ချင်းပြည်နယ်အစိုးရ ၀န်ကြီးများ၏ကိုယ်ရေး ရာဇဝင်အကျဉ်းချူပ် (၂)

ချင်းပြည်နယ်အစိုးရ ၀န်ကြီးများ၏ကိုယ်ရေး ရာဇဝင်အကျဉ်းချူပ် (၂)
by -
ခိုနူမ်းထုန် သတင်းဌာန

ပို့ဆောင်ရေး၊ ဆက်သွယ်ရေး နှင့် ဆောက်လုပ် ရေး ဝန်ကြီးဌါန ၀န်ကြီး

(၁) အမည်                                  ။           ။ ဦးကျင့်လျန်းပေါင်

(၂) လူမျိူး၊ဘာသာ                        ။           ။ ချင်း၊ ခရစ်ယာန်

(၃) မွေးသက္ကရာဇ်၊အသက်              ။           ။ ၂၅.၁၀.၁၉၅၁ (၅၉) နှစ်

(၄)မွေးဖွားရာဇာတိ                        ။           ။ လွမ်းဇန်ကျေးရွာ၊ ဆာလ်ဇန်အုပ်စု၊ တွန်းဇံမြို့နယ်

(၅) ပညာအရည်အချင်း                  ။           ။ ၁၀ တန်း (ခ) အောင်

(၆) အလုပ်အကိုင်                         ။           ။  ကုန်သည်

(၇) အဘအမည်                           ။           ။ ဦးခုပ်ဇာခမ်၊ တောင်သူ (ကွယ်လွန်)

(၈) အမိအမည်                             ။           ။ ဒေါ်တွတ်ဇာကျင်း၊ တောင်သူ (ကွယ်လွန်)

(၉) ဇနီး၊ အလုပ်အကိုင်                  ။           ။ ဒေါ်ညောင်လမ်နွမ်းကျိန်၊ ကုန်သည်

(၁၀) သား၊သမီး                           ။           ။ (၁) မကျင်းစန်းကျိန် (ဓမ္မဆရာ)၊ (၂) မထန်နွမ်းဝုန် (ကျောင်းသူ)၊ (၃) မကျိန်ငိုက်ဟွဲ (ကျောင်းသူ)၊ (၄) မကျိန်ရှင်းလွန်း (ကျောင်းသူ)၊ (၅) မညင့်ဒိမ့်ကျိန် (ကျောင်းသူ)၊ (၆) မခမ်ဒိတ်ကျိန် (ကျောင်းသူ)၊ (၇) မောင်ခမ်တုန်းမုန် (ကျောင်းသား)၊ (၈) မောင်ထန်ရှင်းခုပ် (ကျောင်းသား)

(၁၁) အမြဲတမ်းလိပ်စာ                   ။           ။ ခေါဝုန်၊ လေးဆန်ရပ်ကွက်၊ တွန်းဇံမြို့

(၁၂) ကိုယ်စားပြုပါတီ                    ။           ။ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ

(၁၃) ရွေးချယ်တင်မြောက်ခံရသည့် မဲဆန္ဒနယ် ။            ။ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မဲဆန္ဒနယ်မြေအမှတ်(၁)၊ တွန်းဇံမြို့နယ်

(၁၄) ကိုယ်ရေးအကျဉ်းချူပ်။            ။           ။ အခြေခံပညာကို လွမ့်ဇန်၊ ဖိုင်ဒိမ် အ.မ.က ကျောင်းများ၌ လည်းကောင်း၊ တွန်းဇံမြို့ အ.ထ.က နှင့် မော်လမြိုင်မြို့ အ.ထ.က (၉) တို့၌လည်းကောင်း သင်ယူခဲ့သည်။

တွန်းဇံမြို့နယ် အထွေထွေအုပ်ချူပ်ရေးဦးစီးဌါနတွင် အကြီးတန်းစာရေးတာဝန် ထမ်းဆောင်ခဲ့ပါသည်။ လူမှုရေးဆောင်ရွက် ချက်များအဖြစ် တွန်းဇံ အ.ထ.က မိဘဆရာအသင်း တွဲဖက်အတွင်းရေးမှုးအဖြစ် ဆောင်ရွက်ခဲ့သည်။ အခြေခံနိုင်ငံရေး သင်တန်း၊ လူငယ်စီမံရေး သင်တန်း နှင့် အထူးမွမ်းမံသင်တန်းများကို တက်ရောက်ခဲ့သည်။

 

