တလွန်ရမ် (အေ) ရွာသားများက တလွန်ရမ် (ဘီ) ရွာသားများ ရေပိုက် ဖြတ်တောက်၊ ဒေသခံများ သောက်သုံးရေ ခက်ခဲ

တလွန်ရမ် (အေ) ရွာသားများက တလွန်ရမ် (ဘီ) ရွာသားများ ရေပိုက် ဖြတ်တောက်၊ ဒေသခံများ သောက်သုံးရေ ခက်ခဲ
by -
ခိုနူမ်ထုန် သတင်းဌာန

ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်နေ့ က ချင်းပြည်နယ် ထန်တလန်မြို့နယ်ရှိ တလွန်ရမ် (ဘီ) ကျေးရွာ သားများသွယ်ယူသည့် ရေပိုက်ကို တလွန်ရမ် (အေ) ကျေးရွာသားများက အပိုင်းပိုင်း ဖြတ် တောက် သဖြင့်  ဒေသခံများ သောက်သုံးရေ အခက်အခဲ နှင့် ကြုံတွေ့နေရသည်ဟု သိရသည်။

TluangramA-Bအကြောင်းရင်းမှာ တလွန် (အေ) ကျေးရွာသားများက ၄င်းတို့ ကျေးရွာ အနီးသို့ တလွန်ရမ် (ဘီ) ရွာသားများ ပြောင်း ရွေ့လာ သည်ကို မလိုလားသောကြောင့် ယခုကဲ့သို့ ရွာ မတည်နိုင်အောင်  ဖြတ်တောက်ပစ်လိုက်ခြင်း ဖြစ်သည်ဟု ဒေသခံ တဦး ထံမှ သိရသည်။

” တလွန်ရမ် အေ ရွာသားတွေက ဇွန်လ ၂၀ ရက်နေ့မှာ တရွာလုံး စုဝေးကြပြီးတော့ ၂၂ ရက်နေ့မှာလူလတ် ပိုင်း အရွယ် အင်အား ၄၀ ခန့်ဟာ တလွန်ရမ်ဘီ ရွာသားများ သွယ်ယူတဲ့ ရေပိုက်တွေကို အစိပ်စိပ်ပိုင်းဖြတ်သွား ကြတယ်” ဟု အဆိုပါ ဒေသခံက ပြောသည်။

အိမ်ခြေ (၅၀) ခန့်ရှိ တလွန်ရမ် ဘီ ကျေးရွာသားများသည် ရွာမှ နှစ်မိုင်ခွဲခန့် အကွာရှိ ချောင်းရေမှ သောက်သုံး ရေကို ကိုယ်ထူကိုယ်ထ သွယ်ယူကြသော် လည်း ယခုကဲ့သို့ ရေပိုက် ဖြတ်တောက်ခံရသဖြင့် သောက်သုံးရေ
အခက်အခဲ နဲ့ ကြုံတွေ့နေရကြောင်း သိရသည်။

” လူမဆန်တဲ့လုပ်ရပ်ပဲ၊ ဘုရားမဲ့ တရားမဲ့ လုပ်ရပ်လို့ပြောရမယ်၊ ၀မ်းနည်းစရာတော့ ကောင်းပါတယ် ” ဟု ဒေသခံ ခရစ် ယာန် ဘာသာရေး ခေါင်း ဆောင်တဦးက ပြောသည်။

ယခုနှစ် မေလအတွင်း ချင်းပြည်နယ် နယ်စပ်ဒေသလုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး ဇော်မင်းဦး နှင့် ဌာနဆိုင်ရာ လူကြီး ၂၆ ခန့်သည် အဆိုပါ ကျေးရွာ နှစ်ရွာ အကြား လူမှူ ပြသာနာများကို ဖြေရှင်းနိုင်ရေး အတွက် ကွင်းဆင်းလေ့ လာမှူများပြုလုပ်ခဲ့ပြီးဖြစ်သော်လည်း ယနေ့အထိ တစုံတရာ ဖြေရှင်းမှူမပြုသေး ကြောင်း ပြောကြသည်။

တလွန်ရမ်ဘီ ရွာသားများ ယခု ပြောင်းရွေ့သည့် နေရာသည် ယခင်က ၄င်းတို့ နေထိုင်ခဲ့ဘူးသော ရွာဟောင်း  ဖြစ် ကြောင်း ဒေသခံများက ပြောသည်။

” ယခင်က ရေပိုက်တွေမဝယ်နိုင်လို့ ပြောင်းတာဖြစ်တယ်၊ အခု ရေပိုက် နဲ့ရေသွယ်လို့ရတဲ့ အတွက် ရွာဟောင်းကို ပြန်ပြောင်းတာဖြစ်တယ်” ဟု ဒေသခံက ပြောသည်။

ယခုပြသနာနှင့်ပါတ်သက်ပြီး နီးစပ်ရာ ဝေါင်တူး တပ်စခန်းသို့ ဒေသခံများက သတင်းပို့ကြသော်လည်း တပ်စခန်းမှူးက သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးကို သတင်းပို့ကြရန်နှင့် လက်လွန်မှူ မရှိအောင်ထိန်းထိန်း သိမ်းသိမ်းနေကြရန်သာ တုံ့ပြန်ကြောင်း သိရသည်။

အဆိုပါ ကျေးရွာ နှစ်ရွာသည် ရပ်ရွာ တည်ထောင်ရေးနှင့် ပါတ်သက်ပြီး ပြသာနာတက်လာကြသည်မှာ  ၁၀ နှစ် ခန့် ကြာပြီဟု လည်း ပြောဆိုကြသည်။