အမှတ် (၂) နယ်စပ် ကုန်သွယ်ရေး လမ်းတွင် ကားထပ်မံ တိမ်းမှောက်၊ လူ ၄ ဦးသေဆုံး

အမှတ် (၂) နယ်စပ် ကုန်သွယ်ရေး လမ်းတွင် ကားထပ်မံ တိမ်းမှောက်၊ လူ ၄ ဦးသေဆုံး
by -
ခိုနူမ်းထုန် သတင်းဌာန


အိန္ဒိယ-မြန်မာနယ်စပ် အမှတ်(၂) နယ်စပ် ကုန်သွယ်ရေးလမ်း ချင်းပြည်နယ် တီးတိန်မြို့နယ်တွင် မနေ့က ကားတစီး ထပ်မံ တိမ်းမှောက်ခဲ့မှုကြောင့် လူ ၄ ဦး သေဆုံးပြီး အယောက် ၃၀ ခန့် ဒဏ်ရာရ ...

အိန္ဒိယ-မြန်မာနယ်စပ် အမှတ်(၂) နယ်စပ် ကုန်သွယ်ရေးလမ်း ချင်းပြည်နယ် တီးတိန်မြို့နယ်တွင် မနေ့က ကားတစီး ထပ်မံ တိမ်းမှောက်ခဲ့မှုကြောင့် လူ ၄ ဦး သေဆုံးပြီး အယောက် ၃၀ ခန့် ဒဏ်ရာရရှိကြကြောင်းသိရသည်။

Car-Accident-122ယမန်နေ့ မတ်လ ၁၀ ရက်နေ့ နံနက် ၁၀ နာရီခန့်က တီးတိန်မြို့မှ အမှတ် (၂) နယ်စပ် ကုန်သွယ်ရေးစခန်း ရိ မြို့ဘက်သို့ ကုန်အပြည့်နှင့် ခရီးသည် ၃၀ ခန့်တင်ဆောင်လာသော ဒိုင်နာကားတစီးသည် တီးတိန်မြို့နယ် Lamzang ကျေးရွာအလွန် လမ်းအကွေ့၌ တိမ်းမှောက်သွားခဲ့သည်ဟုသိရသည်။

အခင်းဖြစ်ပွားရာနေရာတွင် အမျိူးသမီးတဦး Nu Vung San Cing နှင့်ကလေးငယ်တဦး Tg. Nau Dam Peek တို့ပွဲချင်းပြီးသေဆုံးခဲဲ့ကြောင်း၊ ထို့နောက် လူနာများကို တီးတိန်မြို့ပြည်သူ့ဆေးရုံကြီးသို့တင်ဆောင်နေစဉ် လမ်းတွင် ကားနောက်လိုက် PaNangKhanLian ဆိုသူ နှင့် ဆေးရုံးကြီးတွင် Pa Thawng Kho Pau ဆိုသူတဦးထပ်မံသေ ဆုံးခဲ့ကြောင်းဒေသခံများကပြောသည်။

Car-Accident-9ဒဏ်ရာရသူများထဲမှ စိုးရိမ်ရသည့် လူနာများကို ကလေးမြို့ဘက်သို့ လိုင်းကားဖြင့် မနေ့က ပို့ဆောင်ခဲ့ ကြောင်း၊ ယခုတီးတိန်ပြည်သူ့ဆေးရုံးကြီးတွင် လူနာ ရ ဦးက ဆေးဝါးကုသမှုခံယူနေကြဆဲဖြစ်ကြောင်းသိရသည်။

အဆိုပါ ဒိုင်နာကားပေါ်တွင် ပါလာသော ခရီးသည် အများစုသည် ကလေးမြို့တာဟန်းရပ်ကွက်တွင် အများစုနေထိုင် သူများဖြစ် ကြသည်ဟုသိရသည်။

တိမ်းမှောက်သွားသည့် ဒိုင်နာသည် လိုင်းတွီးရွာသား ဦးကာခိုင်၏ ကားဖြစ်ပြီး ကားပေါ်တင်ထားသော ကုန်အလေးချိန် အားကြောင့် လမ်းကွေ့မှာ ယခုလိုတိ်မ်းမှောက်ရခြင်းဖြစ်နိုင်ကြောင်း ဒေသခံများကပြောသည်။

ယခုလ ရ ရက်နေ့ကလည်း တီးတိန်မြို့နယ် လိုင်သွေးကျေးရွာတွင် ဂျစ်ကားတစီးတိမ်းမှောက်သွားခဲ့ရာ ခရီးသည် တဦး သေဆုံးပြီး ၄ ဦးပြင်ထန်စွာဒဏ်ရာရရှိသွားခဲ့သည်။

လွန်ခဲ့သည့် ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့ကလည်း တီးတိန်မြို့နယ်တွင် ဘစ်ကားတီးမှောက်မှုကြောင့် လူ ၁၆ ဦး သေဆုံးမှုဖြစ်ပွားခဲ့သည်။

Most read this week