အိန္ဒိယက မြန်မာစစ်အစိုးရကို ယာဉ်နှင့် စက်ပစ္စည်းများ ထပ်မံ ပေးအပ်

အိန္ဒိယက မြန်မာစစ်အစိုးရကို ယာဉ်နှင့် စက်ပစ္စည်းများ ထပ်မံ ပေးအပ်
by -
ခိုနူမ်းထုန်သတင်း

ကမ္ဘာ့ အကြီးဆုံး ဒီမိုကရေစီ နိုင်ငံဖြစ်သည့် အိန္ဒိယ အစိုးရက မြန်မာနအဖ စစ်အစိုးရကို မော်တော်ယာဉ် အပါအဝင် ရူပီးငွေ သိန်း ၂၀ ခန့် တန်ဖိုးရှိသည့် စက်ပစ္စည်းများကို ယမန်နေ့က ပေးအပ်ခဲ့သည်ဟု သိရ ...

ကမ္ဘာ့ အကြီးဆုံး ဒီမိုကရေစီ နိုင်ငံဖြစ်သည့် အိန္ဒိယ အစိုးရက မြန်မာနအဖ စစ်အစိုးရကို မော်တော်ယာဉ် အပါအဝင် ရူပီးငွေ သိန်း ၂၀ ခန့် တန်ဖိုးရှိသည့် စက်ပစ္စည်းများကို ယမန်နေ့က ပေးအပ်ခဲ့သည်ဟု သိရသည်။

အိန္ဒိယနိုင်ငံအရှေ့မြောက်ဘက် မီဇိုရမ်ပြည် နယ်စပ်မြို့ ကျန်ဖိုင်းမြို့တွင် ယခုလ ၁၂ ရက် တနင်္ဂနွေနေ့က အိန္ဒိယ-မြန်မာ နှစ်နိုင်ငံအစိုးရခေါင်းဆောင်များတွေ ့ဆုံခဲ့ကြပြီး မြန်မာစစ်ခေါင်းဆောင်များကို Bolero LX အမျိူးစား လူစီးကားတစ်စီး၊ ဆိုင်ကယ် ၃ စီး၊ ကွန်ပြူတာ ၃ လုံး၊ ၆ ကီလိုဗို့ မီးစက်တလုံး(Diesel generator၊ )၊နှင့် လမ်းလျှောက် စကားပြောစက်  (wireless) ၆ ခုပေးအပ်ခဲ့သည်ဟုသိရသည်။

ယခုကဲ့သို အိန္ဒိယက မြန်မာကို စက်ပိုင်ဆိုင်ရာကူညီပေးအပ်ခြင်းသည် ယခုလအတွင်း ဒုတိယအကြိမ်မြောက်ကူညီ ပေးအပ်ခြင်းဖြစ်သည်။

ယခုလအစောပိုင်း ဒီဇင်ဘာလ ၅ ရက်နေ့ကလည်း အိန္ဒိယနိုင်ငံအရှေ့ မြောက်ဒေသ မဏိပူရပြည်နယ် မိုးရေးမြို့ နှစ်နိုင်ငံစစ်ဘက်ခေါင်းဆောင်များတွေ့ဆုံခဲ့ကြပြီး အိန္ဒိယက မြန်မာကို မြေထိုးကား ၄ စီး၊ မြေညှိစက် ၂ စီး၊ Mahindra Bolero ကားငယ်တစီး၊ ဆိုင်ကယ် ၃ စီး၊ ကွန်ပြူတာ ၃ လုံး၊ ၆ ကီလိုဗို့ မီးစက်တလုံး၊နှင့် လမ်းလျှောက် စကားပြောစက် ၆ ခုအားပေးအပ်ခဲ့ပြီးဖြစ်သည်။

ယခုတကြိမ်နှစ်နိုင်ငံခေါင်းဆောင်များတွေ့ဆုံပွဲအခမ်းအနားကို အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းမြို့ ဒီစီ ခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့ကြပြီး နယ်စပ်လုံခြံု ရေး ကိစ္စများနဲ့ပတ်သက်ပြီး အတူတကွပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးတိုင်ပင်ခဲ့ကြသည်ဟုသိရသည်။

ဆွေးနွေးချက်များတွင် နှစ်ဖက်ဆက်သွယ်ရေးလွယ်ကူစေရန် မီဇိုးဘာသာစကားကို၄င်းတို့ အကြားအသုံးပြုသွားကြရန်နှင့် မြန်မာဘက်မှစစ်ဘက်ဆိုင်ရာကိုယ်စားလှယ်များကို ကျန်ဖိုင်းမြို့သို့ စေလွတ်ပြီးမီဇိုးဘာသာစကား  သင်ကြားပို့ ချပေး ရန်စီစဉ်ခဲ့ကြ သည်ဟုမီဇိုရမ်နေ့စဉ်ထုတ် The Zozam Times သတင်းစာတွင်ဖော်ပြထားသည်။

ထို့အပြင် အမှတ် (၂)နယ်စပ်ကုန်သွယ်ရေးမှတဆင့် တရားမဝင်မှောင်ခိုလုပ်ငန်းများတိုက်ဖျက်ရေး၊ သတင်းများအပြန် အလှန်ဖလှယ်ရေး နှင့်ထောက်လှမ်းရေးလုပ်ငန်းမျ ားပိုမိုမြင့်တင်ရေးတို့အတွက် အဓိကတိုင်ပင်ဆွေးနွေးခဲ့ကြသည်ဟုအဆို ပါသတင်းစာတွင်ဆက်လက်ဖော်ပြထားသည်။

ယင်းကိစ္စနှင့် ပါတ်သက်ပြီး အိန္ဒိယ – မြန်မာနယ်စပ်အခြေစိုက်ချင်းအမျိုးသားတပ်ဦးမှ ပြောရေးဆိုခွင့်ရှိသူတဦးက ”  နယ် စပ်လုံခြုံရေးဆိုတာက လုပ်သင့်တဲ့ဟာပါ၊ လုပ်နည်းလုပ်ဟန်က အရေးကြီးပါတယ်” ဟုပြောသည်။

ယခုတွေ့ဆုံဆွေးနွေးပွဲတွင် အိန္ဒိယအစိုးရကိုယ်စားလှယ်များအဖြစ် Ministry of Hoe Affairs Jt Secretary 3, S Singh, RR Jha , Manoj Yadav , Mizoram Home Secretary Lalmalsawma, Ministry of Home Affairs Director HN Mishra, Ministry of External Affairs Under Secretary Anju Tajan, Assam Rifles DIG Col Pramod Roy, Champhai DC Vijay Kumar Bidhuri, SP C Lalthanmawia တို့ပါ၀င်ပြီး မြန်မာစစ်အစိုးရက ကိုယ်စားလှယ်များအဖြစ် Chin State Commander U Nay Win , Chin State Police Director Lt Col Kyaw Win Thein, Falam DC U Khin Win, SP Maj Thint Lwin တို့ပါ၀င်တက်ရောက်ကြသည်ဟုသိရသည်။

တွေ့ဆုံပွဲကို သုံးလ တကြိမ်ပြုလုပ်ရန်နှင့် လာမည့် ၂၀၁၁ ခုနှစ် ဧပြီလပထမအပတ်တွင် နှစ်နိုင်ငံကိုယ်စားလှယ်များပြန်လည်တွေ့ဆုံဆွေးနွေးကြ မည်ဖြစ်သည်။