နေပြည်တော်မှာ ကျင်းပလျက်ရှိသည့် ပြည်ထောင်စု လွှတ်တော် ပုံမှန် အစည်းအဝေးတွင် ချင်းပါတီ လွှတ်တော် ကိုယ်စားလှယ်လောင်းများ တင်သွင်းခဲ့ကြသည့်အဆို တချိူ့ ပြန်လည် ရုပ်သိမ်းခံရ ...
နေပြည်တော်မှာ ကျင်းပလျက်ရှိသည့် ပြည်ထောင်စု လွှတ်တော် ပုံမှန် အစည်းအဝေးတွင် ချင်းပါတီ လွှတ်တော် ကိုယ်စားလှယ်လောင်းများ တင်သွင်းခဲ့ကြသည့်အဆို တချိူ့ ပြန်လည် ရုပ်သိမ်းခံရသည်ဟု သိရသည်။
မတ်လ ၁၄ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် နဝမမြောက် လွှတ်တော်ပုံမှန် အစည်းအဝေးတွင် ချင်းတိုးတက်ရေး ပါတီမှ မတူပီမြို ့နယ် အမျိူးသား လွှတ်တော် ကိုယ်စားလှယ် ဦးပေါ်လျန်လွင် တင်သွင်းထားသော ပလက်ဝ နှင့် မတူပီမြို့ ကို ဆက်သွယ်သော ကားလမ်းအား အမြန်ဆုံး တည်ဆောက်ပေးရန် ဆိုသည့်အဆိုကို ဆောက်လုပ်ရေး ၀န်ကြီးဌါန ၀န်ကြီး ဦးခင်မောင်မြင့်က ပြန်လည် ရုပ်သိမ်းခိုင်းခဲ့ကြောင်း မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။
မိုင်ပေါင်း ၁၃၅ ခန့်ရှည်လျားသည့် ပလက်ဝ နှင့် မတူပီမြို့ကားလမ်းကို လုပ်ငန်းပမဏကြီးမားသည့်အတွက် လတ်တ လောအခြေအနေ တွင် ဆောင်ရွက်နိုင်ခြင်း မရှိသေးသော်လည်း ပလက်ဝ မှ ပြည်သူများသည် မတူပီမြို့သို့သွားလိုပါက ရခိုင်ပြည်နယ် ကျောက်တော်မှတဆင့် အမ်း၊ ပဒါန်း၊ ပေါက်လမ်း၊ မင်းတပ် ကားလမ်းကိုအသုံးပြုပြီး မတူပီမြို့သို့သွား လာနိုင်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးကဖြေကြားခဲ့သည်။
အဆိုပါကားလမ်းသည် အမြန်ကားနှင့်သွားပါက တစ်ရက်ခွဲခန့်နှင့်မတူပီမြို့သို့ရောက်ရှိနိုင် ကြောင်း ၀န်ကြီးကပြော ဆိုသွားသည်။
ထို့ကြောင့် ပလက်ဝ နှင့် မတူပီမြို့ ဆက်သွယ်နိုင်သည့် အမြန်ကားလမ်းတည်ဆောက်ပေးရေးအဆိုသည် အခြားလမ်း ကြောင်းမှသွားရောက်နိုင် ရန်စီးစဉ်ထားပြီးဖြစ်သဖြင့် ယင်းအဆိုကိုပြန်ရုပ် သိမ်းပေးရန် မေတ္တာရပ်ခံပါကြောင်း ၀န်ကြီးက ဆွေးနွေးပြောဆိုသွားခဲ့သည်။
ထို့နောက် ချင်းလွှတ်တော်အမတ် ဦးပေါ်လျန်လွင်က မိမိ၏အဆိုကို မေးခွန်းအနေဖြင့်ပြောင်းလဲမှတ်တမ်းတင်ပေးရန် ပြန်လည်တင်ပြခဲ့ကြောင်းသိရသည်။
ဦးပေါ်လျန်လွင်၏နောက်ထပ်အဆိုတခုဖြစ်သည့် ဂန့်ဂေါမြို့ နှင့် ရေဇွာမြို့အကြားကားလမ်းအား ဆယ့်နှစ်ရာသီသွားနိုင် အောင်ပြုပြင်ပေးနိုင်ရန်နှင့်အရှေ့ဂန်ဂေါ နှင့် အနောက် ဂန့်ဂေါကြားရှိ ကြိုးတံတားအား ကားသွားနိုင်သောတံတားအဖြစ် ပြုပြင်ပေးရန် ဆိုသည့်အဆိုနှင့်ပတ်သက်ပြီး ဆောက်လုပ်ရေးဝန်ကြီး ဦးခင်မောင်မြင့် က ပြန်လည်ဆွေးနွေးဖြေကြားရာ တွင် ဂန့်ဂေါမြို့ နှင့် ရေဇွာမြို့အကြားကားလမ်းအား ဆယ့်နှစ်ရာသီသွားနိုင်သော ကားလမ်းအဖြစ် ဆောက်ရွက်သွား မည် ဖြစ်ကြောင်း၊ အရှေ့ဂန်ဂေါ နှင့် အနောက် ဂန့်ဂေါကြားရှိ ကြိုးတံတားအား ကားသွားနိုင်သောတံတားအဖြစ် ပြုပြင်ပေးရန် အဆိုသည် လတ်တလောဆောင်ရွက်ပေးရန် မလိုအပ်သောတံတားဖြစ်ပါဖြစ်သဖြင့် ယင်းအဆိုပြု ချက်ကို ပြန်လည်ရုပ် သိမ်းရန်ပြောဆိုခဲ့သည်။
