် ၅ ပါတီက ကြေညာချက် ထုတ်ပြန်၍ရွေးကောက်ပွဲကော်မရှင် ထံသို့ တောင်းဆိုခဲ့ကြသည်။
သို့သော် ပြည်တွင်းငြိမ်းချမ်းရေး ကော်မတီအဖွဲ့တွင် လွှတ်တော်ကိုယ်စားလှယ်များကိုသာခန့်အပ်ခြင်းမျိုး မဟုတ်ဘဲ အများလေး စားကြည်ညိုခံရသူများ၊ ပညာရှင်များနှင့် သက်ဆိုင်ရာ နိုင်ငံရေးပါတီများမှ ပုဂ္ဂိုလ်လည်း ပါ၀င်သင့်သည်ဟု ဆလိုင်းကျဲအိုဘခ်ထောင် က ပြောသည်။
တိုင်းရင်းသားရေးရာ နှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီတွင် ပါ၀င်မည့် အဖွဲ့ဝင်များကိုမူ ယခုအချိန်အထိလွှတ်တော်အစည်းအဝေးတွင် ရွေးချယ်ခန့်အပ်ခြင်း မရှိသေးကြောင်း နေပြည်တော် လွှတ်တော်အစည်းအဝေး တက်ရောက် နေသည့် ချင်း အမျိုးသားပါတီမှပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးငွန်မောင်းက ပြောသည်။
ယမန်နေ့က ကျင်းပသော လွှတ်တော်အစည်းအဝေးတွင် တိုင်းရင်းသားရေးရာနှင့်ငြိမ်းချမ်းရေးကော်မတီ၊ နိုင်ငံသားများ မူလအခွင့် အရေးနှင့် ပြည်ပရောက်နိုင်ငံသားများဆိုင်ရာ ကော်မတီ၊ အမျိုးသားစီမံကိန်းနှင့် ငွေရေး ကြေးရေးဆိုင်ရာ ကော်မတီ၊ ပညာရေး ကျန်းမာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ၊ပြည်သူများ ၏ တိုင်ကြားစာနှင့်အသနားခံလွှာ ကော်မတီအပါ အဝင် ကော်မတီ (၈)ခုကို ဖွဲ့စည်းခဲ့သည်။