မနေ့က ကျင်းပသည့် ချင်းပြည်နယ် လွှတ်တော် အစည်းအဝေးတွင် ချင်းပြည်နယ် ၀န်ကြီးများအဖြစ် တာဝန်ထမ်းဆောင်မည့် ၀န်ကြီးစာရင်းကို ပြည်နယ်ဝန်ကြီးချူပ် ဦးဟုန်းငိုင်းက တင်သွင်းရာ ...
မနေ့က ကျင်းပသည့် ချင်းပြည်နယ် လွှတ်တော် အစည်းအဝေးတွင် ချင်းပြည်နယ် ၀န်ကြီးများအဖြစ် တာဝန်ထမ်းဆောင်မည့် ၀န်ကြီးစာရင်းကို ပြည်နယ်ဝန်ကြီးချူပ် ဦးဟုန်းငိုင်းက တင်သွင်းရာတွင် ချင်းပါတီ ၂ ခုမှ တဦးစီသာ ပါ၀င်ခဲ့ကြောင်း သိရသည်။
စုစုပေါင်း ၀န်ကြီး ၉ နေရာနဲ့ ဖွဲ့စည်းမည့် ချင်းပြည်နယ်အစိုးရတွင်ကြံ့ဖွံ့ပါတီ နှင့်စစ်တပ်ကိုယ်စားလှယ်များမှ အများစု ပါ၀င်ပြီးချင်းအမျိုးသားပါတီ နှင့် ချင်းတိုး တက်ရေးပါတီမှ တစ်ဦးစီပါ၀င်ကြမည်ဖြစ်သည်။
၀န်ကြီးချူပ်ကအဆိုတင်သွင်းသော ၀န်ကြီးအဖွဲ့တွင်ဟားခါးမြို့နယ်မှအရွေးခံရသည့် ချင်းအမျိုးသားပါတီမှ လွှတ်တော် အမတ်ဦးရမ်မာန်း နှင့်ပလက်ဝမြို့နယ်မှ အရွေးခံရသည့်ချင်းတိုးတက်ရေးပါတီလွှတ်တော်အမတ် ဦးကျော်ငြိမ်းတို့ ၂ ဦးပါ၀င်မည်ဖြစ်သည်။
ဦးရာမ်မန်းသည် အငြိမ်းစားအထက်တန်းပြဆရာတဦးဖြစ်ပြီး B.A, B.E.D, B.R.Eဘွဲ့ရရှိခဲ့သည့့်အပြင် CACC ခေါ် ချင်းခရစ်ယာန် လူမှုအသင်းတွင်အတွင်းရေးမှူးတာဝန်ကို ထမ်းဆောင်ခဲ့ဘူးသူဖြစ်သည်။ ဦး ကျော်ငြိမ်း၏ကိုယ်ရေး အကျဉ်းကိုမူ အသေးစိပ်မသိရပေ။
မနေ့က တင်သွင်းသည့် ၀န်ကြီးများစာရင်းတွင် အသက် ၃၅နှစ်မပြည့်သည့်ကန်ပက်လက်မြို့နယ်မှ ရွေးကောက် ခံကြံ့ ဖွ့ံလွှတ်တော် အမတ်ဦးကွေထန်းဆိုသူပါ၀င်ခဲ့ခြင်းကြောင့် ချင်းပါတီများမှ လွှတ်တော်အမတ်၁၁ဦးတို့က နိုင်ငံတော် သမ္မတ ထံသို့ကန့်ကွက်စာ ပေးပို့ထားသည်ဟုလည်းသိရသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲတွင် ၀န်ကြီးတဦးသည်အသက် ၃၅နှစ်ပြည့်ပြီးသူဖြစ်ရမည်ဟု ပြဌါန်းထားသည်။
ချင်းပြည်နယ်၏ ၀န်ကြီးဌါန ၉ ခုအနက် လုံခြံုရေး နဲ့နယ်စပ်ရေးရာဝန်ကြီးဌါနများကို စစ်တပ်ကိုယ်စားလှယ်များ အား ခန့်
အပ်သွားမည်ဖြစ်ကြောင်း ကျန်ရှိသည့် ၀န်ကြီးဌါန ရ ခု အနက် အရေးပါသည့်နေရာများအား ကြံ့ဖွံ့အမတ်များကို ခန့် အပ်သွားဘွယ်ရှိကြောင်းဟားခါးမြို့ခံလူငယ်တဦးကပြောသည်
ယင်းကိစ္စနှင့် ပါတ်သက်ပြီး ချင်းအမျိုးသားပါတီမှပြောရေးဆိုခွင့်ရှိသူတဦးအား ဆက်သွယ်မေးမြန်းခဲ့သော်လည်း တစုံ တရာပြောဆိုခြင်းမရှိပေ။