ထန်တလန်မြို့ဗုံးကွဲမှူ စီအဲန်အေ လက်ချက်ဖြစ်နိုင်

ထန်တလန်မြို့ဗုံးကွဲမှူ စီအဲန်အေ လက်ချက်ဖြစ်နိုင်
by -
ခိုနူမ်ထုန် သတင်းဌာန

ဇူလိုင်လ ၁၀ ရက်နေ့ ည ၁၀ နာရီ ၃၀ ခန့်တွင် ချင်းပြည်နယ်ထန်တလန်မြို့ဆောက်လုပ်ရေး ဌာန ရုံး အနီးဗုံးပေါက်ကွဲမှု ဖြစ်ပွား ခဲ့ရာဗုံးပေါက် ကွဲမှူသည်ချင်းအမျိုးသားတပ်မတော်လက်ချက် ဖြစ်မည်ဟု ပြောဆိုကြသည်။

” ဗုံးပေါက်ကွဲသံနဲ့သေနတ် သံတွေ ဆက်တိုက်ကြားရတယ်၊ ၅ မိနစ် အကြာမှာ စစ်တပ်နဲ့ ပြည်သူရဲတွေ ရောက်လာတယ်၊ ထိခိုက်မှူတော့ မရှိဘူး” ဟု ဒေသခံတဦးက ပြောသည်။
Thantlang-town1
သေနတ် ကျည်ဆံသည် A . K 47 ကျည်ဆံဖြစ်ကြောင်း ချင်းအမျိုးသားတပ်မတော်သားများသည် အေကေ ၄၇ သေနတ်ကို ကိုင်ဆောင်ကြကြောင်း ပြောကြသည်။

ယင်းကိစ္စနှင့် ပါတ်သက်ပြီး စီအဲန်အေ တပ်မှူး တဦးကို မေးကြည့်ရာတွင် ” ငါတို့ ရဲဘော်တွေ နယ်လှည့် နေ တာတော့ ရှိတယ်၊ ဖြစ်နိုင်ချေက များပါတယ်၊ အတတ်တော့ မပြောနိုင်ဘူး” ဟု  ပြောသည်။

ဗုံးကွဲမှူ ကြောင့် ဟားခါးမြို့မှ စစ်တပ်အင်အား ၄၀ ခန့် သည် ဇူလိုင် ၁၁ ရက်နေ့တွင် ထန်တလန်မြို့ သို့ ရောက်ရှိလာကြကြောင်း သိရသည်။

ယခုဖြစ်ရပ်နှင့် ပါတ်သက်ပြီး အာဏာပိုင်များဖက်မှ မြို့တွင်း အဝင်အထွက်တွေ တင်းကျပ်လာမှာကို ပြည်သူများ စိုးရိမ်နေကြကြောင်း ပြောကြသည်။

ယခုတလော မြန်မာနိုင်ငံ မြို ့တော်နေပြည်တော်အပါအဝင် မြို ့ကြီးများတွင်  ဗုံးပေါက်ကွဲမှု ဆက်တိုက် ဆိုသလိုဖြစ်ပွါးခဲ့ရာ ဇွန်လ ၂၄ ရက်နေ ့ မန္တလေးတွင်ပေါက်ကွဲခဲ့သော ဗုံးကြောင့် အနည်းဆုံး လူ ၄ ဦးဒဏ်ရာရ ခဲ့သည်။

ယခုချင်းပြည်နယ် ထန်တလန်မြို ့ပေါ်တွင် ပေါက်ကွဲခဲ့သည့် ဗုံးသည် မည်သူ၏ လက်ချက်ဖြစ်သည်ကို မသိရသေးသော်လည်း ချင်းအမျိုးသားတပ်တော်သားများ၏ လက်ချက်ဖြစ်နိုင်ဘွယ်ရှိကြောင်းသိရ သည်။