အိန္ဒိယနိုင်ငံတွင် ချင်းကျမ်းစာကျောင်းသား အချင်းချင်း သတ်ဖြတ်မှုဖြစ်ပွား

အိန္ဒိယနိုင်ငံတွင် ချင်းကျမ်းစာကျောင်းသား အချင်းချင်း သတ်ဖြတ်မှုဖြစ်ပွား
by -
ခိုနူမ်းထုန် သတင်းဌာန

အိန္ဒိယနိုင်ငံ၊ Kerala ပြည်နယ်၊Tiriwala မြို့တွင် ကျမ်းစာကျောင်းတက်နေကြသောချင်းကျောင်း သားအချင်းချင်း သတ်ဖြတ်မှုယမန်နေ့ကဖြစ်ပွား ခဲ့ ကြောင်းသိရသည််။

ဧပြီလ ၁၃ ရက်နေ့ နံနက် ၅ နာရီခန့်က Tiriwala မြို့တွင် ကျမ်းစာကျောင်းတက်နေသူ မောင် Joseph အား သူ၏ ကျောင်းနေဖက်ဖြစ်သူ မောင် Thomas ဆိုသူက သတ်လိုက်သည်ဟုနီးစပ်သူကျမ်းစာကျောင်းသား တဦးကပြောသည်။

” Thomas က Joseph ကို သူအလုပ်လုပ်နေတဲ့ ဟိုတယ်မှာ အလုပ်လုပ်ဖို့ ၁၂ ရက်နေ့ကခေါ်ပြီးတည အတူတူ အိပ်ကြ တယ်၊ မနက်ပိုင်းဝေလီဝေလင်း ငါးနာရီထိုးတော့ ဟိုတယ်နားမှာသတ်လိုက် တာဖြစ်တယ်”  ဟု သူကပြောသည်။

သေဆုံးသူ Joseph ( ၂၆ နှစ်ခန့်) သည်  NBC ကျမ်းစာကျောင်းတွင် ဒုတိယနှစ်M.Dvတက်ရောက်နေသူ ဖြစ်ပြီး ချင်းပြည်နယ်၊ မတူပီမြို့နယ်ဘွေရိန်ရွာမှ ဦးလောင်ကာ နှင့်ဒေါ်တေခူးတို့၏သားဖြစ်ကြောင်းသိရ သည်။  မောင် Thomas သည် ချင်းပြည်နယ် ပလက်ဝမြို့နယ်ဒေသ ဘက်ကဖြစ်ကြောင်း သိရသည်။

“အမှုဖြစ်ကြောင်းရာကိုတော့ မသိရသေးဘူး၊ တရားခံကို ရဲက ဖမ်းပြီးစစ်ဆေးနေတယ်၊ သူသေတဲ့ နေရာမှာ ကျောက်ခဲ တွေ သွေးပေကျံနေတယ်၊ ဦးခေါင်းမှာဒါဏ်ရာ တွေ့ရတယ်၊ ” ဟု မျက်မြင်တဦးကျမ်းစာကျောင်းသားက ပြောသည်။

သေဆုံးသူ၏ အလောင်းကို စစ်ဆေးရုံသို့ပို့ထားကြောင်း သိရသည်။

Kerala ပြည်နယ်တွင် ချင်းလူမျိူးကျမ်းစာကျောင်းသာ ၁၀၀ ကျော်ခန့်ရှိသည်ဟုသိရသည်။ငွေကြေး အထောက် အပ့ံ မရှိသည့် ချင်းကျမ်းစာ ကျောင်းသားတချို့ သည်ကျောင်းပိတ်ချိန်တွင် ကျောင်းစရိတ် အတွက် ဟိုတယ်တွင် ညအိပ်ညနေ အလုပ်လုပ်ပြီး ၀င်ငွေရှာ လေ့ရှိကြသည်။

Most read this week