စီအဲန်ပီညီလာခံတွင် သဘာဝဘေးဒါဏ် ကြုံတွေ့နေသည့် ချင်းပြည်သူအရေး ဆွေးနွေးမည်

စီအဲန်ပီညီလာခံတွင် သဘာဝဘေးဒါဏ် ကြုံတွေ့နေသည့် ချင်းပြည်သူအရေး ဆွေးနွေးမည်
by -
ခိုနူမ်းထုန်သတင်း

ချင်းအမျိုးသားပါတီ ညီလာခံကို လာမည့် ဇနန်ဝါရီ ၆ ရက်မှ ၈ ရက်အထိ ချင်းပြည်နယ်မြို့တော်ဟားခါးတွင် ကျင်းပဖြစ်ပြီး ညီလာခံတွင် ၀ါးသုဉ်းမှုနှင့် ဂီရိမုန်တိုင်းဒါဏ်ကြောင့် လူမှုအငတ်ဘေး ဒုက္ခကြုံတွေ့နေသည့် ...

ချင်းအမျိုးသားပါတီ ညီလာခံကို လာမည့် ဇနန်ဝါရီ ၆ ရက်မှ ၈ ရက်အထိ ချင်းပြည်နယ်မြို့တော်ဟားခါးတွင် ကျင်းပဖြစ်ပြီး ညီလာခံတွင် ၀ါးသုဉ်းမှုနှင့် ဂီရိမုန်တိုင်းဒါဏ်ကြောင့် လူမှုအငတ်ဘေး ဒုက္ခကြုံတွေ့နေသည့် ချင်းပြည်သူအရေးကို အလေးအနက်ဆွေးနွေးကြမည် ဟု သတင်းရရှိသည်။

CNP-logo2-150x150”စီအဲန်ပီ လမ်းစဉ်အတိုင်း ချင်းပြည်သူတွေရဲ့ လောလောလတ်လတ် ရင်ဆိုင်နေရတဲ့ လူမှုဒုက္ခ၊ မိမိတို့ရှေ့ မှောက်ရောက်နေတဲ့ အငတ်ဘေး ပြသာနာကို ကိုင်တွယ်ဖြေရှင်းဖို့က ပထမဆုံး အရေးကြီးနေတယ်”  ဟု ပါတီ အထွေထွေ အတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်းက ပြောသည်။

ညီလာခံသို့ ရွေးကောက်ခံကိုယ်စားလှယ်များ၊ ဗဟိုအဆင့် အလုပ်အမှုဆောင်ကော်မီတီဝင်များ၊ မြို့နယ်အဆင့် ဗဟို အလုပ်အမှုဆောင် ကော်မီတီဝင်များ အနည်းဆုံး အင်အား ၄၀ ပါ၀င်တက်ရောက်မည်ဖြစ်သည်။

ညီလာခံတွင် လုပ်ငန်း ဆိုင် ရာ ငွေကြေးကိစ္စ၊ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းပြန်လည်ရှင်းလင်းသုံးသပ်ချက်များ၊ တခြားနိုင်ငံရေး ပါတီများနှင့် အနာဂါတ်ဆက်ဆံရေး၊ လွှတ်တော်တွင်တင်သွင်းမည့် ပြည်နယ်အရေးကိစ္စများ၊ အနာဂါတ်ရှေ့လုပ်ငန်းစဉ်များ စသဖြင့် ဆွေးနွေးကြမည်ဖြစ်သည်ဟု သိရသည်။

ထို့အပြင် ပေါ်လာမည့် အစိုးရသစ်အတွက် သမ္မတ၊ ၀န်ကြီးချုပ် နှင့် ၀န်ကြီးရုံးကိစ္စတွေလည်း အချိန်ရ ယင်ရသ လို ဆွေးနွေးကြမည်ဖြစ်ကြောင်းလည်း ပြောကြသည်။

ပြည်နယ်ဆိုင်ရာ ဥပဒေမူကြမ်းအတွက် (Bills) တော့ ဥပဒေရေးဆွဲရေးကော်မီတီဖွဲ့ပြီး ကျယ် ကျယ်ပြန့်ပြန့် လုပ်သင့် တယ်လို့ အထွေထွေအတွင်းရေးမှူးက ဆက်လက်ပြောပြသည်။

ဒီမိုကရေစီခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်ကလည်း ချင်းပြည်သူများ ကြံုတွေ့နေသည့် အငတ် ဘေး ဒါဏ်  ပ့ံပိုးကူညီရေး လုပ်ဆောင်နေသည်ဟု သိရသည်။