စီမံခန့်ခွဲရေးဝန်ကြီးဌါန နှင့် စက်မှုလက်မှုဝန်ကြီးဌါန ၀န်ကြီး

(၁) အမည်                                  ။           ။ ဦးနိန်နိုင်း

(၂) လူမျိူး၊ဘာသာ                        ။           ။ ချင်း၊ ခရစ်ယာန်

(၃) မွေးသက္ကရာဇ်၊အသက်              ။           ။ ၅.၁၀.၁၉၆၆၊ (၄၄) နှစ်

(၄)မွေးဖွားရာဇာတိ                        ။           ။ မင်းတပ်မြို့၊ ချင်းပြည်နယ်

(၅) ပညာအရည်အချင်း                  ။           ။ B.A (English), B.Ed (E.L.T) Credit

(၆) အလုပ်အကိုင်                         ။           ။  အငြိမ်းစား (ပညာရေး)

(၇) အဘအမည်                           ။           ။ ဦးဂေနိန် (ကွယ်လွန်)

(၈) အမိအမည်                             ။           ။ ဒေါ်နိန်လဲင်း

(၉) ဇနီး၊ အလုပ်အကိုင်                  ။           ။ ဒေါ်အွမ်အွယ် (မြို့နယ်သူနာပြု (၁)၊ ပြည်သူ့ဆေးရုံ၊ မင်းတပ်မြို့

(၁၀) သား၊သမီး                           ။           ။ (၁) မောင်နိန်နိုင်းမာန် (ကျောင်းသား)၊ (၂) မောင်နိန်နိုင်းရှယ် (ကျောင်းသား)၊ (၃) မောင်နိန်နိုင်းအောင် (ကျောင်းသား)၊ (၄) မောင်နိန်နိုင်းဝေ (ကျောင်းးသား)

(၁၁) အမြဲတမ်းလိပ်စာ                   ။           ။ စ/၂၂၉၊ စံပြရပ်ကွက်၊ မင်းတပ်မြို့

(၁၂) ကိုယ်စားပြုပါတီ                    ။           ။ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ

(၁၃) ရွေးချယ်တင်မြောက်ခံရသည့် မဲဆန္ဒနယ် ။            ။ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မဲဆန္ဒနယ်မြေအမှတ်(၁)၊ မင်းတပ်မြို့နယ်

(၁၄) ကိုယ်ရေးအကျဉ်းချူပ်။            ။           ။ အခြေခံပညာကို အ.ထ.က (၁) မင်းတပ်နှင့် အ.ထ.က (၃) မေမြို့ တို့တွင် သင်ယူခဲ့သည်။ မန္တလေးတက္ကသိုလ်၊ မန္တလေးပညာရေးတက္ကသိုလ် နှင့် ဆရာအတတ်သင်ကောလိပ် မန္တလေး တို့တွင် ဆက်လက်သင်ယူခဲ့ပြီး B.A (English), B.Ed (E.L.T) Credit ဘွဲရရှိခဲ့သည်။

တွီဒိန်ရွာ အ.မ.က တွင် မှုလတန်းပြ၊ မင်းတပ်မြို့ အ.ထ.က (၁) တွင် အလယ်တန်းပြ၊ ဖလမ်းမြို့ ရိခေါဒါရ် အ.ထ.က၊ မင်းတပ်မြို့ အ.ထ.က (၁)၊ ဟရီဖီး (ထန်တလန်) အ.ထ.က နှင့် မင်းတပ်မြို့ အ.ထ.က (၂) တို့တွင် အထက်တန်းပြ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၂၀၀၈ ခုနှစ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးအသင်းမှ ဖွင့်လှစ်သည့် နိုင်ငံတကာ ဆက်ဆံရေးသင်တန်း (အင်္ဂလိပ်စာ) အပတ်စဉ် (၈)၊ (၄ လသင်တန်း) ကို ညောင်နှစ်ပင် (ရန်ကုန်) တွင် တက်ရောက်ခဲ့သည်။

 

စွမ်းအင်၊ လျှပ်စစ်၊ သတ္တု နှင့် သစ်တောဝန်ကြီးဌါန ၀န်ကြီး

(၁) အမည်                                  ။           ။ ဦးကျော်ငြိမ်း

(၂) လူမျိူး၊ဘာသာ                        ။           ။ ခူမီးချင်း၊ ဗုဒ္ဓ

(၃) မွေးသက္ကရာဇ်၊အသက်              ။           ။ ၂၆.၁၂.၁၉၅၂၊ (၅၈) နှစ်

(၄)မွေးဖွားရာဇာတိ                        ။           ။ ချင်းဒေါက်ကျေးရွာ၊ ပလက်ဝမြို့နယ် -

