အိန္ဒိယနိုင်ငံတွင် မြန်မာပြည်သား လီဆူးလူမျိုး ကျမ်းစာကျောင်းသား ရထားကြိတ်သေဆုံး

အိန္ဒိယနိုင်ငံတွင် မြန်မာပြည်သား လီဆူးလူမျိုး ကျမ်းစာကျောင်းသား ရထားကြိတ်သေဆုံး
by -
ခိုနူမ်ထုန် သတင်းဌာန

၂၅ ဇွန်လ ရက်နေ့က အိန္ဒိယ နိုင်ငံ၊ ( ) ပြည်နယ်  Bangalore မြို့တွင်ကျမ်းစာကျောင်းတက်မည့် မြန်မာနိုင်ငံ ကချင်ပြည်နယ်မှ လီဆူး အမျိုးသား တဦးမြို့ပတ်ရထား အတိုက်ခံရပြီးပွဲချင်းပြီးသေဆုံး ကြောင်း သတင်း ရရှိသည်။

သေဆုံးသူမှာ ကချင်ပြည်နယ်မှ လီဆူးလူမျိုး အဘဦး ဟဲဟိုက်ဟိုက် (He HeyHey) ၏သား အသက် ၃၄ အရွယ် ဟိုရီဒွေး (Hpu Ye Dwe) ဖြစ်သည်။

“ ၂၅ ရက်နေ့ ညနေ ၆း၃၀ ခန့်မှာပေါ့၊ သူတို့ အိမ်ဌါးရှာယင်း နဲ့ခုလိုဖြစ်သွားတာပါ၊  အလောင်းကို အာ ဏာပိုင်ရဲတွေကထိန်းသိမ်းထားဆဲဖြစ်တယ်၊ ပြီးရင် Postmortem လုပ်ကြမယ် အဲဒီ နောက်ပိုင်း သူကို ဒီ Bangalore မှာ ဘဲ သဂြိုလ်ဖို့ စီစဉ်ကြတယ် ”ကချင်ကျောင်းသားတဦးက ပြောသည်။

ရထားကြီး ကျိတ် တာ ခါးကျိုးတယ်၊ ဦးနှောက်ပါပေါက်ထွက်သွားကြောင်း၄င်းပုဂ္ဂိုလ်က ဆက်ပြောသည်။

ယခု သေဆုံးသူ သည် ကချင်ပြည်နယ်၊ ပူ တာအိုမြို့ဇာတိဖြစ်ပြီးတောင်ကြီးမြို့တွင် ကျမ်းစာကျောင်းဆ ရာလုပ်နေသူ၊ မိသားစု ၃ သုံးဦးအိမ်ထောင်ရှင်ဖြစ်သည် ဟု သိရသည်။

မြန်မာနိုင်ငံရှိ ချင်း၊ ကချင်တိုင်းရင်သားများသည် အဓိက အားဖြင့် အိန္ဒိယနိုင်ငံတွင် ခရစ်ယာန်ကျမ်းစာကို သင်ယူသူများဖြစ်ကြသည်။