ချင်းပြည်နယ်တွင် ပထမဆုံးအကြိမ်အဖြစ် ILO အရာရှိလာရောက်

ချင်းပြည်နယ်တွင် ပထမဆုံးအကြိမ်အဖြစ် ILO အရာရှိလာရောက်
by -
ခိုနူမ်ထုန် သတင်းဌာန

ချင်းပြည်နယ်တွင် ပထမဆုံးအကြိမ်အဖြစ်အပြည် ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ILO အရာရှိ စတိဗ်မာရှယ်လ် Steve Marshall ကိုယ်တိုင် မေလ ၁၈ ရက်နေ့က ပြည်နယ်၏မြို့တော်ဟားခါးသို့ ရောက်ရှိလာပြီး အဓမ္မလုပ်အားပေး ခိုင်းစေမှုဆိုင် ရာ ပညာပေးဆွေးနွေးပွဲတရပ်ပြုလုပ်ခဲ့သည်။

ရန်ကုန်ရှိ ILO ဌာနကိုယ်စားလှယ် စတိဗ်မာရှယ်လ် နှင့်အတူ မြန်မာနိုင်ငံအလုပ်သမားဦးစီးဌါနညွန်ကြား ရေးမှူးချူပ် တို့ သည် တရက်ကြာခရီးစဉ်အဖြင့် ဟားခါးမြို့သို့ရောက်ရှိလာကာ ပြည်နယ်ဝန်ကြီးချူပ် အစည်းအဝေးခန်းမဆောင်တွင် ပြည်နယ်အုပ်ချုပ်ရေး အဖွဲ့ဝင်များ အား အဓမ္မလုပ်အားပေး ခိုင်းစေမှု ဆိုင်ရာနှင့်ပတ်သက်ပြီး ပညာပေးဆွေးနွေးခဲ့ကြောင်း ဟားခါးမြို့ခံတဦးကပြောသည်။

ဆွေးနွေးပွဲတွင် ချင်းပြည်နယ် ၀န်ကြီးချူပ် နှင့် ၀န်ကြီးများ ခရီးလွန်နေသောကြောင့် ပါ၀င်တက်ရောက် နိုင်ခြင်းမရှိကြသော် လည်း စစ်တပ် ၊ ရဲ အပါအဝင် ပြည်နယ် နှင့် မြို့နယ်ဌါနဆိုင်ရာမှ တာဝန်ရှိပုဂ္ဂိုလ်များ နှင့် မြို့မိမြိုဖ စုစုပေါင်း ၁၆၀ ခန့် တက် ရောက်ခဲ့ကြသည်ဟုသိရသည်။

‘’ အသက်အပြည့်တဲ့လူတွေကို ရဲထဲ၊ စစ်တပ်ထဲမသွင်းဖို့နှင့် အသက်မပြည့်တဲ့လူတွေကို အလုပ်သမားအအဖြစ် မစေခိုင်း ဖို့ဆိုပြီး အဓိကပို့ချတယ်’’ဟု အနီးကပ်လေ့လာစောင့်ကြည့်နေသောချင်းပြည်နယ်အဲန်အယ်ဒီဥက္ကဌ ဦးဗန်လျံကပြော သည်။

ယခုကဲ့သို့ ILO အရာရှိကိုယ်တိုင်ဟားခါးမြို့သို့ လာရောက်ပြီး အဓမ္မလုပ်အားပေး ခိုင်းစေမှု ဆိုင်ရာပညာပေး ဆွေးနွေး မှုလုပ်ဆောင်ခဲ့သည့်အတွက်ကြောင့်ပြည်သူများကလည်းအတင်းအဓမ္မလုပ်အားပေးခိုင်း စေမှုများ လည်း လျော့ကျလာ မည်ဟု မျှော်လင့်နေကြသည်ဟုသိရသည်။

သို့သော်လည်း ဦးဗန်လျံကတော့ ချင်းပြည်နယ်တွင် အတင်းအတင်းအဓမ္မလုပ်အားပေးခိုင်းစေမှုလျော့နည်း လာ မှုဆို သည်မှာ ILO ဘက်မှ မည်သို့တိုက်တွန်းပြောဆိုနေကာမူ အစိုးရကိုယ်တိုင်မှာသာအဓိကတာဝန်ရှိ သည်ဟုပြောသည်။

‘’ ILO အဖွဲ့ ဒီကိုလာတာကတော့ သူတို့တာဝန်ဘဲလေ၊ အဓိကတော့ အစိုးရက အကောင်ထည်ဖော်ဖို့က အဓိကဖြစ် နေ တယ်၊ ဘာဖြစ်လို့လည်းဆိုတော့ အိပ်ချင်ယောင်ဆောင်တဲ့သူဟာအနိုးရခက်တယ်ဆိုသလို မျိူးပေါ့ အစိုးရကိုယ်တိုင်က လည်း မသိ လို့လုပ်မိတာမျိူးမဟုတ်ဘဲ သိသိချဉ်းနဲ့ လုပ်နေတဲ့အခါကျတော့ ILO က ဘယ်လောက်ဘဲပြောပြော တိုး တက်မှုရှိပါ့ မလားလို့ ကျနော်သံသယဖြစ်မိတယ်’’ဟုဦးဗန်လျံကခိုနူမ်းထုန် ကိုပြောသည်။

ဟားခါးမြို့ပေါ်ရှိလူငယ်တဦးကလည်း ‘’ ILO အနေနဲ့မြန်မာနိုင်ငံမှာ ရုံးဖွင့်တာတော့ကြာပြီခုပထမဆုံးကြိမ် အနေနဲ့ ချင်း ပြည်ကိုလာတယ်ဆိုတော့ တော်တော်လေးအားတက်စရာဖြစ်ပါတယ် ဒါပေမဲ့အတင်းအဓမ္မ လုပ်အားပေးခိုင်းစေမှုတွေ လျော့ချဖို့ဆိုတာက အစိုးရကိုယ်တိုင်က လိုလိုလားလားနဲ့ဖူးပေါင်းလုပ်ဆောင်ပြီး အကောင်အထည်ဖော်ဆောင်နိုင်မှသာ အကျိူးရလဒ်ကောင်းတွေပေါ်ထွက်လာနိုင်မယ်လို့ထင်တယ်’’ ဟုပြောသည်။

အမေရိကန်အခြေစိုက် Physicians for Human Rights (PHR) အဖွဲ့၏ ၂ဝ၁၁ ဇန်နဝါရီထုတ် လူ့အခွင့်အရေး အစီရင်ခံ စာတွင် ချင်းပြည်နယ်အတွင်း ချင်းလူထု ၉၀ ရာခိုနှုန်းခိုင်းကျော်ခန့်ဟာအမျိူးမျိူးသောလူ့အခွင့် အရေး ချိူးဖောက်မှုများ ခံနေရကြသည်ဟုဖော်ပြထားသည်။

ချင်းလူထုများသည် စစ်တပ်၏ ပေါ်တာဆွဲခြင်း၊ လုပ်အားပေးစေခိုင်းခြင်းအပြင် တနည်းဟုတ်တနည်းနည်းဖြင့် လူ့အခွင့် အရေးချိူးဖောက်ခံနေရသည်ဟုဖော်ပြထားသည်။

Most read this week