ကလေးမြို့တွင် ပစ္စည်းလုယက်မှု ထူပြောလာ

ကလေးမြို့တွင် ပစ္စည်းလုယက်မှု ထူပြောလာ
by -
ခိုနူမ်းထုန် သတင်းဌာန

စစ်ကိုင်းတိုင်း၊ ကလေးမြို့၌ ယခုရက်ပိုင်းအတွင်း အမည်မသိလူငယ်တချိူ့က ဆိုင်ကယ်စီးရင်း လမ်းပေါ်တွင် သွားလာနေကြသည့် ဒေသခံများ၏ လက်စွဲအိတ်၊ စွဲကြိုး များကို လုယူထွက် ပြေးသည့်ဖြစ်ရပ်များ မကြာခဏ ဖြစ် ...

စစ်ကိုင်းတိုင်း၊ ကလေးမြို့၌ ယခုရက်ပိုင်းအတွင်း အမည်မသိလူငယ်တချိူ့က ဆိုင်ကယ်စီးရင်း လမ်းပေါ်တွင် သွားလာနေကြသည့် ဒေသခံများ၏ လက်စွဲအိတ်၊ စွဲကြိုး များကို လုယူထွက် ပြေးသည့်ဖြစ်ရပ်များ မကြာခဏ ဖြစ်ပွားလျက်ရှိကြောင်း ကလေးဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၇ ရက်နေ့ညနေပိုင်းက ကလေးမြို့ တောင်ဖီလာရပ်ကွက်တွင် ကျောင်းဆရာမတဦး၏ လက်စွဲအိတ်တလုံးကို ဆိုင်ကယ်စီးလူနှစ်ဦးက လုယူပြီး ထွက်ပြေးသွားခဲ့သည်ဟုသိရသည်။

အလုခံရသည့် လက်စွဲအိတ်တွင် ကျောင်းငွေ ၃ သောင်းကျော်၊ ကျောင်းနှစ်ချူပ်စာရင်း နှင့် မူလတန်းစာမေးပွဲအ တွက် မေးခွန်းလွှာများ ပါရှိသည်ဟု သိရသည်။

“အဲဒီနေ့က ဆိုင်ကယ်မအားတာနဲ့ ဆရာမကခြေလျင်နဲ့ဘဲ ကျောင်းသားအိမ်မှာ ကျူရှင်သွားပြပြီး ပြန်လာတဲ့အချိန်မှာပေါ့ တောင်ဖီလာဂေါက်ကွင်းသွားတဲ့လမ်း၊ အ.ထ.က (၂) ကျောင်းမ ရောက်ခင် အကြော် ဆိုင်ရှေ့ရောက်တော့ အရှေ့ဘက်ကနေ လူနှစ်ယောက်စီးတဲ့ ဆိုင်ကယ်တစီး မြန်မြန် ဆန်ဆန် ပြေးလာပြီး အဲဒီ ဆရာမကို ကျော်သွားတယ်၊ ပြီးမှ အနောက်ဘက်ကနေတဆင့် အရှိန်ပြင်းပြင်းနဲ့ ပြန် လှည့်လာပြီး သူစွဲထားတဲ့ လက်စွဲအိတ်ကို စွဲယူပြီး ထွက်ပြေးသွားတယ်” ဟု အဆိုပါ ကျောင်းဆရာမနှင့် နီးစပ်သူတဦး ကပြောသည်။

ယင်းအဖြစ်အပျက်ကိုတွေ့မြင်ကြသည့် အနီးနားမှ လူတချိူ့က အဆိုပါဆိုင်ကယ်နဲ့လူနှစ်ယောက်ကို ချက်ချင်းလိုက် သွားကြသော်လည်း လိုက်မမှီနိုင်တော့ ကြောင်း သူကဆက်ပြောသည်။

ဇန်နဝါရီလနှစ်ဆန်းပိုင်းကလည်း ကလေးမြို့မှ ပန်းတိမ်ပိုင်ရှင်အမျိုးသမီးတဦးသည် ဆိုင်မှအပြန်လမ်းတွင် ကျပ်ငွေ ၃ သိန်းကျော် ထည့်ထားသည့်သူ၏ လက်စွဲ အိတ်ကို ဆိုင်ကယ်စီးလူနှစ်ဦးက လုယူကာ ထွက်ပြေးတိုင်ရှောင်သွား ခဲ့သည်ဟု သိရသည်။

“အခုလို ဆိုင်ကယ်စီးရင်း သူများပစ္စည်း လုယူ၊ သောင်းကြမ်းမှုဟာ ၂၀၁၀ နှစ်ကုန်ပိုင်းလောက်မှစပြီးတော့ ခေတ်စား လာတာကိုတွေ့ရတယ်” ဟု ကလေးမြို့ ဒေသခံတဦးက ပြောသည်။

ယခုကဲ့သို့ ကလေးမြို့တွင် လုယက်မှု များပြားလာရသည့်အကြောင်းရင်းကို အတိအကျမသိရှိနိုင်သော်လည်း ပစ္စည်းလုယူ သူများသည် အများအားဖြင့် အရက် သမားများဖြစ်နိုင်ကြောင်း၊ အများစုမှာ လူငယ်များဖြစ်ကြသည် ဟုကလေးဒေသခံတွေ ကပြောသည်။

အဆိုပါ လုယက်မှုများနဲ့ပတ်သက်ပြီး ဒေသခံအာဏာပိုင်များက တစုံတယောက်ကိုမှဖမ်းဆီးနိုင်ခြင်းမရှိသေး ကြောင်းသိရ သည်။ ထို့ကြောင့် ကလေးမြို့ပြည်သူ များ အပြင်ထွက်ရာမှာလည်း သတိထားပြီး သွားလာနေကြရ သည်ဟု ကလေးဒေသခံကပြောသည်။