အခွန် မတရား ကောက်ခံခြင်းကြောင့် လောင်စာဆီစျေးကို တိုးမြှင့် ရောင်းချနေရ

အခွန် မတရား ကောက်ခံခြင်းကြောင့် လောင်စာဆီစျေးကို တိုးမြှင့် ရောင်းချနေရ
by -
ခိုနုမ်းထုန်သတင်း

မြန်မာနိုင်ငံ ချင်းပြည်နယ်တွင် လောင်စာဆီ ရောင်းချနေသူများထံ သက်ဆိုင်ရာ မြို့နယ်စည်ပင် သာယာရေးဌါနက အခွန်မတရား ကောက်ခံခြင်းကြောင့် ...

မြန်မာနိုင်ငံ ချင်းပြည်နယ်တွင် လောင်စာဆီ ရောင်းချနေသူများထံ သက်ဆိုင်ရာ မြို့နယ်စည်ပင် သာယာရေးဌါနက အခွန်မတရား ကောက်ခံခြင်းကြောင့် လောင်စာဆီများကို စျေးနှှုန်းတိုးမြှင့်ပြီး ရောင်းချနေရသည်ဟု လောင်စာဆီ အရောင်းပိုင်ရှင်များက ပြောသည်။

ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းမြို ့တွင် ဓါတ်ဆီ အရောင်းဆိုင်များထံ တနှစ်အတွက် စည်ပင်သာယာ ရေး က ကျပ်ငွေ နှစ်သောင်း(၂၀၀၀၀) ကောက်ခံနေပြီး ယင်းသို့ ကောက်ခံနေခြင်းကြောင့် ဓာတ်ဆီ အရောင်းဆိုင်များကလည်း စျေးမြှင့်ပြီး ရောင်းချနေကြရခြင်း ဖြစ်ကြောင်း ဖလမ်းမြို့မှ အမည်မဖော်လိုတဲ့ ဓာတ်ဆီ အရောင်းဆိုင် ပိုင်ရှင်တဦးက ပြောသည်။

“ကျတော်တို ့ ဓါတ်ဆီ တစ်ပီပါကို တစ်သိန်းရှစ် သောင်းနဲ ့ ကလေး(ဒါမှမဟုတ်) ဟားခါးမြို ့တွေကနေ ၀ယ်ယူ ကြ တယ် သယ်ယူ ခက တစ်သောင်းပေးတယ်၊ အခွန်မကောက်ဘူးဆိုရင် ကျတော်တို ့နည်းနည်း လျှော့ရောင်းလို ့ရတာ ပေါ့၊ အခွန်နဲ ့ဆိုရင် တစ်ဂါလံကို ၄၃၀၀ ကျပ်နဲ ့ရောင်းမှ ကျနော်တို့အတွက်ကိုက်တော့တာ” ဟု ပြောသည်။

မြို့နယ်စည်ပင်သာယာရေးဌါနမှ လက်ရှိကောက်ခံနေသည့် လောင်စာဆီအခွန်စျေးနှုန်းကို လျော့ချပေးပါက ဓာတ်ဆီအ ရောင်းဆိုင်များအနေဖြင့်လည်း ဓာတ်ဆီကို အနည်းအကျဉ်းလျော့ပြီးရောင်းချနိုင်မည်ဖြစ်ကြောင်း၊ ထို့နောက် သုံးစွဲသူ ပြည်သူများအတွက်လည်း ပိုသက်သာမည်ဖြစ်ကြောင်းသူကဆက်ပြောသည်။

စစ်အစိုးရက ယခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့မှစ၍ လောင်စာဆီ ဖြန့်ဖြူးရောင်းချရေးကို ပုဂ္ဂလိကသို့ ပြောင်းလဲ လုပ်ပိုင်ခွင့်ပြု ခဲ့သည်။ ထို သို ့ခွင့်ပြုသည်နှင့် အညီ စစ်အစိုးရက တဂါလန်လျှင် ကျပ်ငွေ ၂၃၅၀ နှုန်းဖြင့် ပုဂ္ဂလိက စက်သုံးဆီ အရောင်း ဆိုင်များသို့ ချပေးပြီး စျေးနှုန်းကို ၂၅၀၀ ကျပ် ထက်မပိုဘဲ ပြန်လည်ရောင်းချပေး ရမည်ဟု ကန့်သတ် ထားသည်။