(၅) ပညာအရည်အချင်း                  ။           ။ ဖွံ့ဖြိုးရေးသိပ္ပံ

(၆) အလုပ်အကိုင်                         ။           ။  အလယ်တန်းပြ (ငြိမ်း)

(၇) အဘအမည်                           ။           ။ ဦးဆင်းအောင်

(၈) အမိအမည်                             ။           ။ ဒေါ်အောင်တဲ

(၉) ဇနီး၊ အလုပ်အကိုင်                  ။           ။ ဒေါ်ရိုင်းဘဲ၊ အလယ်တန်းပြ

(၁၀) သား၊သမီး                           ။           ။ ၁. မအောင်နွဲ (တောင်သူ)၊ ၂. မောင်နေလင်းကျော် (ကုန်သည်)၊ ၃. မခင်လင်းဝေ (အလယ်တန်းပြ)၊ ၄. မောင်နေလင်းအောင် (လယ်ပြ)၊ ၅. မောင်နေလင်းထိုက် (လယ်ပြ)

(၁၁) အမြဲတမ်းလိပ်စာ                   ။           ။ ချင်းဒေါက်ကျေးရွာ၊ ပလက်ဝမြို့နယ်

(၁၂) ကိုယ်စားပြုပါတီ                    ။           ။ ချင်းတိုးတက်ရေးပါတီ

(၁၃) ရွေးချယ်တင်မြောက်ခံရသည့် မဲဆန္ဒနယ်။ ။ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မဲဆန္ဒနယ်မြေအမှတ်(၁)၊ ပလက်ဝမြို့နယ်

(၁၄) ကိုယ်ရေးအကျဉ်းချူပ်။            ။           ။ အခြေခံပညာကို တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးသိပ္ပံ တွင်သင်ယူခဲ့သည်။ ပညာရေးဌါနတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် အငြိမ်းစားယူခဲ့သည်။ စစ်ကိုင်းတိုင်း ရွာသစ်ကြီး တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးသိပ္ပံကျောင်းတွင် တာဝန်ထမ်းဆောင်ခဲ့သည်။

 

ချင်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ

(၁) အမည်                                  ။           ။ ဦးဟောက်ခင်ခမ်း

(၂) လူမျိူး၊ဘာသာ                        ။           ။ ချင်း၊ ခရစ်ယာန်

(၃) မွေးသက္ကရာဇ်၊အသက်              ။           ။ ၁၂.၂.၁၉၄၈ (၆၂နှစ်)

(၄)မွေးဖွားရာဇာတိ                        ။           ။ ဟိုင်ကျင်းကျေးရွာ၊ တွန်းဇံမြို့နယ်၊ ချင်းပြည်နယ်

(၅) ပညာအရည်အချင်း                  ။           ။ B.A, B.Ed

(၆) အလုပ်အကိုင်                         ။           ။ မြို့နယ်ပညာရေးမှူး (ငြိမ်း)

(၇) အဘအမည်                           ။           ။ ဦးဇဲလ်ခေါ်ထန် (ကွယ်လွန်)

(၈) အမိအမည်                             ။           ။ ဒေါ်ဒမ်းမန်း (ကွယ်လွန်)

(၉) ဇနီး၊ အလုပ်အကိုင်                  ။           ။ ဒေါ်ကျင်းငိုက်ဝှန်၊ စျေးသည်

(၁၀) သား၊သမီး                           ။           ။ ၁. မောင်တွါလ်လမ်းကျင့် (ကျောင်းသား)၊
၂. မောင်ထန်ကိပ်စိန် (ကျောင်းသား)၊ ၃. မဇမ်းတွဲလျန်း (ကျောင်းသူ)၊ ၄. မကျိန်လှိမ်းနွမ်း (ကျောင်းသူ)၊ ၅. မညောင်ဟောက်ကိမ် (ကျောင်းသူ)၊ ၆. မောင်ပေါင်ဆူမ်းခိုင် (ကျောင်းသား)

(၁၁) အမြဲတမ်းလိပ်စာ                   ။           ။ ခလ- ၂၀၉၊ ခေါဝုန်/ လေးဆန်ရပ်ကွက်၊ တွန်းဇံမြို့

(၁၂) ကိုယ်စားပြုပါတီ                    ။           ။ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ဖွံ့)

