ဟားခါးမှာ ပြည်သူ့စစ်သင်တန်းစရိတ်အတွက် တစ်အိမ် ကျပ် ၁၀၀၀ စီကောက်

ဟားခါးမှာ ပြည်သူ့စစ်သင်တန်းစရိတ်အတွက် တစ်အိမ် ကျပ် ၁၀၀၀ စီကောက်
by -
ခိုနူမ်းထုန် သတင်းဌာန

ချင်းပြည်နယ်၏မြို့တော်ဟားခါးမြို့ပေါ်တွင် ပြည်သူ့စစ်သင်တန်းဖွင့်လှစ်ပို့ချရန်အတွက်ဆို ပြီး ဒေသ အာဏာပိုင် များကတအိမ်ထောင်ကို ကျပ်ငွေ ၁၀၀၀စီကောက်ခံနေကြောင်းသိရ သည်။

Hakha-Town1

ဟားခါးမြို့ပေါ်ရှိ ရပ်ကွက်အုပ်ချူပ်ရေးမှူးရုံးအဖွဲ့ဝင်၊ဆယ်အိမ်ခေါင်းများက ကိုယ့်ရပ်ကွက်အသီးသီးတွင် တစ်အိမ်ကို ကျပ်ငွေတစ်ထောင် နှုန်းဖြင့် ယခုလဆန်းကစတင်ကောက်ခံခဲ့ကြခြင်းဖြစ်သည်။

” အရင်ကတော့ ရယက လို့ခေါ်တဲ့ ယခုရပ်ကွက်အုပ်ချူပ်ရေးမှူးရုံးကနေဆယ်အိမ်ခေါင်းတွေကလာ ကောက်တယ် ၊ လွှတ်တော်ပေါ်ပြီးတော့ လည်းအရင်တိုင်းလုပ်နေကြတာဘဲလားမေးတော့ ဒီတိုင်းပါဘဲတဲ့ ပြည်သူ့ စစ်အတွက်ရံပုံငွေ ကောက်ပါဆိုလို့ လာကောက်တာပါတဲ့ လာကောက်တာတပတ်လောက်ဘဲရှိ သေးတယ်” ဟုဟားခါးမြို့ မှ ဦးဗန် လျံက ပြောသည်။

ပြည်သူ့စစ်သင်တန်းကို မည်သည့်အချိန်၌ စတင်ပို ့ချပေးမည်ကိုအတိအကျမသိရသော်လည်းမကြာခင် ရက်ပိုင်းအတွင်း ဖြစ်နိုင်သည်ဟုသိရသည်။

ပြည်သူ့စစ်သင်တန်းကို ယခင်အတိုင်း ကျေးရွာအလိုက် သတ်မှတ်ထားသည့်အသက်ပြည့်သူများအား ပြန်လည်ခေါ်ယူတက်ရောက်ခိုင်းနိုင်ကြောင်း ဦးဗန်လျံကဆက်ပြောသည်။

“ဆယ်အိမ်ခေါင်းကတော့မသိဘူးတဲ့အရင်တုန်းကတော့ ကျေးရွာအလိုက်အသက်အရွယ်ပြည့်တဲ့လူတွေ အကုန်တက်ရောက်ရမယ်ဆိုပြီးတော့ သတ်မှတ်ချက်ရှိတယ်၊ အဲဒီအတိုင်းဘဲပြန်ခေါ်မလား အရင်က မတက်ရောက်သေးတဲ့သူတွေကို ပြန်ခေါ်မလားတော့မပြောတတ်ဘူး” ဟုသူက ဆက်ပြောသည်။

ယခုကဲ့သို့ အာဏာပိုင်များက ပြည်သူ့စစ်သင်တန်းအတွက်ကြိုတင်ပြင်ဆင်မှုများပြုလုပ်နေခြင်းသည် စစ်မှု မထမ်းမနေ ရအတွက်လူအင်အား စုစည်းနေသလားဆိုပြီး သံသယဖြစ်မိကြောင်း ဦးဗန်လျံကပြောသည်။