ကော်မရှင်နှင့်တွေ့ရန် နိုင်ငံရေးပါတီ ခေါင်းဆောင်များ နေပြည်တော်ရောက်

ကော်မရှင်နှင့်တွေ့ရန် နိုင်ငံရေးပါတီ ခေါင်းဆောင်များ နေပြည်တော်ရောက်
by -
ခိုနူမ်ထုန် သတင်းဌာန

ပြည်ထောင်စုရွေးကောက်ပွဲကျင်းပရေးကော် မရှင်၏ ဆင့်ခေါ်ချက်အရ နိုင်ငံရေးပါတီများမှ ပါတီခေါင်းဆောင်များ နေပြည်တော်သို့လာ ရောက် နေကြရာ ချင်းအမျိုးသားပါတီလည်း ယနေ့ ရောက်ရှိလာပြီ ဖြစ်သည်။

ရွေးကောက်ပွဲကော်မီရှင်အဖွဲ့က ၎င်းတို့အား  မနက်ဖြန် ဇူလိုင်လ ၂၇ ရက်နေ့ နံနက်ပိုင်း ၁၀ နာရီတွင် တွေ့ဆုံ သွားမည်ဟု ချင်းအမျိူးသားပါတီ ဥက္ကဌဦးဇိုးဇမ်က ပြောသည်။

“ခုချိန်ထိတော့ ဆွေးနွေးမယ့်အကြောင်းအရာတွေ ဘာမှမသိရသေးဘူး။ မနက်ဖြန်ကျမှပဲ သိရမယ်’’ ဟု ၎င်းက ဆက်လက် ပြောသည်။

ပြည်ထောင်စု ရွေးကောက်ပွဲတွင် မှတ်ပုံတင်ထားကြသည့် နိုင်ငံရေးပါတီ ၃၈ ပါတီကို ယခုလ ၂၇ရက်နေ့ ၌တွေ့ဆုံရန်  ပြီးခဲ့သည့်ရက်ပိုင်းတွင် ကော်မရှင်က အကြောင်းကြားခဲ့သည်။

ယခုအခါ ချင်းအမျိူးသားပါတီ ၊ ဒီမိုကရက်ပါတီ(မြန်မာ)၊ ရှမ်းပါတီနှင့် ကရင်ပါတီတချိူ့ နေပြည်တော်သို့ ရောက်ရှိနေကြပြီဖြစ်ကြောင်း၊ မနက်ဖြန် ရွေးကောက်ပွဲကော်မီရှင်ဥက္ကဌနှင့် မတွေ့ဆုံမီ နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များ ယနေ့ညပိုင်းတွင် ကြိုတင် တွေ့ဆုံကြမည် ဖြစ်ကြောင်းလည်း သိရသည်။

ယခုတွေ့ဆုံမှုသည် အစိုး​ရသစ်လက်ထက် ​ရွေး​ကောက်ပွဲကျင်း​ပ​ရေး​ကော်မရှင်အဖွဲ့ကို ပြန်လည်ပြင်ဆင် ဖွဲ့စည်းပြီးသည့်နောက်ပိုင်း နိုင်ငံ​ရေး​ပါတီ​ခေါင်း​ဆောင်​များနှင့် ပထမဆုံး​အကြိမ်တွေ့ဆုံမှုဖြစ်သည်။