(၁၃) ရွေးချယ်တင်မြောက်ခံရသည့် မဲဆန္ဒနယ် ။            ။ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မဲဆန္ဒနယ်မြေအမှတ်(၂)၊ တွန်းဇံမြို့နယ်

(၁၄) ကိုယ်ရေးအကျဉ်းချူပ်။            ။           ။ အခြေခံပညာကို ဟိုက်ကျင်း အ.မ.က၊ တွေးမွေရွာ အ.လ.က နှင့် တီးတိန်မြို့ အ.ထ.က တို့၌ သင်ယူခဲ့ပြီး၊ တက္ကသိုလ်ပညာများကို မန္တလေးတက္ကသိုလ်၌ သင်ယူခဲ့သည်။ ရန်ကုန် ပညာရေး တက္ကသိုလ်မှ ပညာရေးဘွဲ့ကို ရရှိခဲ့သည်။

မူလတန်းပြမှ မြို့နယ် ပညာရေးမှူးအထိ ပညာရေးဌါနတွင် လုပ်ကိုင်ခဲ့သည်။ တွန်းဇံမြို့နယ် ပြည်သူ့ ကောင်စီ၊ မြို့နယ် လုပ်ငန်း စစ်ဆေးရေးအဖွဲ့ဝင်အဖြစ်လည်း ဆောင်ရွက်ခဲ့ပါသည်။

 

ချင်းပြည်နယ်လွှတ်တော် ဒု – ဥက္ကဌ

(၁) အမည်                                  ။           ။ ဦးအုန်းလွင်(ခ)ဦးအောင်လော

(၂) လူမျိူး၊ဘာသာ                        ။           ။ ချင်း၊ခရစ်ယာန်

(၃) မွေးသက္ကရာဇ်၊အသက်              ။           ။ ၂-၈-၁၉၅၀၊ (၆၀)နှစ်

(၄) မွေးဖွားရာဇာတိ                       ။           ။ အောက်လားကျေးရွာ၊မတူပီမြို့နယ်

(၅) ပညာအရည်အချင်း                  ။           ။ ဘီအေ

(၆) အလုပ်အကိုင်                         ။           ။ စာရင်းစစ်မှူး(ငြိမ်း)

(၇) အဘအမည်                           ။           ။ ဦးဒိန်သန်း

(၈) အမိအမည်                             ။           ။ဒေါ်ရာဇဲလ်

(၉)ဇနီးအမည်                              ။           ။ ဒေါ်ရွှေတျာလ်

(၁၀) သား၊သမီး                           ။           ။ မောင်ဂျွန်နီလျန်(စာတိုက်)၊ မဒေလီရွှေ(မူပြ)၊ မရွှေငိုင်းပါရ်(သားဖွား)၊ မမေနန်းရွှေ(ကျောင်းသူ)

(၁၁) အမြဲတမ်းနေရပ်လိပ်စာ           ။           ။ စာဘောင်းရပ်ကွက်၊ မတူပီမြို့

(၁၂) ကိုယ်စားပြုပါတီ                    ။           ။ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ(ကြ့ံဖွံ့)

(၁၃) ရွေးချယ်တင်မြောက်ခံရသည့်မဲဆန္ဒနယ်။              ။ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မဲဆန္ဒနယ်အမှတ်(၁) မတူပီမြို့နယ်

(၁၄) ကိုယ်ရေးအကျဉ်းချူပ် ။           ။ အခြေခံပညာကို အ-မ-က လေရိန်း၊ အ-ထ-က မတူပီ၊ အ-ထ-က မင်းတပ် နှင့် အ-ထ-က (၇) တောင်ကြီးတို့တွင် သင်ယူခဲ့သည်။ မန္တလေးတက္ကသိုလ်မှ ဘီအေ ဘွဲ့ရရှိခဲ့သည်။ မြို့နယ်စာရင်းစစ်ရုံး၌ မတူပီ စာရင်းစစ်တာဝန်၊ ခရိုင်စာရင်းစစ်ရုံး၌ မင်းတပ်စာရင်းစစ်တာဝန် နှင့် မတူပီမြို့နယ် စာရင်းစစ်မှူးတာဝန်များထမ်းဆောင်ခဲ့ သည်။

၂၀၀၃ မှ ၂၀၁၀ ပြည့်နှစ်အထိ မတူပီမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးအသင်း၌အတွင်းရေးမှူး အဖြစ် ဆောင်ရွက်ခဲ့သည်။

Most read this week