ရွေးကောက်ပွဲ ကော်မီရှင်မှ သတ်မှတ်သည့် အရည်အချင်း ပျက်ယွင်းသူ အမတ်လောင်း စာရင်းတွင် ချင်းပြည်နယ်မှ ၁၅ ဦးပါ၀င်

ရွေးကောက်ပွဲ ကော်မီရှင်မှ သတ်မှတ်သည့် အရည်အချင်း ပျက်ယွင်းသူ အမတ်လောင်း စာရင်းတွင် ချင်းပြည်နယ်မှ ၁၅ ဦးပါ၀င်
by -
ခိုနူမ်းထုန် သတင်းဌာန

၂၀၁၀ ခုနှစ် နိုဝင်ဘာလ ရ ရက်နေ့က ကျင်းပခဲ့သည့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် ပါ၀င်ယှဉ်ပြိုင်ခဲ့ကြပြီး မဲဆွယ်စည်းရုံးရေး ကာလက အသုံးစရိတ်များကို အချိန်မှီတင် သွင်းနိုင်ခြင်း မရှိသော လွှတ်တော်ကိုယ်စား ...

၂၀၁၀ ခုနှစ် နိုဝင်ဘာလ ရ ရက်နေ့က ကျင်းပခဲ့သည့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် ပါ၀င်ယှဉ်ပြိုင်ခဲ့ကြပြီး မဲဆွယ်စည်းရုံးရေး ကာလက အသုံးစရိတ်များကို အချိန်မှီတင် သွင်းနိုင်ခြင်း မရှိသော လွှတ်တော်ကိုယ်စား လှယ်လောင်း များကို ပြည်ထောင်စု ရွေးကောက် ပွဲကော်မီရှင်က အရည်အချင်း ပျက်ယွင်းသူများ အဖြစ်ကြေညာလိုက် သည့်အထဲတွင် ချင်းပြည်နယ်မှလွှတ်တော် ကိုယ်စားလှယ် လောင်း ၁၅ ဦးပါ၀င်ကြောင်းသိရသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မီရှင်မှ မတ်လ ၁၅ ရက်နေ့က ထုတ်ပြန်သော ယင်းအရည်ချင်း ပျက်ယွင်းသူ အမည်စာ ရင်းတွင်ချင်းပြည်နယ်မှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသော ချင်းတိုးတက်ရေး ပါတီမှ ၃ ဦး၊ချင်းအမျိုးသားပါတီမှ ၃ ဦး၊ တိုင်းရင်း သား စည်းလုံးညီညွတ်ရေးပါတီမှ ၆ဦး၊ အမျိုးသားဒီမိုကရေစီအင်အားစုမှ ၁ ဦး၊ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိူးသား နိုင်ငံရေးအဖွဲ့ချူပ် မှ ၁ ဦး နှင့် တိုင်းရင်းသားလူမျိူးများဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ၁ ဦး တို့ပါ၀င်ကြောင်းစစ်အစိုးရပိုင်မြန်မာ့ အလင်းသတင်းစာတွင် ဖော်ပြထားသည်။

ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ကြသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် ၄င်းတို့၏ကုန်ကျစရိတ်များ ကို လွှတ်တော်ကိုယ်စားလှယ်အမည်စာရင်းကြေညာ သည့်နေ့ရက်မှစ၍ ရက်ပေါင်း ၆၀ အတွင်း သက်ဆိုင်ရာရွေး ကောက်ပွဲကော်မီရှင်ထံသို့တင်သွင်းရမည်ဖြစ်သည်။

ကော်မရှင်က ပြီးခဲ့သည့်ရွေးကောက်ပွဲကာလတွင်လွှတ်တော်ကိုယ်စားလှယ်တဦးလျှင် မှတ်ပုံတင်ကြေး ကျပ် ၅ သိန်း သတ်မှတ်ခဲ့ပြီး ရွေးကောက်ပွဲမဲဆွယ်အသုံးစရိတ်ကို စုစုပေါင်း ကျပ်သိန်း၁ဝဝ အထိ သုံးစွဲခွင့် ပြုခဲ့သည်။

ယခုကဲ့သို့အရည်အချင်းပျက်ယွင်းသူများအဖြစ် ကြေညာခြင်းခံရသည့်လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် လက် ရှိလွှတ်တော်သက်တမ်း နှင့်နောက်လာမည့် လွှတ်တော် သက်တမ်းအတွက် ကျင်းပသည့်ရွေးကောက်ပွဲတွင် လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ပါ၀င်ယှဉ်ပြိုင်ခွင့် မရှိကြောင်း ရွေးကောက်ပွဲ ကော်မီရှင်၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ချင်းပြည်နယ်မှ အရည်အချင်း ပျက်ယွင်းသူများအဖြစ် ကြေညာခံရသည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ စာရင်း

(၁) ချင်းတိုးတက်ရေးပါတီမှ တီးတိန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်                     -  ဦးပီအက်စ်ခန့်ဒို့နန်

(၂) ချင်းတိုးတက်ရေးပါတီမှ ကန်ပက်လက်မြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်           –  ဦးဟုန်းထန်း

(၃) ချင်းတိုးတက်ရေးပါတီမှ တီးတိန်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်                   – ဦးထွမ်ဂိုးထန်

(၄) တိုင်းရင်းသားလူမျိူးများဖွံ့ဖြိုးရးပါတီမှ ဟားခါးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် –   ဦးလှမာ

(၅) ချင်းအမျိုးသားပါတီမှ ကန်ပက်လက်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်               – ဦးလိန်းကီး

(၆) ချင်းအမျိုးသားပါတီမှ တီးတိန်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်                     – ဦးလန်းဇမန်

(၇) ချင်းအမျိုးသားပါတီမှ တီးတိန်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်                      – ဦးကမ်လျန်ထန်

(၈) တစည ဟားခါးမြို့အမျိုးသားလွှတ်တော်ကိုယ်စားလှယ်                                             – ဦးဗျက်ခမ်း

(၉) တစည တွန်းဇံမြို့အမျိုးသားလွှတ်တော်ကိုယ်စားလှယ်                                               - ဦးလွန်ခိုဟန်

(၁၀) တစည ပလက်ဝမြို့နယ် အမျိူးသားလွှတ်တော်ကိုယ်စားလှယ်                                   – ဦးထန်းကီး

(၁၁) တစည ဟားခါးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်                                       – ဦးလျန်ချွန်း

(၁၂) တစည တွန်းဇံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်                                        – ဦးဒိုင်းလျန်ပေါင်

(၁၃) တစည တွန်းဇံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်                                        – ဦးတွာလ်ဒိုပေါင်

(၁၄) အမျိုးသားဒီမိုကရေစီအင်အားစု ပလက်ဝမြို့အမျိုးသားလွှတ်တော်ကိုယ်စားလှယ်         – ဦးကျော်ကျော်ဖြူ

(၁၅) ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်မင်းတပ်မြို့အမျိုးသားလွှတ်တော်       – ဦးလိန်းပိုင်

ကိုယ်စားလှယ်