စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှု ပြန်ရုတ်သိမ်းပေးရန် ချင်းတိုးတက်ရေး ပါတီက တောင်းဆို

စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှု ပြန်ရုတ်သိမ်းပေးရန် ချင်းတိုးတက်ရေး ပါတီက တောင်းဆို
by -
ခိုနူမ်းထုန်

နအဖစစ်အစိုးရအပေါ် စီးပွားရေးဒဏ်ခတ် ပိတ်ဆို့မှုကို အမြန်ဆုံး ပြန်လည် ရုတ်သိမ်းပေးကြရန် ချင်းတိုးတက်ရေး ပါတီက အမေရိကန်အပါအဝင် ဥရောပနိုင်ငံများသို့ တောင်းဆို ...

နအဖ စစ်အစိုးရအပေါ် စီးပွားရေးဒဏ်ခတ် ပိတ်ဆို့မှုကို အမြန်ဆုံးပြန်လည်ရုတ်သိမ်းပေးကြရန် ချင်းတိုးတက်ရေး ပါတီက အမေရိကန်အပါအဝင် ဥရောပနိုင်ငံများသို့ တောင်းဆိုလိုက် သည်။

မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ခြင်းသည် လူများစုမြန်မာပြည်သူ လူထုအပါအဝင် တိုင်းရင်းသားဒေသများမှ အင်မတန် ဆင်းရဲကျပ်တည်းသည့် ပြည်သူ လူထုများအား ပိုမိုဆိုးရွား သည့်အကျပ်အတည်းများသို့ ဆိုက်ရောက်စေ သည့်အတွက်ကြောင့် အဆိုပါ စီးပွားရေးဒဏ် ခတ် ပိတ်ဆို့မှုကို ပြန်လည်သုံးသပ်ပြီး အမြန်ဆုံးရုတ်သိမ်းပေးကြရန် ၂၀၁၀ ရွေး ကောက်ပွဲ တွင်ပါ၀င် ယှဉ်ပြိုင်ခဲ့သည့်ချင်းတိုးတက်ရေးပါတီ(စီပီပီ)၏ ယခုလ ၂၁ ရက်နေ့ ကြေညာချက် တွင် တောင်းဆိုလိုက်ခြင်းဖြစ်သည်။

ချင်းတိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး(၂)ဦးစိန်ထွန်းက စီးပွားရေးဒဏ်ခတ်ပိတ်ဆို့ မှုသည်စစ်အစိုးရတခုတည်း ကိုသာမထိခိုက်ဘဲ ပြည်သူလူထုကိုပါထိခိုက်နေသည်ဟုပြော သည်။

“ဒီ Sanction က စစ်အစိုးရတင်ထိတာမဟုတ်ဘူး၊ ပြည်သူလူထု အောက်ခြေလူတန်းစာကို တော်တော်လေးထိတယ်ဗျ၊ ဒါကြောင့် ဒီ Sanction ကို ဆက်ပြီးတော့မထားစေချင်ဘူး၊ ပြည်သူလူထုကလည်း ခံစားရပေါင်းများနေပြီ၊ တကယ်လို့ Sanction ကိုပြန်ဖွင့်ပေးလိုက်ရင် ပြည်သူလူထုလည်းချောင်သွားမယ်ပေါ့၊ ဒါကြောင့် စီးပွားရေးပိတ်ဆို့မှုပြန်ရုတ်သိမ်းဖို့ တောင်း ဆိုတာပါ”ဟု  ဦးစိန်ထွန်းကပြောသည်။

စီးပွားရေးပိတ်ဆို့မှု မူဝါဒသည် World Bank, International Monetary Fund နှင့် အထူးသဖြင့် အနောက်နိုင်ငံများမှ ကုန်သွယ်ရေး ၊ရင်းနှီးမြှုပ်နှံမှုများ မြန်မာနိုင်ငံတွင်ပြု လုပ်ခွင့် မရှိသောကြောင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို အကြီးအကျယ် အဟန့်အတားဖြစ်စေ သည်ဟု ၄င်းတို့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် အမေရိကန်၊ သြစတေးလျ၊ နော်ဝေး၊ ကနေဒါ၊ ဥရောပ နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံ အပေါ် ထားရှိသည့် ၄င်းတို့စီးပါွးရေးပိတ်ဆို့မှု မူဝါဒကို သေသေချာချာ ပြန်လည် သုံးသပ်ကြပြီး အမြန်ဆုံးရုတ်သိမ်း ပေးကြရန်အနူးအညွတ်တောင်းပန်သည်ဟု အဆိုပါ ထုတ်ပြန်ချက် တွင်ဆက်လက်ဖော် ပြထားသည်။

အလားတူ မြန်မာစစ်အစိုးရအနေနှင့်လည်း လူသားတိုင်း၏မွေးရာပါအခွင့်အရေးများကို ချိူး ဖောက်၊ ကန့်သတ်ခြင်းမပြုဘဲ စက်မှု၊လက်မှုအတတ်ပညာများနှင့် ပြည်သူလူထု၏ဘဝကို ပိုမို တိုးတက်ရေး ဖန်းတီးခွင့်ပြုရန် လိုအပ်ကြောင်း စီပီပီက တောင်းဆိုထားသည်။

ထို့အပြင် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်သူလူထုမှ ရွေးချယ်ထားကြသည့် လွှတ်တော် အမတ်များက လည်း  ဥပဒေပြုအဖွဲ့ နှင့် အစိုးရသစ်ထဲတွင် ပါ၀င်လာကြတော့မည်ဖြစ်ပြီး တရားမျှတသည့် အစိုးရ အဖွဲ့တရပ်ပေါ် ပေါက်လာရန်လည်း မျှော်လင့်မိကြောင်း ၄င်တို့ ကြေညာချက်တွင်ဖော်ပြထား ပါသည်။

ယခုလ ၁၅ ရက်နေ့ကလည်း ၂၀၁၀ ရွေးကောက်ပွဲတွင်ပါ၀င်ခဲ့ကြသည့် ကျားဖြူပါတီ ခေါ် ရှမ်း တိုင်းရင်းသား ဒီမိုကရက်တစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ရခိုင်တိုင်းရင်း သားများ တိုးတက်ရေး ပါတီ၊ ချင်းအမျိုးသားပါတီနှင့် ဖလုံစဝေါ် ဒီမိုကရက်တစ် ပါတီများက အနိုင်ရပါတီမှ လွှတ်တော်ကိုယ်စားလှယ် ၂ဝ ကျော်က မြန်မာစစ်အစိုးရ အပေါ် စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုကို ရုတ်သိမ်းပေးရန်တောင်းဆိုခဲ့ကြသည်။

မြန်မာစစ်အစိုးရ၏ လူ့အခွင့်အရေးအမျိူးမျိူးချိူးဖောက်မှုများကြောင့် စစ်ခေါင်းဆောင်မိသားစု နှင့် ၄င်းတို့နှင့် နီးစပ်သူ စီးပွားရေးလုပ်ငန်းရှင်များကို အမေရိကန်အပါအဝင် အနောက်နိုင်ငံ များက စီးပွား ရေး ဒဏ်ခတ်ပိတ်ဆို့အရေးယူထား သည်။