စစ်ကိုင်းတိုင်း တမူးမြို့နယ် ခမ်းပတ်ကျေးရွာ ပြည်သူ့ဆေးရုံးကြီးတွင် တာဝန်ထမ်းဆောင်နေ သည့် ဒေါက်တာ Dingliana ကို သက်ဆိုင်ရာဒေသရှိ ဆရာဝန်များက မနာလိုတိုင်တန်းချက်ကြောင့် တခြားနယ်ဘက်သို့ ပြောင်းရွှေ့ခံလိုက်ရကြောင်း သိရသည်။
ချင်းအမျိူးသားဒေါက်တာ Dingliana သည် ဒေသခံပြည်သူများအား ခွဲစိတ်ကုသရာတွင် စျေးနှုန်းချိူသာစွာဖြင့် ကုသပေး လျက်ရှိသည့်အတွက်ကြောင့် တမူးမြို့နယ်ရှိ ဆရာဝန်များကနေပြည်တော်သို့တိုင်တန်းပြီး ခမ်းပတ်ကျေးရွာမှ ချင်းပြည် နယ်၊ ဖလမ်းမြို ့နယ်သို့ ပြောင်းရွေ့ခံလိုက်ရခြင်းဖြစ်သည်။
ခမ်းပတ်ကျေးရွာဒေသခံတဦးက ” သူက လူနာခွဲစိတ်ခကို သုံးသောင်းဘဲယူတယ်၊ အဲလို သုံးသောင်းထဲ ယူတာကို တမူး ခရိုင်မှာရှိတဲ့ ဆရာဝန်တွေကမကျေနပ်ကြဘူး၊ အခြားဆရာဝန်တွေက ၁ သိန်းယူတယ်ဆိုတော့ သူတို့ဆီမှာလူနာခွဲ စိတ်တဲ့သူတွေက မရှိသလောက်ဖြစ်သွားတယ်လေ၊ ဒါကြောင့် ဒေါက်တာ Dingliana ကို တခြား နယ်ဘက်ကို Transfer ခိုင်းဖို့ နေပြည်တော်ကိုတိုင်ကြတာ” ဟုပြောသည်။
ဒေါက်တာ Dingliana အား ခမ်းပတ်ကျေးရွာမှ အပြောင်းမခံရအောင် အနီးအနားကျေးရွာပေါင်း ၂၀ ကျော်မှ ဒေသခံများက နေပြည်တော်သို့ စာရေးတောင်းဆိုခဲ့ကြသေးသော် လည်း ပြီးခဲ့သည့် မတ်လနောက်ဆုံးပတ်က နေပြည်တော်မှ အမိန့်စာ ရောက်ရှိလာကာ ချင်းပြည်နယ် ဖလမ်းမြို့နယ် လုံဘမ်းကျေးရွာ တိုက်နယ်ဆေးရုံးသို့ ပြောင်းရွှေ့ ခံရသည် ဟုသိရသည်။
”သူကကျနော်တို့ပြည်သူတွေအပေါ် စေတနာထက်သန်တဲ့သူပါ၊ ပြည်သူလူထုတွေစားဝတ်နေရေးအတွက် ခက်ခဲနေကြ တယ်ဆိုတာသိတယ်၊ လူနာကိုစျေးနှုန်းသက်သာစွာနဲ့ခွဲစိတ်ပေးတဲ့ဆရာဝန်ဖြစ်တယ်၊ ဒီလိုမျိုး ဆရာဝန်တွေမရှိတော့ ဘူးဆိုတော့ ကျနော်တို့အတွက် တော်တော်လေးကိုအခက်ခဲဖြစ်လာမှာသေချာတယ်၊ လူတွေလည်းတော်တော်လေးကို စိတ်ပျက်နေကြတယ်”ဟုခမ်းပတ်ဒေသခံတဦးကပြောသည်။
ခမ်းပတ်ကျေးရွာသည် ချင်းမျိူးနွယ်အများစုနေထိုင်ကြသည့်ကျေးရွာဖြစ်ပြီး အနီးနားမှကျေးရွာမှာလည်း ချင်းမျိူးနွယ် အများ အပြားနေထိုင်ကြသည်။