စစ်ကိုင်းတိုင်း ကလေးမြို့နှင့် လက်ပံချောင်းကျေးရွာအကြား ဒေသခံများမှ ကိုယ်ထူကိုယ်ဆောက်လုပ်မည့် ဆယ်ကြီး တံတား ဆောက် လုပ်ရေးရံပုံငွေ ပျောက်ဆုံးနေသည်ဟု ပြောကြ ...
စစ်ကိုင်းတိုင်း ကလေးမြို့နှင့် လက်ပံချောင်းကျေးရွာအကြား ဒေသခံများမှ ကိုယ်ထူကိုယ်ဆောက်လုပ်မည့် ဆယ်ကြီး တံတား ဆောက် လုပ်ရေးရံပုံငွေ ပျောက်ဆုံးနေသည်ဟု ပြောကြသည်။
အဆိုပါ ရံပုံငွေကို ဆယ်ကြီးကျေးရွာ အုပ်စု ဥက္ကဌနှင့် အဖွဲ့ဝင်များက ဒေသခံပတ်ဝန်းကျင် ကျေးရွာပေါင်း ၁၃ ရွာမှ တအိမ်လျှင် ကျပ်ငွေ ၂၀၀၀ မှ
၃၀၀၀ အကြား ၂၀၀၈ – ၂၀၀၉ ခုနှစ်အတွင်း ကောက်ယူခြင်းဖြစ်ကြောင်း သို့သော် ယင်း ရံပုံ ငွေ များ မည်သူ့လက်ထဲမှာ ရှိသည်ကို ရှင်းရှင်းလင်းလင်း မပြောလိုကြကြောင်း သိရသည်။
” တံတားခင်းဖို့ ဒေသခံတွေထံ ငွေနှစ်ခါလာကောက်တယ်၊ ဒါပေမဲ့ တံတားဆောက်လုပ်ခွင့်ကို အစိုးရက ပိတ်ပင် ထားတယ်၊ တံတား ဆောက်လုပ်ရေး ကြိုတင်ပြင်ဆင်မှုအတွက် ကုန်ကျတဲ့ လက်ကျန်ရှင်းတမ်းတွေကို ရယက တွေက မလုပ်ချင်ဘူး” ဟု လက်ပံ ချောင်း အုပ်စုမှ U Tai lio ကပြောသည်။
စစ်အစိုးရသည် လမ်းတံတားပြုပြင်ဆောက်လုပ်ရေးလုပ်ငန်းကို ပုဂ္ဂလိကကုပ္မဏီများထံ ယခုနှစ် ဆန်းပိုင်းမှ စပြီး လုပ်ပိုင် ခွင့် ပေးထားခြင်းကြောင့် ဒေသခံများသည် ဆယ်ကြီးတံတားဆောက်လုပ်ရေးကိုရပ်ဆိုင်းသွားကြခြင်းဖြစ်သည်။
” ကျတော်တို့ထံကောက်ယူထားတဲ့ရံပုံငွေနဲ့တံတားဆောက်လုပ်ခွင့်မရတော့ ကိုယ့်ငွေကို ပြန်တောင်းချင်တာလေ၊အဲဒါ ရယကတွေက
ဟိုလူလွှဲဒီလူလွှဲလုပ်နေကြတယ်” ဟု ဒေသခံတဦးက ပြောသည်။
ယင်းတံတားဆောက်လုပ်ရန်အတွက် သက်ဆိုင်ရာ တိုင်းမှူးကလည်း ဆယ်သိန်းလှူထားကြောင်းပြောဆိုမှုများလည်း ရှိ သည်။
” တံတားဆောက်လုပ်ဖို့ဆိုပြီး ရယကတွေက ဘိလပ်မြေ ၁၀ အိတ်ဝယ်ထားတာလောက်ပဲသိတယ်၊ ကျန်တာဘာမှ ရှင်းရှင်းလင်း လင်းမသိရတော့ဘူး ” ဟု ကလေးမြို့နယ်မှ ကုန်သည်တဦးက ပြောသည်။
အဆိုပါဒေသသည် စိုက်ပျိုးသီးနှံများ အင်မတန်ထွက်ရှိသည့် ဒေသဖြစ်ပြီး ပေ ၂၀၀ ရှည့်မည်ဆယ်ကြီး တံတားသာ ဆောက် လုပ်နိုင် ပါက မိုးတွင်းကာလတွင် သီးနှံရောင်းဝယ်သူများ၊ ခရီးသွားပြည်သူများ၊ ကုန်သည်များအတွက် အင်မတန် အကျိုးဖြစ် ထွန်းမည် ဟု ပြောကြသည်။
ကလေးခရိုင်အတွင်း လမ်းတံတားလုပ်ငန်းများကို အစိုးရက ကုပ္မဏီသုံးခုကို လုပ်ပိုင်ခွင့်ပေးထားကြောင်း သိရပြီး ကုပ္မဏီ သည် ကုန်ကားတစီးကျပ်ငွေ ၅၀၀၀၊ ဘတ်စ်ကားတစီးကျပ်ငွေ ၂၀၀၀၊ ကားငယ်တစီ ကျပ်ငွေ ၁၀၀၀ အသီးသီး ကောက်ယူ ကြောင်း သိရ သည်။
ကလေးမြို့အခြေစိုက် ကာသိုလိပ်အသင်းတော်တာဝန်ခံဆရာတော်ဦးမန်ထန်းနှင်း နှင့် တာဟန်း မြို့မှ ဝယ်စလီ ဆေးခန်း ပိုင် ရှင်ဆရာ ဝန်ကြီး ဦးထန်ဘိလ်လွယ်တို့က အဆိုပါ တံတားဆောက်လုပ်ပေးရန် သက်ဆိုင်ရာသို့ ၂၀၀၈ ခုနှစ်က တင်ပြတောင်း ဆိုခဲ့ဘူးသည်။