ယူအက်စ်ဒီပီ ကိုယ်စားလှယ်များအား ဗဟိုမှ အစီရင်ခံစာ တောင်းဆို

ယူအက်စ်ဒီပီ ကိုယ်စားလှယ်များအား ဗဟိုမှ အစီရင်ခံစာ တောင်းဆို
by -
ခိုနူမ်းထုန်သတင်း

နို၀င်ဘာ ရ ရက်နေ့ ရွေးကောက်ပွဲတွင် ရှူံးနိမ့်သွားသည့် ချင်းပြည်နယ်မှ ယူအက်စ်ဒီပီ ကိုယ်စားလှယ်များအား ၄င်းတို့
ရှူံးနိမ့်ရခြင်း အကြောင်းရင်းကို သက်ဆိုင်ရာ ပါတီ ဗဟိုဌာနချုပ်မှ နို၀င်ဘာလ နောက်ဆုံးပတ် ...

နို၀င်ဘာ ရ ရက်နေ့ ရွေးကောက်ပွဲတွင် ရှူံးနိမ့်သွားသည့် ချင်းပြည်နယ်မှ ယူအက်စ်ဒီပီ ကိုယ်စားလှယ်များအား ၄င်းတို့
ရှူံးနိမ့်ရခြင်း အကြောင်းရင်းကို သက်ဆိုင်ရာ ပါတီ ဗဟိုဌာနချုပ်မှ နို၀င်ဘာလ နောက်ဆုံးပတ်အတွင်း အစီရင်ခံခိုင်းကြောင်း သိရသည်။

ယင်းကိစ္စနှင့် ပါတ်သက်ပြီး ဖလမ်းမြို့နယ် ယူအက်စ်ဒီပီပါတီခေါင်းဆောင်များသည် ၄င်းတို့ပါတီရုံးတွင် ယခုလ နောက် ဆုံးပါတ်က အစည်းအဝေး ကျင်းပခဲ့ကြသည်ဟု ၄င်းတို့ ပါတီဝင်တဦးက ပြောသည်။

“ရွေးကောက်ပွဲဝင်တဲ့ ကိုယ်စားလှယ်တွေ၊ ဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင်တွေ တက်ရောက်ကြတယ်၊ မြို့နယ် ဥက္ကဌ ဦး ငွန်လာလ်းက ဦးဆောင်တယ်” ဟု အဆိုပါ ပါတီဝင်က ပြောသည်။

ရွေးကောက်ပွဲရှူံးနိမ့်ရခြင်းနှင့် ပါတ်သက်ပြီး မည်သို့အစီရင်ခံမည်ကို တိတိကျကျ မသိရသော်လည်း ကိုယ်စား လှယ် လောင်း ၀င်ကြေးကို ဗဟိုမှ
ကျခံပေးခြင်းနှင့်  ပါတ်သက်နိုင်သည်ဟု ပြောကြသည်။

“အစီရင်ခံစာနှင့် ပါတ်သက်ပြီး ဦးနှောက်ခြောက်နေကြတယ်၊ ကိုယ်စားလှယ်လောင်းဝင်ကြေး ၅ သိန်း ကို ဗဟိုမှ ကျခံ ပေးထား တာတွေ
ရှိသေးတော့့  ပိုပြီး စိတ်ရှူတ်နေကြတယ်” ဟု ဖလမ်းမြို့ပေါ် လူကြီး တဦးက ပြောသည်။

ယူအက်စ်ဒီပီ ကိုယ်စားလှယ်လောင်းများသည် ဖလမ်းမြို့နယ် မဲဆန္ဒနယ် ရှိ လွှတ်တော်သုံးရပ်စလုံးတွင် ၀င်ရောက် ယှဉ် ပြိုင် ခဲ့ကြသော်လည်း
ကိုယ်စားလှယ်တဦးမျှ အနိုင်ရရှိခြင်းမရှိပဲ ချင်းတိုးတက်ရေးပါတီက အပြတ်အသတ် နိုင်သွား သည်။ ဟားခါးနှင့် ထန်တလန်မြို့နယ်များတွင်လည်း
ချင်းအမျိုးသားပါတီက ကိုယ်စားလှယ်နေရာအားလုံးတွင် အနိုင်ရ ရှိ သွား သည်။

“ယူအက်စ်ဒီပီပါတီက လိုလေသေးမရှိအောင် ပြင်ဆင်ပြီးမှ ရွေးကောက်ပွဲဝင်တာဆိုတော့ သူတို့ရှူံးနိမ့် သွားတာ အတော် အ့ံသြကြတယ်” ဟု
ဟားခါးမြို့ပေါ်မှ ကုန်သည်တဦးက ပြောသည်။

အလားတူ ချင်းပြည်နယ်တခြားမြို့နယ်ရှိ ရှူံးနိမ့်သွားသည့် ယူအက်စ်ဒီပီပါတီကိုယ်စားလှယ်များကို ပါတီဗဟိုဌာနချုပ်မှ အစီရင်ခံစာ
တင်သွင်းခိုင်းကြောင်း သိရသည်။

ချင်းပြည်နယ် လွှတ်တော်သုံးရပ်စလုံးအတွက် မဲဆန္ဒနယ်မြေပေါင်း ၃၉ နေရာရှိသည့်အနက် ချင်းအမျိုးသားပါတီက ( ၉ ) နေရာ ၊ ချင်းတိုးတက်ရေးပါတီက ( ၁၁ ) နေရာ ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ( ၁၈ )နေရာ နှင့် တိုင်း ရင်း သား လူမျိုးများဖွံ့ဖြိုးရေးပါတီက ( ၁ ) နေရာ အသီးသီး ရရှိကြသည်။