ထို့နောက် ဦးပေါ်လျန်လွင်က ဂန့်ဂေါမြို့ နှင့် ရေဇွာမြို့အကြားကားလမ်းအား ဆယ့်နှစ်ရာသီသွားနိုင်အောင်ပြုပြင်ပေးရေး အဆိုကို အတည်ပြုပေးရန်နှင့် ရှေ့ဂန်ဂေါ နှင့် အနောက် ဂန့်ဂေါကြားရှိ ကြိုးတံတားအား ကားသွားနိုင်သောတံတားအဖြစ် ပြုပြင်ပေးရေး အဆိုကိုပြန်လည်ရုပ်သိမ်းခဲ့ကြောင်းသိရသည်။
အလားတူ ချင်းတိုးတက်ရေးပါတီမှ ဖလမ်းမြို့နယ် အမျိူးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျွန်ခဲန်း၏ တန်းဖိုးနည်း အိမ် ရာများဆောက်လုပ်ပြီး ၀န်ထမ်းငယ်များအား ၄င်းတို့၏လစာငွေမှ လစဉ်အရစ်ကျ ခုနှိမ်စနစ်ဖြင့် ၀ယ်ယူရေး အဆိုကိုလည်း ဆောက်လုပ်ရေးဝန်ကြီး ဦးခင်မောင်မြင့်က နိုင်ငံတော်အစိုးရမှ အငှးချ ၀န်ထမ်းအိမ်ရာ စီစဉ်ပေးထားပြီးဖြစ်သည့်အတွက် လတ်တလောဆောင် ရွက်ပေးရန်အစီစဉ် မရှိသောကြောင့် ပြန်လည်ရုပ်သိမ်းခိုင်းလိုက်သည်ဟုသိရသည်။
ယခုကဲ့သို့ ချင်းပါတီလွှတ်တော်ကိုယ်စားလှယ်များ၏အဆိုတချိူ့ပြန်ရုပ်သိမ်းခံရမှုနှင့်ပတ်သက်ပြီး ချင်းအမျိူးသားပါတီ ဥက္ကဌလည်းဖြစ် တီးတိန်မြို့ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်လည်းဖြစ်သည့် ဦးဇိုဇမ်းက “ကျနော်တို့ကိုယ်စားလှယ် တွေ ပြည်သူတွေရဲ့ကိုယ်စားလွှတ်တော်မှာ အဆိုတွေတင်သွင်းနိုင်တာ အရမ်းကိုချီးကျူးပါတယ်၊ ကျနော်တို့ ကိုယ်စား လှယ် တွေက ပြည်သူတွေရဲ့ ခံစားချက်၊ လိုအပ်ချက်တွေ တောင်းဆိုမှုက တာဝန်ကျေပါတယ်၊ ရတာမရတာက သူတို့ ပိုင်ရာပိုင် ရာ အပေါ်မှာမူတည်မှာလေ၊ ဘာဘဲဖြစ်ဖြစ် ကျနော် တို့လွှတ်တော်ကိုယ်စားလှယ်တွေကို ချီးကျူးပါတယ်”ဟုခိုနူမ်းထုန်ကို ပြောသည်။
ဆက်လက်ပြီးသူက လက်ရှိအစိုးရအနေဖြင့် ၄င်းတို့အဆိုတင်သွင်းမှုအပေါ် တုန့်ပြန်မှုအားနည်းနေကြောင်း၊ နောင်လာ မည့်အစိုးရသစ်ကျရင် ပိုတောင်းဆိုရမည်ဟုပြောသည်။
“ဒီလွှတ်တော်အစည်းအဝေးဟာ တင်ပြဖို့သက်သက်မဟုတ်ပါဘူး၊ တင်ပြရင်းနှင့် ထွက်လာမည့်အဖြေတခုတော့လိုချင် တာပေါ့ဗျာ၊ အခုကျနော်သုံးသပ်မိသလောက်ဆိုရင် respond (တုန့်ပြန်ချက်) ကအရမ်းနည်းပါတယ်”ဟုသူကဆက်ပြော သည်။
ဟားခါးမြို့ချင်းအမျိူးသားပါတီမှပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးငွန်မောင်း၏ ယခင်လွှတ်တော်အစည်းအဝေးတွင် တင်ပြခဲ့သော ချင်းပြည်နယ်၏မြို့တော် ဟားခါးမြိုကို အခြားပြည်နယ်မြို့တော် များကဲ့သို့ အဆင့်မီတည်ဆောက်ပေးရေး အဆိုနှင့်ပတ်သက်ပြီး ထန်တလန်မြို့နယ် ချင်းအမျိူးသားပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါ်ဇာတလဲမ်း ထောက်ခံကြောင်းဆွေနွေးခဲ့သည်။
အဆိုပါကိစ္စနဲ့ပတ်သက်ပြီး နယ်စပ်ဒေသ နှင့် တိုင်းရင်းသားလူမျိူးများဖွံ့ဖြိုးတိုးတက်ရေး နှင့် စည်ပင်သာယာရေးဝန်ကြီးဌါ နမှ ၀န်ကြီး ဦးသိန်းညွန့်က ဟားခါးမြို့ကိုအဆင့်မီမြို့ ကြီးကဲ့သို့ အကောင်အထည်ဖော်ဆောက်ရွက်လျက်ရှိသည့်အတွက် ကြောင့် ယင်းအဆိုကို ဆက်လက်ဆွေးနွေးရန် မလိုတော့ကြောင်းပြန်လည်ဖြေကြားခဲ့သည်။