အိန္ဒိယနိုင်ငံအရှေ့မြောက်ဘက် မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့တွင်ကျင်းပပြုလုပ်သည့်မြန်မာ့ ရိုးရာအတာသင်္ကြန်ပွဲတော် တွင်မြန်မာအမျိုးသား ၁၀ ယောက်ကျော်ကိုမီဇိုရမ်ရဲများက ဖမ်းဆီးခဲ့ သည်။
မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲကို မြန်မာလူမျိုးအများစုနေထိုင်ကြသည့်အိုင်ဇောလ်မြို့ ဇောင်သွေးရပ်ကွက်တွင် မြန်မာ့လူမှု ရေးအသင်းကဦးဆောင်ပြီးအဆို၊အကများဖြင့် ဧပြီလ ၁၅ ရက်နေ့က ကျင်းပခဲ့ကြစဉ် မီဇိုရမ် ရဲတွေကအချုပ်ကားဖြင့် ရောက်ရှိလာကာ မြန်မာအမျိုးသားယက္ကန်းသမား ၁၃ယောက်ဖမ်းဆီးသွားခဲ့ ခြင်းဖြစ်သည်။
ယခုကဲ့သို့ မီဇိုရမ်ရဲများက လာရောက်ဖမ်းဆီးရခြင်းမှာ ဒေသခံများထံမှလာရောက်တိုင်ကြားခြင်းကြောင့် အထက်အမိန့် အရဖမ်းဆီးခြင်းဖြစ်ကြောင်းရဲဝန်ထမ်းတဦးကပြောသည်။
အိုင်ဇောလ်မြို့တွင် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲကျင်းပပြုလုပ်နိုင်ရန်မြန်မာလူမှုရေးအသင်းက မီဇိုရမ် အာဏာပိုင်၏ခွင့်ပြုချက်ဖြင့်ကျင်းပခဲ့ကြခြင်းဖြစ်သည်ဟုမြန်မာ့လူမှုရေးအသင်းခေါင်းဆောင်တဦး ကပြောသည်။
“ဒီမှာရောက်လာတဲ့ မြန်မာလူမျိုးတွေ ပျော်ရွှင်နိုင်ကြဖို့ဆိုပြီးကျနော်တို့ကျင်းပပေးတာဖြစ်တယ်၊မီဇိုရမ် အာဏာပိုင်တွေ ထံလည်းပွဲမိန့်တောင်းပြီး သူတို့ကလည်း ခွင့်ပြုတယ်လေ၊ လုံခြံုရေး အတွက်တောင်သူ တို့ရဲဝန်ထမ်း ၃ ဦးစေလွတ်ပေး တယ်၊ ဒါပေမဲ့ညနေပိုင်းလောက်ကျတော့ပြန်ဖမ်း တယ်ဆိုတော့ကျနော်တို့ နားမလည်နိုင်တော့ဘူး”ဟုသူကပြောသည်။
ဆက်လက်ပြီးသူက ”ကျနော်တို့ဝမ်းနည်းပါတယ်၊တနှစ်တခါကျင်းပတဲ့ရိုးရာပွဲတော်ကျင်းပတဲ့အခါမျိုးမှာ တော့လူငယ်တွေ နည်းနည်း သောက်စားတာတော့ရှိတာပေါ့၊ဒါပေမဲ့ ပြသနာမလုပ်ကြဘူး၊ကိုယ့်ဟာနဲ့ကိုယ် သီချင်းဆိုတယ်၊ ကကြတယ် လေ၊ ဒါပေမဲ့ဒီလိုချိန်မျိုးမှာလာဖမ်းတယ်ဆိုတာမဖြစ်သင့်ဘူးလို့ထင်တယ်”ဟုပြောသည်။
အဖမ်းခံခဲ့ရသည့် ၁၃ ယောက်ကို BawngKawn ရဲစခန်းတွင်ချူပ်နှောင်ထားကြပြီးမြန်မာ့လူမှုရေး အသင်းခေါင်းဆောင်များ နှင့်ယက္ကန်းရုံပိုင်များတချိူ့ကပြန်လွှတ်ပေးရန်သွားရောက်တောင်းပန်ခဲ့ကြ သော်လည်း တရားရုံးမှာသာဖြေရှင်းကြရန် တာဝန်ကျရဲအရာရှိတဦးကပြောဆိုခဲ့သည်။
မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကိုနိုင်ငံတကာရောက်မြန်မာပြည်သူများနှစ်စဉ်နှစ်တိုင်းကျင်းပလေ့ရှိကြ သည်။