သို ့သော် လက်ရှိ မန္တလေးမြို့ ပြင်ပလောင်စာဆီစျေးကွက်တွင် ဓာတ်ဆီတဂါလန်လျှင် ၃၂၀၀ ကျပ် စျေးပေါက်လျက်ရှိပြီး ချင်းပြည်နယ်မြောက်ပိုင်းတွင် ကျပ်ငွေ ၄၃၀၀နှင့် ချင်းပြည်ေ တာင်ပိုင်း မတူပီမြို ့တွင် ကျပ်ငွေ ၆၀၀၀ အထိ ရောင်းချ လျက်ရှိကြောင်း သိရသည်။

မတူပီမြို ့ဒေသခံတဦးက “ဒီအစိုးရကတော့ လက်တွေ ့မကျတာတွေ လိုက်လုပ်နေတာပါ။ စျေးနှုန်းက ဘယ်လောက်ဘဲ ကန် ့သတ်ကန် ့သတ် ကုန်တင်ခ၊ အခွန်တို ့လည်းရှိသေ းတယ်ဆိုတော့ ၆၀၀၀ ကျပ်နဲ ့ မရောင်းရင် မဖြစ်နိုင်တဲ့ အခြေ အနေဘဲ၊ ဒါအပြင်ဓါတ်ဆီဆိုင်တွေ ဘက်ကကြည့်ရင် မှန်တာပေါ့” ဟုဆို သည်။

မြန်မာနိုင်ငံတွင် လမ်းပန်းဆက်သွယ်ရေးအခက်ခဲဆုံးဖြစ်သည့် ချင်းပြည်နယ်တွင် အခြားဒေသနှင့်မတူဘဲ လောင်စာဆီ စျေးနှုန်း နှစ်ဆနီးပါးတက်လာသည်နှင့်အညီ ကုန်ပစ္စည်း စျေးနှုန်းများလည်း အဆမတန် တက်လာ သည်ကိုတွေ ့ရသည်။

စစ်အစိုးရက လောင်စာဆီ ဖြန့်ဖြူးရေးကို ဦးတေဇ (ထူး ထရေးဒင်း)၊ ဦးဇော်ဇော် (မက်စ်မြန်မာ ကုမ္ပဏီ)၊ ဦးကျော်ဝင်း (ရွှေသံလွင် ထရေးဒင်း)၊ ဦးဌေး မြင့် (ယုဇန ကုမ္ပဏီ)၊ အဏ္ဏဝါလွှမ်း ကုမ္ပဏီ၊ နီလာရိုးမ ကုမ္ပဏီ၊ Fisheries & Marine Product 2000 Limited၊ ဦးနေအောင်၊ ဦးအောင်သက်မန်း (ဧရာေ ရွှဝါ)၊ ဂရင်းအေးရှား၊ ဦးခင်မောင်အေး (ကေတုမတီ)၊ ဦးခင်ရွှေ (ဇေကမ္ဘာကုမ္ပဏီ)၊ မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်၊ ဦးဝင်းအောင် (ဒဂုံ အင်တာေ နရှင်နယ်)၊ ကောင်းဇော်ဟိန်း ကုမ္ပဏီ၊ မြန်မာ နိုင်ဂရု (ပ်)၊ ဦးချစ်ခိုင် (ဧဒင်)၊ မြတ်မေတ္တာမွန် စသည့် ကုမ္ပဏီကြီးများအား ပေးထားပြီး ၄င်းတို ့မှ လက်ဝါးကြီး အုပ်ထားသည်။